ရှမ်းနနွင်းကို ပြည်တွင်းလက်လီသမားများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်

Wed, 12/07/2016 - 08:42 -- admin_ygn

          ရှမ်းနနွင်းလည်း  ပုံမှန်တော့ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်ကိုဝင်တဲ့ တောင်ပို့လ၊ ဟိုပုံး၊ အင်းလေး၊ ဆင်တောင် စတဲ့ နနွင်းတွေမှာ ဒီတစ်လ မှာအများဆုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ နနွင်းကတော့ ဆင်တောင်နနွင်းနဲ့ တောင်ပို့လနနွင်းတို့ဖြစ်ပါတယ်။ ပြည် တွင်းသုံးအတွက်သာ  အဝယ်ရှိခဲ့ပြီး ပြည်ပဝယ်လက်ကတော့ အမေးသာရှိပြီး လက်တွေ့တော့ အဝယ်မရှိသေးဘူးလို့လည်းသိရပါတယ်။ နနွင်းအသစ် ေ တွကတော့ လာမယ့်နှစ်စပိုင်းကစပြီး တော့ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့ လည်းသိရပါတယ်။ အခုလောလောဆယ်တော့ အောင်ပန်းဈေးကွက်မှာ တောင်ပို့လနနွင်းတွေက ကုန်သလောက် ဖြစ်သွားပါပြီ။ ပြည်တွင်းသုံး လက် လီ သမားတွေက အမှုန့်ကြိတ်ဖို့အတွက် (ထိပ်စ) ဖြစ်တဲ့ ဆင်တောင်နနွင်းကို ဝယ်ယူသလို ခြင်ဆေးခွေပြုလုပ်ဖို့ အတွက် တောင်ပို့လနနွင်းကိုလည်း ဝယ်ယူတယ်လို့သိရပါတယ်။ ဒီတစ်ပတ်တော့ လက်လီသမားဖြစ်တဲ့ တောင် တွင်းကြီး၊ ဝမ်းတွင်း၊ မိတ္ထီလာစတဲ့မြို့ တွေက ဝယ်ယူနေလို့ နိုဝင်ဘာလ အတွင်းမှာ နနွင်းပိဿာချိန်ပေါင်း ၂ ဒသမ ၈ သိန်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ နနွင်းတစ် ပိဿာ ပေါက်ေ ဈးတွေက တောင်ပို့လ စက ကျပ် ၁၅၀-၁၆၀၊  ဆင်တောင် နနွင်းက တစ်ပိဿာ ကျပ် ၂၅၀ဝ- ၂၆၀ဝ ဈေးရှိပါတယ်။

 

ဧခိုင်(တောင်ကြီး)

Local Trade News

Pages