ရော်ဘာကဏ္ဍပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများ ပေါင်းစုံပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Thu, 12/01/2016 - 07:08 -- admin_ygn

        မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မြန်မာ့လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (CESD) တို့ ပူးပေါင်းကျင်းပသည့် ရော်ဘာ ကဏ္ဍ ပြန်လည်ထူထောင်ရေးသို့ သက်ဆိုင်သူများပေါင်းစုံ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် မော်လမြိုင်မြို့၊ ရာမညဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲတွင် စိုက်ပျိုးရေးပညာရှင် ဒေါက်တာ စိန်လှဗိုလ်နှင့် မလေးရှားနိုင်ငံမှ ဒေါက်တာလယ်ရီဝန်၊ ထိုင်း နိုင်ငံမှ ဒေါက်တာဗီရို နာရောင်တို့ ပါဝင်သည့် ပညာရှင်များက ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင်ရာ နိုင်ငံ တကာ အတွေ့အကြုံများကို နှီးနှောဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ နိုင်ငံ ရော်ဘာဥပဒေမူကြမ်းနှင့် ပတ်သက်၍ မြန်မာကုန်သွယ် မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ရော်ဘာ ကဏ္ဍ တိုးတက်ရေးအတွက် သက်ဆိုင်သည့် ဝန်ကြီးဌာန၊ ဥပဒေပညာရှင်များဖြင့် ရော်ဘာဥပဒေမူကြမ်းကို ရေးဆွဲပြီး ဖြစ်၍ သက်ဆိုင်သည့်  အသင်းအဖွဲ့နှင့် ပြည် တွင်းရော်ဘာ စိုက်ပျိုးသည့်ဒေသ ခုနစ်ခုကို ချပြအကြံပြု ဖြည့်စွက် ဆွေးနွေး ချက်များရယူရန်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒုတိယ အကြိမ် ဆွေးနွေး ဖြည့်စွက်ပြီးပါက ဝန်ကြီးဌာနသို့ ဆက်လက် တင်ပြရန်ရှိကြောင်း၊ ဥပဒေထွက်ရှိပြီးမှသာ ရော်ဘာဘုတ် အဖွဲ့ဖွဲ့၍  ရန်ပုံငွေစနစ်  ဖြစ်ပေါ်နိုင်မည်ဖြစ်ကာ ရော်ဘာ ကဏ္ဍ တိုးတက်ရေးအတွက် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
          အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့တွင် ရော်ဘာကဏ္ဍ ပြန် လည် ထူထောင်ရေးဆိုင်ရာ နည်းလမ်းများအား အဖွဲ့လိုက် တင်ပြခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်း၊ စိုက်ပျိုးရေးနှင့် မွေး မြူရေးဆိုင်ရာ  ကွင်းဆင်းသုတေသန စာ တမ်းများမှ ကနဦး တွေ့ရှိချက်များ အရ ကွင်းဆက်လမ်းကြောင်းကိုတင်ပြခြင်း၊ အဖွဲ့လိုက်တင်ပြသည့် ပြန်လည်ထူထောင်ရေးဆိုင်ရာ နည်း လမ်းများအရ ဆောင်ရွက်ရန် ရှေ့လုပ်ငန်းစဉ်များကို အစိုးရ နှင့် ပုဂ္ဂလိကအဖွဲ့အစည်း များမှ တင်ပြခြင်း၊ သက်ဆိုင်သူများ ဘက်မှ အဆိုပါ လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ရန် နည်း လမ်းတင်ပြခြင်း၊ ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးဆိုင် ရာ ရေရှည်လုပ်ငန်းစဉ် မူကြမ်းနှင့် အနာဂတ် အစီအစဉ်များ တင်ပြခြင်းစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
           အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များ၊ ရော်ဘာကဏ္ဍ စိတ်ပါဝင်စားသူများ၊ ရော်ဘာထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ ရော်ဘာခြံပိုင်ရှင်များ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာ သူများက ရော်ဘာကဏ္ဍ ပြန်လည်ထူထောင်ရေးအတွက် သိရှိလိုသည်များအား မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြေ ကြာင်း သတင်းရရှိပါသည်။

 

မိုးမိုး (စားသုံးသူ-မွန်)

Local Trade News

Pages