ရေကြောင်းလမ်းမှ ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် ၄၀၀၀၀ ကျော်ဝင်

Fri, 12/02/2016 - 08:03 -- admin_ygn

       သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၁၅၉၂၂၆၂၂ တန်ဖိုးရှိ ဒီဇယ်၂၂၈၆၅ ဒသမ ၂၃၂တန် နဲ့ ကန်ဒေါ်လာ  ၁၈၇၆၃၃၀၄ တန်ဖိုးရှိ ဓာတ်ဆီ ၁၉၅၁၂ ဒသမ ၇၈၇ တန် ကိုတင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ (95) က ၂ ဒသမ ၆၄ တန်သာ ဝင်ခဲ့ပြီး (92) က ၁၉၅၁၀ ဒသမ ၁၄၇ တန်  ဝင်လာခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ်က ဓာတ်ဆီ၊ ဒီဇယ် အဝင်မရှိပဲ ဒီတစ်ပတ်မှသာ ပြန်လည်တင်သွင်းခြင်း ဖြစ်တယ်လို့ သိရပါတယ်။
        နယ်စခန်းများဖြစ်တဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၄၃၇၅၈၃ တန်ဖိုးရှိ ဒီဇယ် ၉၀၁ ဒသမ ၃၈ တန်၊ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၁၈၉၉၄၅ တန်ဖိုးရှိ ဒီဇယ်၃၇၈ တန်နဲ့ကန်ဒေါ်လာ  ၇၆၃၆၉၁ တန်ဖိုးရှိ ဓာတ်ဆီ ၁၃၄၀ တန်၊ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ၄၂၉၀တန်ဖိုးရှိ ဓာတ်ဆီ ၇တန်နဲ့ ကန်ဒေါ်လာ ၁၀၃၆၇ တန်ဖိုးရှိ ဒီဇယ်၂၃ တန်တင်သွင်းခဲ့တယ်လို့ သိရပါ တယ်။ ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက် တိန်း (92)နဲ့ (95)မှာ ဈေးနည်းနည်းမြင့်လာတယ်လို့သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်း ချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ကျပ်၆၄၀၊ အောက်တိန်း (92) ကျပ် ၆၄၀၊ အောက်တိန်း (95) ကျပ် ၆၉၀၊ အဆင့်မြင့် ဒီဇယ် ၆၅၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ နိုဝင်ဘာ ၂၁ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၁၀၀၀၊ ရောင်းဈေး  ကျပ် ၁၂၄၀၀၀  နဲ့ အရောင်းအဝယ်ဖြစ်ပြီး နိုဝင်ဘာ ၂၃ရက်တွင် ဝယ်ဈေးကျပ် ၁၂၆၀၀၀၊ ရောင်းဈေး ကျပ်၁၂၈၀၀၀နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၁ ရက်မှာ ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၂၈၀၀၀ ၊ ရောင်းဈေး  ကျပ် ၁၃၂၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် ဝယ်ဈေး ကျပ်၂၀၀၀ ၊ ရောင်းဈေး ကျပ်၁၀၀၀ ဈေးမြင့် ကာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့နှိုင်းယှဉ်ရင်  ဒီဇယ်ဈေး အနည်းငယ်မြင့်လာပြီး ဓာတ်ဆီ ဈေးငြိမ်ခဲ့တယ်လို့ သိရပါတယ်။ပြင်ပလက်လီ တစ်ဂါလံ ဈေးများမှာ ဒီဇယ်တစ်ဂါလန်  ကျပ် ၂၇၀၀၊  ဓာတ်ဆီတစ်ဂါလန်  ကျပ်၂၈၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။           
           မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ငြိမ်နေတယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်း ချနေ တဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၄၅ကျပ် ၊ ဒီဇယ်  ကျပ်၅၈၀ အဆင့်မြင့်ဒီဇယ်  ၆၄၅ ကျပ်၊ အောက်တိန်း (92)  ၆၄၅ ကျပ်နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီ ဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါ ဈေးများမှာ နိုဝင်ဘာ ၂၁ရက် မှာ ဒီဇယ် ဝယ်ဈေးကျပ်၁၂၄၀၀၀၊ ရောင်းဈေး  ကျပ် ၁၂၆၀၀၀နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင်ဝယ်ဈေး ကျပ် ၁၂၆၀၀၀၊ ရောင်းဈေး ကျပ် ၁၃၁၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ နိုဝင်ဘာ ၂၁ ရက် တွင် ဝယ်ဈေး  ကျပ် ၁၂၇၀၀၀ ၊ ရောင်းဈေး  ကျပ်၁၃၀၀၀၀ နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာမှ နိုဝင်ဘာ၂၃ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၀၀၀၀၊ ရောင်းဈေး ကျပ် ၁၃၃၀၀၀ ေ ဈးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ကျပ်၂၈၀၀၊ ဓာတ်ဆီ ကျပ်၂၈၀၀ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလံဈေးများမှာ ဓာတ်ဆီ  ကျပ် ၃၀၀၀၊ ဒီဇယ် ၃၀၁၅ကျပ် ၊ အောက်တိန်း   ကျပ်၂၉၇၀ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ကျပ်၃၁၀၀၊ ဒီဇယ် တစ်ဂါလန် ကျပ် ၃၁၀၀ ၊ အောက်တိန်း တစ်ဂါလန် ကျပ်၃၀၀၀နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။

 

MIRT-DOT

Local Trade News

Pages