ယခုဘဏ္ဍာနှစ်အတွင်း မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းမြင့်တက်မည်ဟု ကမ္ဘာ့ဘဏ်မျှော်မှန်း

Wed, 06/26/2019 - 04:42 -- admin_ygn

        မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် အကူးအပြောင်းကာလအတွင်း ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ မြင့်တက်မည်ဟု ကမ္ဘာ့ ဘဏ်က မျှော်မှန်းထား သည်။ ၂၀၁၈ ခုနှစ်အတွင်း လှုပ်ခတ်မှုဖြစ်ခဲ့သော မြန်မာ့စီးပွားရေး သည် ယခုအခါ တဖြည်းဖြည်းချင်း တည်ငြိမ်လာကာ ပြန်လည်အရှိန် ရလာကြောင်း ယခုနှစ် ဇွန် ၁၈ ရက်ကထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးေ စာင့်ကြည့်အစီရင်ခံစာက ဆိုသည်။"လက်ရှိ မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီတဲ့ ဖွံ့ဖြိုးမှုစီမံကိန်းမှာဖော်ပြထားတဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးရည်မှန်းချက်တွေကို ရောက်ရှိနိုင်ဖို့အတွက် အစိုးရပိုင်းကရော ပုဂ္ဂလိ က ပိုင်းကပါ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်ဖို့လိုအပ်ပါတယ်"ဟု မြန်မာ နိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ်ဖြစ်သူ Mr.Gevorg Sargsyan က ပြောသည်။ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများက စီးပွားရေး တိုးတက်မှု၏ အဓိကမောင်းနှင်အားများဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံအတွင်း အထည်ချုပ်လုပ်ငန်းကဲ့သို့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ပြန်လည်အရှိန်ရလာသည်ဟု ဆိုသည်။
       အစိုးရ၏ ပြုပြင်ပြောင်းလဲမှုကြောင့်  လက်လီနှင့် လက်ကား ရောင်းဝယ်ရေးလုပ်ငန်းများ ပြန်လည်အရှိန်ရလာပြီး ဝန်ဆောင်မှု လုပ်ငန်းကဏ္ဍသည် စီးပွားရေးဖွံ့ဖြိုးမှု၏ အဓိကကဏ္ဍအဖြစ် ဆက် လက်တည်ရှိနေမည်ဖြစ်ေ ကြာင်း ၎င်းကပြောသည်။ သို့သော် ပြင်ပအကြောင်းအရာများဖြစ်သည့် ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ စီးပွားရေးအရှိန် နှေးကွေးလျက်ရှိခြင်း၊ ကုန်သွယ်ရေးစစ်ပွဲ ပိုမိုတင်းမာလာခြင်း၊ အီးယူကကုန်သွယ်မှု အထူးအခွင့်အေ ရးများ ရုပ်သိမ်း နိုင်သည့် အလားအလာရှိနေခြင်းနှင့် စွမ်းအင်ဈေးနှုန်းများ အတက်အကျ အပြောင်းအလဲ မြန်ဆန်ခြင်းတို့က အန္တရာယ်စိန်ခေါ်မှုများအဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွား ရေး စောင့် ကြည့်အစီရင်ခံစာတွင် ဖော်ပြထားသည်။ အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံ၏ လတ်တလောစီးပွား ရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေများနှင့် အလားအလာများအား လေ့လာသုံးသပ်ထားသကဲ့သို့ အထူးပြုကဏ္ဍ များအဖြစ် မြန်မာ့စွမ်း အင်ကဏ္ဍနှင့် ရှုထောင့်နယ်ပယ်စုံ လူမှုဖူလုံရေးကိုလည်း ထည့်သွင်းလေ့လာထားကြောင်းသိရသည်။ ယင်းအစီရင်ခံစာကို ဇွန် ၁၈ ရက်က Sule Shangri-La Hotel တွင် ပြုလုပ်သည့် Myanmar Ecnomic Monitor: Building Reform Momentum အခမ်းအနားတွင် ထုတ် ပြန်ခဲ့ခြင်းဖြစ်သည်။

 

ပန်းဆု

Local Trade News

Pages