ရွှေဘိုပေါ်ဆန်း ဆန်ဈေး အနည်းငယ် မြင့်တက်သော်လည်း အရောင်းအဝယ် ပုံမှန်သာရှိ

Tue, 02/28/2017 - 03:54 -- admin_ygn

       ယခုတစ်ပတ် ရန်ကုန်ဝါးတန်းဆန်ကုန်စည်ဒိုင်ရဲ့ ဆန် လက်ကားဈေးနှုန်းများမှာ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ်၃၀၀၀၀၊ လတ်စတစ်အိတ် ကျပ် ၂၉၀၀၀၊ ပုသိမ်၊ မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၃၂၀၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၀၀၀၊ နယ်စုံကျိုက်လတ်ပေါ်ဆန်း ထိပ်စတစ်အိတ် ကျပ်၂၈၀၀၀၊လတ်စတစ်အိတ်ကျပ်၂၇၀၀၀ နဲ့ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်နေပြီး ရွှေဘိုပေါ်ဆန်း အသစ်(ရှယ်)  တစ်အိတ်ကျပ် ၃၆၀၀၀ မှ ကျပ် ၃၇၅၀၀ နဲ့ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ကျပ် ၅၀၀ မှ ၁၀၀၀ ခန့် ဈေးတက်ပါတယ်။
          ဧည့်မထဆန် ထိပ်စတစ်အိတ်ကျပ် ၁၈၀၀၀နဲ့  လတ် စတစ် အိတ်ကျပ် ၁၇၀၀၀၊ နွေသီးထပ်(ရှယ်) တစ်အိတ်ကျပ် ၁၉၀၀၀မှ  ကျပ် ၂၀၀၀၀၊ နွေဆန်ရက် ၉၀ တစ်အိတ်ကျပ် ၁၉၅၀၀မှ ကျပ် ၂၁၀၀၀၊ မနောသုခတစ်အိတ် ကျပ် ၂၄၀၀၀ မှ ကျပ် ၂၅၀၀၀၊ ဆန်ကြမ်းအသစ် (ရှယ်) တစ်အိတ်ကျပ် ၁၇၅၀၀မှကျပ် ၁၈၀၀၀၊ အိတ်စပို့ ၂၅ မှတ် တစ်အိတ် ကျပ် ၁၆၀၀၀ မှ ကျပ် ၁၆၈၀၀နဲ့  ယခင်တစ်ပတ်အတိုင်း ဈေးငြိမ် နေပါတယ်။  ယခုတစ်ပတ်မှာ ဆန်ေ ချာရောဆန်ကြမ်းပါ ကုန်စည်ဒိုင်ကိုဆန်အဝင်ပါးပြီး အရောင်းအဝယ်လည်း ပုံမှန် သာရှိကြောင်းသိရပါတယ်။
        မူဆယ်ဆန်ဈေးကွက်မှာ အရောင်းအဝယ် တော်တော် အေးကြောင်း၊ ဆန်လည်း ဈေးကျကြောင်း သိရှိရပါတယ်။ ကုန်စည်ဒိုင်ရဲ့ဆန်ဈေးနှုန်းများမှာ   စူပါနဲ့ မှော်ဘီဧည့်မထ ၅မှတ် တစ်အိတ် ၁၂၅ ယွမ်မှ ၁၂၇ ယွမ် ဧည့်မ ထ ၁၀ မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၄ ယွမ်၊ ဧည့်မထ ၁၅ မှတ်တစ် အိတ် ၁၁၇ ယွမ်မှ ၁၁၉ ယွမ်၊ ဧည့်မထ ၂၅ မှတ်တစ်အိတ် ၁၁၄ ယွမ်မှ ၁၁၆ ယွမ် ဧည့်မထ ၃၅ မှတ် တစ်အိတ် ၁၀၉ ယွမ်မှ ၁၁၀၊ ငစိန် ၅ မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ယွမ်၊ ငစိန် ၁၅ မှတ်တစ်အိတ် ၁၁၇ ယွမ်မှ ယွမ် ၁၂၀၊ ငစိန် ၂၅ မှတ်တစ်အိတ်၁၁၅ယွမ်မှ၁၁၆ယွမ်ဈေးရှိသော်လည်း မြေပြင် လက်တွေ့အရောင်းအဝယ်ဖြစ်နေသောဈေးမှာ ဒိုင်ဈေးထက် လျော့နည်းနေကြောင်း သိရှိရပါတယ်။ အရောင်းအဝယ် အေးပြီး ဈေးကျရခြင်းမှာ တစ်ဖက်နိုင်ငံမှာ ဆန်လိုအပ်ချက်ရှိ သော်လည်း ဈေးကွက်ထိန်းချုပ်မှုများ ရှိနေတဲ့အတွက် ပစ္စည်းအသွားနည်းပြီး ဈေးကလည်း ကုန်စည်ဒိုင်သတ်မှတ် ဈေးအတိုင်း  မဟု တ်ဘဲ ရောင်းချရတဲ့အတွက် ဝယ်လက် ကြိုက်ဈေးအတိုင်း ရောင်းချခဲ့ရကြောင်း မူဆယ်ဆန်ဈေး ကွက်မှ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၂၄ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၉၅ ကျပ်ဈေးပေါက်ကြောင်းသိရှိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages