မြေသြဇာတန်ချိန် ၉၀၀၀ ကျော်ဝင်

Wed, 08/10/2016 - 08:20 -- admin_ygn

   ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၁၄၈၅၆ တန်ဖိုးရှိ မြေသြဇာ ၉၃၂၇ ဒသမ ၆၀၄တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်း မှ တင်သွင်းခဲ့ပါတယ်။  ဒီလကုန်ချိန်မှာ မြေသြဇာ အသုံးများလာ တာကြောင့် မြေသြဇာ တင်သွင်းမှုလည်း များခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချီလီနိုင်ငံမှ ၂၇ တန်၊  တရုတ်နိုင်ငံမှ ၆၄၀၉ ဒသမ ၅၆၄ တန်၊အိန္ဒိယနိုင်ငံမှ ၁၂ တန်၊ ဂျပန်မှ၂၆တန်၊ ကိုရီးယားမှ၂၃ဒသမ ၀၄၀ တန်၊ စင်ကာပူ မှ ၂၁၆ တန်နဲ့ ထိုင်း မှ၂၆၁၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ ဒုတိယအများဆုံး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂနီ ဆီယမ် ဆာလဖိတ်၊နိုက်တြိုဂျင်၊ ယူရီးယား၊ အမိုးနီးယမ်း ဆာလဖိတ်နဲ့ ကွန်ပေါင်းတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ် မြေသြဇာ တင်သွင်းမှုမှာတန်ချိန် ၉၆၀၀ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၂၉၀ ေ ကျာ် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)