လက်မှုအနုပညာ အချောထည်များ တိုးမြှင့်တင်ပို့ခြင်းဖြင့် ပို့ကုန်တိုးမြှင့်ခြင်းကို အထောက်အကူပြုမည်

Mon, 08/22/2016 - 09:17 -- admin_ygn

       မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကျင်ကျေးရွာထွက် စကျင်ကျောက်များမှ လက်မှုအနုပညာ ပစ္စည်းများဖြစ်အောင် ကျောက်ဆစ်ထုလုပ်ပြီး ဗုဒ္ဓဆင်းတုတော်၊ ဦးတီပွားပုံ၊ တီဆံ (တရုတ်ဘုန်းတော်ကြီး) ပုံ၊ ကွမ်ရင်မယ်တော် ပုံနှင့်ဆင်၊ ကျားစသည်ဖြင့် တိရစ္ဆာန်ပုံများ (အမှာရှိသောပုံများ)ကို ထုတ်လုပ်ပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၏ ထောက်ခံချက်၊ ရှေးဟောင်းပစ္စည်းမဟုတ်ကြောင်း၊ ရှေးဟောင်း သုေ တသနနှင့်အမျုးိသားပြတကို ဉ် းီ စးီ ဌာန ထောကခ် ံ ချကတ့်ို ဖြင့ ်စကျင်ကျောက်တုံး တစ်ကီလိုဂရမ် သုည ဒသမ ၆၀ ဒေါ်လာနှင့် စကျင်ဆင်းတု တစ်ကီလိုဂရမ် သုည ဒသမ ၈၀ ဒေါ်လာနှုန်းဖြင့် ပို့ကုန် လိုင်စင် လျှောက်ထား ပြီး မူဆယ် ( ၁၀၅ ) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့လျက်ရှိပါသည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၂၇ သန်းတန်ဖိုးရှိ စကျင် ကျောက်တုံးနှင့် စကျင်ဆင်းတု လက်မှုပစ္စည်း များ က ၂၉၁၅ ဒသမ ၁၆ တန်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လအထိ အမေရိကန် ဒေါ်လာ သုည ဒသမ ၆၇၁ သန်းတန်ဖိုးရှိ စကျင်ကျောက်တုံးနှင့် စကျင်ဆင်းတု ၉၁၉ ဒသမ ၉၇၆တန်တင်ပို့ထားပြီး ဖြစ်ပါ သည်။
         စကျင်ကျေးရွာတွင် စကျင်ကျောက်တောင်( ကိုးခု - ၁၀ ခု) ခန့်ရှိပြီး ၎င်းကျောက်တောင်များမှစကျင်ကျောက်များအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနတွင်မှတ်ပုံတင်ပြီး လုပ်ကွက် ရရှိ ထားေ သာသူများ(အစိုးရ လုပ်ကွက်၊ နိုင်ငံခြားကုမ္ပဏီနှင့် ဖက်စပ်လုပ်ကွက်၊ မြန်မာ့ စီးပွားရေး ဦးပိုင် လုပ်ကွက်၊ ပြည်တွင်းလုပ်ငန်းရှင်များ လုပ်ကွက်၊ စကျင်ရွာသားများ လုပ်ကွက်) မှ ခွင့်ပြုထားသည့် လုပ်ကွက်အတွင်းရှိ ကျောက်တုံး များကို ထုတ်လုပ်ပြီးကျောက်ဆစ်ထုလုပ်ငန်း လုပ်ကိုင်သူများကိုရောင်းချ၍ လည်းကောင်း၊ လုပ်ကွက်ရှိသူများကိုယ်တိုင် ကျောက်ဆစ်ထုလုပ်ငန်း လုပ်ကိုင်ကြပြီးကုန်ချောများကို ရောင်းချကြကြောင်းသိရသည်။ စကျင်ကျောက်ေ တာင်များ မှ ကျောက်သားသုံးမျိုးထွက်ရှိရာ ကျောက်သားအညံ့၊ ကျောက်သားအလတ်၊ ကျောက်အရည်သားတို့ ဖြစ်ပြီး အရောင်မှာ အဖြူရောင်၊ အစိမ်းရောင်၊ အပြာရောင်တို့ထွက်ရှိကြောင်း ကျောက်ဆစ် ထုလုပ်သူတို့၏ပြောပြ ချက်အရ သိရှိရပါသည်။စကျင်ကျေးရွာရှိ ကျောက်ဆစ်ထုလုပ်ငန်းတွင် အသုံးပြုသော ကျောက်သားများမှာအညံ့သားနှင့် အလတ်သားတို့ကို အသုံးပြုမှုများကြောင်း၊ အညံ့သားနှင့် အလတ်သားတို့တွင်သာအရွယ်အစား ကြီးမားေ သာ ကျောက်တုံးများရ ကြောင်း၊ အရည်သား ကျောက်တုံးမှာ အရွယ်အစား မကြီးမားဘဲ အကြီးဆုံးတစ်မီတာခွဲ ဆိုဒ်သာရှိ၍ ကျောက်ဆစ်ထုလုပ်ငန်းတွင် အသုံးပြုမှု နည်းပါးကြောင်းနှင့် အရောင်အနေဖြင့် ကိုးကွယ်မှုပိုင်းတွင် အသုံးများသော အဖြူရောင်ကိုသာ အသုံးပြုထုလုပ်ပြီး အစိမ်းရောင်နှင့် အပြာရောင်များကို အော်ဒါမှာမှသာ ထုလုပ်ပေးကြောင်း၊ စကျင်ကျောက်၏ သဘာ၀ တရားမှာ အရောင်စပ်ကျောကလ် ာွှ များပါရြှိပးီ ၎င်း အရောင်စပ် ေ ကျာ က် လွှာများကို မိမိထုလုပ်မည့် အရောင်သို့ ရောက်အောင် ဆေးစပ်ပြီး ရေးခြယ်ရကြောင်းနှင့် စကျင် ကျောက်တွင် ထုံးဓါတ်များ ပါရှိခြင်းကြောင့် စကျင်ကျောက် တောင်များ၌ ကျောက်လွှာများ ထပ်မံပွားများကြောင်း သိရှိရပါသည်။
ကျောက်ဆစ်ထုလုပ်ငန်းတွင် ကိုးကွယ်မှုပိုင်းအတွက် မြတစ် ာွ ဘရု ားပအုံ ား စကျငေ်ကျာက် အဖြူရောင်ဖြင့် ထုလုပ်ပြီး မိမိတို့ ပြည်တွင်း၌ ကိုးကွယ်ကြရန်အတွက် ရောင်းဝယ်ဖောက်ကားခြင်း နှင့် တရုတ်ပြည်တွင် ကိုးကွယ်ရန် အတွက် ပို့ဆောင်ခြင်း၊ ကွမ်ရင်မယ်တော်၊ ဦးတီပွား၊ တရုတ်ဘုန်းတော်ကြီး ပုံများကို တရုတ်ပြည်တွင် ကိုးကွယ်ရန်အတွက် တင်ပို့ကြကြောင်းနှင့် တရုတ်ပြည် ဈေးကွက်တွင် ရောင်းချရန်အတွက် နိုင်ငံခြား ခရီးသွားများအ ကြိုက် တိရစ္ဆာန်မျိုးစုံ၏ ရုပ်ထုများကိုလည်း အော်ဒါမှာကြကြောင်း၊ စကျင်ရွာနေ ပြည်သူများ မိရိုးဖလာ ကျောက်ဆစ် ထုလုပ်ခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ် ကြပြီး ထုလုပ်ရာတွင် ခန္ဓာကိုယ်ပိုင်း၊ မျက်နှာတော်ပိုင်း ထု လုပ်ပြီး ၊ အချောကိုင်ခြင်း၊ ပန်းချီပညာဖြင့် ပုံဖော်ခြင်း လုပ်ငန်းကို လုပ်ကိုင်ကြရကြောင်း၊ကျောက်ဆစ်ထုလုပ်သားများ လုပ်အားခတစ်နေ့ ကျပ် ၅၀၀၀ မှကျပ် ၁၀၀၀၀ အထိရရှိကြောင်း၊ထုလုပ်သည့် လက်ရာပေါ်မူတည်ပြီး လက် ရာကောင်း၊ လက်ရာလှပါက ဈေးကောင်းရရှိကြောင်း၊ပြည်တွင်းဈေးအနေဖြင့် ကျောက်သား အညံ့ဖြင့် ထုသော မြတ်စွာဘုရားပုံတော်များအား လေးဘက်ချ ( အချောမကိုင်ရ၊ မျက်နှာတော်မဖွင့်ရသေး) အမြင့် ၁ မီတာ ( ၃ ေ ပ ၃ လက်မ ) တစ်ဆူလျှင် ကျပ် ၁၅၀၀၀ မှကျပ် ၂၀၀၀၀ ကျပ်အထိရှိပြီးတစ်ဖက် နိုင်ငံတွင် ကျပ် ၅၀၀၀၀ မှကျပ် ၈၀၀၀၀အထိ ရရှိကြောင်း ကျောက်သားအလတ်ဖြင့် ထုသော မြတ်စွာ ဘုရားပုံတော် အမြင့် ၁ မီတာ (၃ပေ ၃ လက်မ) တစ်ဆူလျှင် မိမိဘက်၌ ကျပ် ၃၀၀၀၀ မှ ကျပ် ၄၀၀၀၀ အထိရှိပြီး တစ်ဖက်နိုင်ငံတွင်ကျပ် ၁၂၀၀၀၀မှ ကျပ် ၁၅၀၀၀၀ အထိ ရရှိကြောင်း၊ အရည်သားဖြင့် ထုလုပ်သော ပုံတော်မှာ တစ်ဖက်နိုင်ငံတွင်ကျပ် ၂၀၀၀၀၀ အထိ ရရှိကြော င်း သိရှိရပါသည်။
        စကျင်ရုပ်ထုများအား စကျင်ကျေးရွာမှစတင် တင်ဆောင်ပြီး တစ်ဖက်တရုတ်နိုင်ငံသို့တင်ပို့ပါက ကားခ တစ်တန်လျှင်ကျပ် ၈၀၀၀၀ ပေးဆောင်ရပြီး စကျင်ရွာမှ မူဆယ် ( ၁၀၅ ) မိုင်ကုန်သွယ်ရေးဇုန်ထိ သယ်ဆောင်ရာတွင် ငါးရက် မှ ခုနစ်ရက်ခန့် ကြာမြင့်ကြောင်းနှင့် တရုတ်နိုင်ငံရှိအရောင်းဆိုင်များသို့ ရောက်ရှိပါက ရုပ်ထုများ အား အချောကိုင်ခြင်း၊ မျက်နှာတော်ဖွင့်ခြင်း၊လက်ရာပြင်ခြင်းများနှင့် လိုအပ်သော ဆေးခြယ် ခြင်းများ ပြုလုပ်ကြကြောင်း၊ ထိုကဲ့သို့ ပြုလုပ်ပေးရသူများမှာ မိမိနိုင်ငံရှိ စကျင်ကျေးရွာမှ လက်မှု ပညာရှင်များကသာ ပြုလုပ်ပေးကြကြောင်း၊တရုတ်နိုင်ငံ အရောင်းဆိုင်များမှတစ်ဆင့် တိဘက် ကုန်သည်များကပါ လာရောက်ဝယ်ယူကြကြောင်း၊တိဘက် ကုန် သည် များသည် ဓာတ်ပုံပြပြီးအော်ဒါမှာ ဝယ်ယူကြောင်း သိရှိရပါသည်။ မမိ နိ ငို င် ထံ ကွ ်လကမ် အှု နပု ညာ ပစည္စ ်း များထဲတွင် သစ်သားပန်းပုရုပ်စုံများလည်း ပါဝင်ပြီးမန္တလေးတိုင်း ဒေသကြီး အမရပူရမြို့နယ်တွင်
ထုလုပ်ကြေ ကြာင်း ၊ ကုက္ကိုလ်သားဖြင့် အဓိကထုလုပ်ကြကြောင်း၊ ကုက္ကိုလ်သား ပင်စည်နှင့် မြစ်ဆုံများဖြင့် တိရစ္ဆာန်မျိုးစုံပုံ ( ဆင်၊ ဒေါင်း၊ ကျား)ထုလုပ်ပြီး အရုပ် တစ်ရုပ်အား တစ်ပတ်ကြာ ထုလုပ်ရကြောင်းနှင့် အရုပ်များအား တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ဝါဖုန်းအရောင်း ခန်းမသို့ တင်ပို့ရ ကြောင်း၊ တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် အကြမ်းထည်များ တင်ပို့ပြီး တရုတ်နိုင်ငံတွင် အချောကိုင် ခြင်း၊ ဆေးပေါင်းခြင်းများ ၊ ပြန်လည် လုပ်ကိုင်ရကြောင်း၊ ပန်းပုရုပ် များမှာ သုံးလက်မမှ လက်မ ၁၀၀ အတွင်းရှိသော်လည်း ရှစ်လက်မမှ လက်မ ၂၀ အတွင်းသာ အရောင်းအဝယ်များပြီး လက်ခအနေဖြင့် လက်မ ၂၀ လျှင် ကျပ် ၇၀၀၀၊ ရှစ် လက်မလျှင် ကျပ် ၈၀၀ ကျပ် ရရှိကြောင်း ပန်းပုရုပ်များ အား တစ်ဖက်နိုင်ငံသို့ တင်ပို့ရာတွင် ကားတစ်စီးလျှင် သယ်ဆောင်ခ ကျပ်တစ်ဆယ် သိန်းပေးရပြီး တင်ပို့သည့် ပန်းပုရုပ်မှာ အကြမ်း ထည်ဖြစ်၍ တရုတ်ပြည်ရောက်မှ စက်ချော၊ လက်ချော၊ ချက်ထိုး ပြုလုပ်ကာခံဆေး ( အင်တွဲ၊
ဓါတ်ဆီ ) သုတ်လိမ်းပြီးမှ ဆိုင်တင် ရောင်းချကြ ကြောင်း၊ တရုတ်ပြည်တွင် ဆင်ရုပ်အား ရတနာပစ္စည်းအဖြစ် စားပွဲများတွင် အလှတင်ခြင်း၊ ဟတို ယမ် ျားတငွ ်အလဆှ င ်တနဖ် းိုထားကြကြောင်း သိရှိရပါသည်။
         သစ်သားပန်းပုရုပ်ထုများအား တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် ရှေးဟောင်းပစ္စည်း မဟုတ်ကြောင်း၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ထောက်ခံချက်ဖြင့် ပို့ကုန် လိုင်စင်ဈေး တစ်ကီလိုလျှင်သုညဒသမ ၃၃၅ ဒေါ်လာဖြင့် ငွေတောင်၊ ငွေကမ္ဘာ၊ ရွှေမန်း၊ ရတနာပုံ ကုမ္ပဏီများမှ မိရိုးဖလာလုပ်ငန်းအဖြစ် ပန်းပုရုပ်ထုများ ပြုလုပ်ပြီးတင်ပို့ကြကြောင်း၊ မန္တလေး- အမရပူရမြို့တွင်လည်း ပြခန်းဖွင့်လှစ်ပြီး ရောင်းချကြကြောင်းနှင့် တစ်ဖက် တရုတ်နိုင်ငံ ၊ ရွှေလီမြို့ ဝါဖုန်း အရောင်းပြခန်းတွင် ဆိုင်ခန်း ငှားရမ်းပြီး ကိုယ်တိုင် ရောင်းချကြောင်း၊ မိမိတို့ မြန်မာ နိုင်ငံသား အလုပ်သမားများကပင် အချောကိုင်၊ စက်ချော၊ လက်ချော၊ချက်ထိုး ပြုလုပ်ပေးကြောင်းနှင့် ဝါဖုန်း အရောင်းပြခန်းတွင် လက်လီ၊ လက်ကား ရောင်းချပေးနေကြောင်း လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရပါသည်။ မိမိနိုင်ငံထွက် ပစ္စည်းများဖြစ်သည့် စကျင် ကျောက်တုံးများ တင်ပို့ရေးမှစကျင်ဆင်းတု ရုပ်တုများတင်ပို့ရေး၊ ကုက္ကိုလ်သားမှသည် ပန်းပုရုပ်တု များဖြစ်အောင် ထုလုပ်ပြီး တင်ပို့ခြင်းသည် ကုန်ကြမ်းများမှ အရည်အသွေး ကောင်း တန်ဖိုးမြှင့် ထုတ်လုပ်ခြင်း၊ ဠေူကန ဗိနိ ဏမသိကခအ အဖြစ် ပြုပြင်၍ တငပ် ြ့ိုခင်း ဖြင့် နငို င် ေံ တာ ် ဝငေ် ငပွ မို ရို ရေှိ စခြင်း နငှ့် ဝနေ် ဆာငမ် လှု ပု င် န်းအဖြစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း ( ွှသကမငျာ ) များ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာ သည့်အတွက် နိုင်ငံခြားသားများအကြိုက် လက်မှုအနုပညာပစ္စည်း များ ရောင်းအားကောင်း လာမည်ဖြစ်ပြီး ပို့ကုန်တိုးမြှင့်ခြင်းကို အထောက်အကူပြုမည်ဖြစ်ကြောင်း မြင်တွေ့နေရပါသည်။
           သို့ရာတွင် မူဆယ်နှင့် တစ်ဆက်တည်း ရှိသည့် တစ်ဖက်နိုင်ငံ၊ ကျယ်ဂေါင် အထူးစီးပွားရေးဇုန်တွင် မိမိနိုင်ငံမှ ပို့လိုက်သည့် ကုန်ကြမ်းပစ္စည်းများကို ကုန်ချောပြုလုပ်ခွင့်ပေးခြင်း၊ ဇုန်အတွင်းမှာ လွတ်လပ်စွာ ရောင်း ချခြင်း၊ကုန်ချောထုတ်လုပ်ခြင်း၊ အရောင်း ဃနညအနမ များ၊ ှ့သတ ျွသသာ များ ဆောင် ရွက်ခွင့်ပေးခြင်း၊ မြို့ပြတစ်ခုကဲ့သို့ တည်ဆောက်ခွင့်ပေးခြင်းကြောင့် မိမိနိုင်ငံအား အခြေပြု၍ အရှိန်အဟုန်မြင့်ဖွံ့ဖြိုးနေကြောင်း တွေ့ရ ပါသည်။ မိမိနိုင်ငံမှ ကုန်ကြမ်းပစ္စည်း၊ ကုန်ချောပစ္စည်းများကို တရားဝင်၊တရားမဝင်ရယူ၍ မိမိနိုင်ငံမှ ကျွမ်းကျင်လုပ်သားများကို အသုံးပြုကာ တစ်ဖက်နိုင်ငံကျယ်ဂေါင်တွင် ဈေးကွက်ဖြစ်နေမှုသည် မိမိနိုင်ငံ၏ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ သက်ဆိုင်ရာဌာန၏ခွင့်ပြုချက်ဖြင့် စကျင် ကျောက်တုံးများ၊ ပန်းပု ထုတ်လုပ်သည့် ကုန်ကြမ်းများ ဂိုထောင်ချသယ်ခွင့် ပေးခြင်း၊ ကုန်ချော ဆောင်ရွက်မည့် လက်မှုလုပ်ငန်းများ ခွင့်ပြုပေးခြင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှာပင် ှ့သတ ျွသသာ များ ဖွင့်လှစ်ပေးပါက မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် လုပ်ဆောင်ရခြင်း၏ ရည်ရွယ်ချက် တွင်ပါသည့် ဇုန်စည်ကား ဖွံ့ဖြိုးတိုးတက်စေရေး၊ ဈေးကွက်ဖြစ်ပေါ်စေရေး အတကွ ် အထောက အ် ကြူပုမည ် ဖြစသ် ကသဲ့ို မမိ နိ ငို င် ၏ံ ကျွမ်း ကျငလ် ပု သ် ား များ ဆုံးရှုံးမှု လျော့နည်းစေကာ နိုင်ငံအတွင်းမှာပင် အလုပ်အကိုင်အခွင့်လမ်း ရှာဖွေပေးရာ ရောက်သကဲ့သို့ မူဆယ်ဒေသသို့ လာရောက်သည့် တစ်ဖက် တရုတ် ခရီးသွားများသည် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ ဈေးကွက်ကြီး တစ်ခုအဖြစ် မဖြစ်မနေဖြစ်ပေါ်လာစေမည့် ဈေးကွက်နေရာတစ်ခု ဖြစ်လာ မည့်အပြင် မိမိနိုင်ငံထုတ်ကုန်ကို ကြိုက်ဈေးဖြင့် ပြည်ပသို့ တင်ပို့ ရောင်းချနိုင် ရေး တန်ဖိုးမြှင့် ပို့ကုန်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေပါ ပိုမိုရရှိခြင်း အကျိုး ကျေးဇူးများစွာ ရရှိလာနိုင်မည်ဖြစ်ပါသည်။
          ထေ့ို ကြာင့်မဆူ ယ(် ၁၀၅)မငို ်ကနု သ် ယွ ေ် ရးဇနု အ် ား အထးူ စးီ ပာွ းရေးဇနု ် တစ်ခုကဲ့သို့ နိုင်ငံတော်က သတ်မှတ်ပေးပြီး ကုန်သွယ်မှုနှင့် ပတ်သက်သည့် ဆက်စပ်သော လုပ်ငန်းများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန် နိုင်ငံတော် အဆင့်မှ ကော်မတီတစ်ရပ်ဖွဲ့စည်းကာ ကုန်သွယ်ရေးဇုန် ဖွံ့ဖြိုးရေးအတွက် လအို ပသ် ည့် ရနပ် ေုံ ငရွ ာှ ဖြွေခင်း ၊ အလပု အ် ကငို အ် ခငွ အ့် လမ်း များ၊ လပု န် ည်း စနစ်များ သတ်မှတ်ပေးခြင်း၊ အထက်ဖော်ပြပါ ကော်မတီမှ ကုန်သွယ်ရေး ဇုန်အား မြို့ပြတစ်ခုကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာစေရန် အုပ်ချုပ်မှု၊ စည်းကမ်းထိန်းသိမ်းမှုတို့ကိုပါ ဟန်ချက်ညီ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးခြင်းမှ မဆူ ယ-် နမခ့် မ်း ဒေသကြးီ တစခ် လု းုံ ဖံ့ွ ဖြို းရေးအထ ိ စမီ ခံ ျကခ် ျမတှ ၍် အဆင့်လိုက် တိုးတက်ရေး စီမံဆောင်ရွက်ခွင့်ပေးပါက တစ်ဖက်တရုတ်နိုင်ငံမှ စီမံ ဆောငရ် ကွ ေ် နသည့်ရေလွှ ၊ီ ဝမတ် နိ ၊် လေုံ တာင်း ခရငို သ် းုံ ခအု ား တရတု န် ငို င် ၏ံ အနော ကေ် တာငဘ် က ် ထကွ ေ် ပါက်တစ်ခုအဖြစ် စီးပွားရေး၊ နိုင်ငံရေး၊ လူမှု ရေးဘက်စုံဖွံ့ဖြိုးတိုးတက်ရန် စီမံချက်ချမှတ် ဆောင်ရွက်နေမှုအပေါ် တန်ပြန်ဆောင်ရွက်လာနိုင်မည် ဖြစ်ပါကြောင်း၊ မိမိဘက်မှလည်း မဖြစ်မနေ စီမံရန် လိုအပ်လာပြီဖြစ်ပါကြောင်း၊ ရေရှည်မျှော်ကိုး၍ ဆောင်ရွက်နိုင်ပါရန်အသိပေးတင်ပြလိုက်ရပါသည်။

 

ကြည်ကြည်မြင့်

Local Trade News

Pages