ရေကြောင်းလမ်းမှ ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၉၀၀၀၀ကျော်ဝင်

Thu, 12/15/2016 - 07:10 -- admin_ygn

         သီတင်းတစ်ပတ်ဖြစ်တဲ့နိုဝင်ဘာ၂၇ရက်မှ ဒီဇင်ဘာ၃ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၂၄၃၆၇၉၂၀ တန်ဖိုးရှိ ဒီဇယ် ၅၆၅၇၄ ဒသမ ၇၇တန် ကိုလည်းကောင်း၊ ကန်ဒေါ်လာ ၁၇၇၀၆၇၆၈တန်ဖိုးရှိ ဓာတ် ဆီ ၃၅၆၉၃ ဒသမ ၈၈၉တန်ကို တင်သွင်းခဲ့တယ်လို့သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာတန်ချိန်၄၂၆၀၀ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန်၁၃၉၀၀ကျော်ပိုမိုတင်သွင်းခဲ့ပြီး ယခင်သီတင်းပတ်ဓာတ်ဆီအဝင်တန်ချိန် ၁၁၆၀၀ ေ ကျာ်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၂၄၀၀၀ကျော် ပိုမိုတင်သွင်းခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ် ဒီဇယ်ရော၊ ဓာတ်ဆီပါအဝင်ပိုခဲ့ပါတယ်။ နယ်စပ်စခန်းဖြစ်တဲ့မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၄၃၈၈၁၇ တန်ဖိုးရှိ ဒီဇယ် တန်ချိန်၉၉၀၊ မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁၂၈၇၀ တန်ဖိုးရှိ ဓာတ်ဆီ၅၈၈ ဒသမ၅၀တန်နဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ၂၉၆၄၀၀ တန်ဖိုးရှိ ဒီဇယ်တန်ချိန်၆၄၀နဲ့ ကန်ဒေါ်လာ ၄၀၁၈၁၀ တန်ဖိုးရှိ ဓာ တ်ဆီ ၇၃၉ ဒသမ ၀၇၂ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
          ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊အောက်တိန်း (92)နဲ့ (95)မှာ ဈေးနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဒီဇယ်  ၆၇၅ကျပ်၊ အောက်တိန်း (92) ကျပ် ၆၈၀၊ အောက်တိန်း (95)  ကျပ်၇၂၀၊ အဆင့်မြင့်ဒီဇယ် ၆၉၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာလ ၅ရက်မှာ ဒီဇယ် ဝယ်ဈေး ကျပ်၁၃၃၀၀၀၊ ရောင်းဈေး  ကျပ်၁၃၅၀၀၀ နဲ့  အရောင်းအဝယ်ဖြစ်ပြီး ဒီဇင်ဘာ ၈ရက်တွင် ဝယ်ဈေးဈေးငြိမ်ေ နသော်လည်း ရောင်းဈေး ၁၀၀၀ကျပ် ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဒီဇင်ဘာ၅ရက်မှာ ဓာတ်ဆီဝယ်ဈေး ကျပ်၁၃၂၀၀၀ ၊ ရောင်းဈေး ကျပ်၁၃၄၀၀၀ နဲ့အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၈ရက်တွင် ဝယ်ေ ဈးကျပ်၂၀၀၀ ကျပ်၊ရောင်းဈေး ကျပ်၃၀၀၀ဈေးမြင့်ပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြင်ပလက်လီတစ်ဂါလံဈေးများမှာ ဒီဇယ်တစ် ဂါလံကျပ်၂၈၀ ၊ ဓာတ်ဆီတစ်ဂါလံကျပ်၂၉၀၀နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။           
          မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီဈေးငြိမ်ပြီး ဒီဇယ်၊အဆင့်မြင့်ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၇၀ကျပ် ၊ ဒီဇယ် ကျပ်၆၇၀ အဆင့်မြင့်ဒီဇယ်ကျပ် ၇၁၀၊ အောက်တိန်း(၉၂)ကျပ် ၇၁၀နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ ဒီဇင်ဘာ၅ရက်မှာ ဒီဇယ်ဝယ်ဈေးကျပ်၁၃၅၀၀၀၊ ရောင်းဈေး ကျပ် ၁၃၇၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ၈ ရက်တွင်ဝယ်ဈေး  ဈေးငြိမ်နေသော်လည်း ရောင်းဈေးကျပ် ၁၀၀၀ဈေးမြင့်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဒီဇင်ဘာ ၅ရက်တွင် ဝယ်ဈေးကျပ် ၁၃၀၀၀၀၊ ရောင်းဈေးကျပ် ၁၃၂၀၀၀နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ၈ရက်တွင်ဝယ်ဈေးကျပ်၁၃၄၀၀၀၊ ရောင်းဈေးကျပ် ၁၃၇ ၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များတွင် တစ်ဂါလံဈေးမှာဒီဇယ် ကျပ်၂၉၀၀၊ ဓါတ်ဆီ ကျပ်၂၉၀၀ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။
           မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်ကပုံမှန် အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးနည်းနည်းမြင့်လာ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်း ချနေတဲ့ တစ်ဂါလံ ဈေးများမှာ ဓာတ်ဆီ  ကျပ်၃၁၀၀၊ ဒီဇယ်၃၁၀၅ကျပ် ၊ အောက်တိန်း   ကျပ်၃၁၅၀ နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ  ကျပ်၃၁၀၀၊ ဒီဇယ် တစ်ဂါလံ  ကျပ် ၃၁၀၀ ၊ အောက်တိန်း တစ်ဂါလံ၃၁၀၀ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ဓာတ်ဆီ၊ဒီဇယ်မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင် မှာ ေ ရာင်းချေ နတဲ့ တစ်ဂါလံ ဈေးနှုန်းများမှာဓာတ်ဆီတစ်ဂါလံ ၃၀၀၀ကျပ်၊ ဒီဇယ်တစ်ဂါလံ ၂၉၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလံ ၃၁၀၀ကျပ်၊ဒီဇယ်တစ်ဂါလံ ၃၀၀၀ ကျပ် နဲ့အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရှိရပါတယ်။

 

MIRT-DOT

Local Trade News

Pages