မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဆင့် အရှေ့အနောက် စီးပွားရေးစြင်္ကံလမ်းကြောင်းပေါ်သို့

Mon, 10/02/2017 - 06:08 -- admin_ygn

          မြန်မာနိုင်ငံရဲ့ကရင်ပြည်နယ်အတွင်းမှာ ရှိတဲ့မြဝတီမြို့ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့တို့ကို ဆက်သွယ်ပေးထားတဲ့ မြန်မာ နိုင်ငံရဲ့နယ်စပ်မြို့လေးတစ်မြို့ဖြစ်ပါတယ်။ နယ်စပ်ဒေသမြို့ဖြစ်တာနဲ့အညီ အရော င်အသွေးစုံ လူမျိုးပေါင်းစုံပျားပန်းခပ်မျှ နေ့စဉ်လှုပ်ရှားသွားလာနေကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရှေးယခင်က အဲဒီမြို့ကလေးကိုရောက်ဖို့ နယ်မြေဒေသရဲ့အခြေအနေပေါ်မှာ မူတည်ပြီး သွားလာခဲ့ကြရတယ်လို့ အဲဒီခေတ် က ကုန်သည် တစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ ကရင်ပြည်နယ်ရဲ့ဘားအံမြို့နဲ့ မြဝတီမြို့ဟာ ဒေါနတောင်တန်းကြီး ခြားနေတာကြောင့် အဲဒီတောင်တန်းကြီးရဲ့ အတားအဆီးတွေဟာ မြန်မာ နိုင်ငံရဲ့ကူးသန်းရောင်းဝယ်ေ ဖာက်ကားမှုတွေမှာ  အဟန့်အတားတွေ ဖြစ်ခဲ့ရပါတယ်။  
         တကယ်တော့ မြန်မာနိုင်ငံရဲ့မြဝတီမြို့နယ် တစ်ဖက်နိုင်ငံရဲ့မဲဆောက်မြို့တို့ဟာ သောင်ရင်း မြစ်ရဲ့ တစ်ဖက်တစ်ချက်စီမှာ တည်ရှိနေတဲ့ မြို့ နှစ်မြို့ဖြစ်ပါတယ်။ သောင်ရင်းမြစ်လို့သာ ခေါ်နေကြပေမယ့် တစ်ကယ်တ မ်းပြောရမယ်ဆိုရင် မိုးတွင်းမှာ ချောင်းသာသာရှိပြီး နွေရာသီမှာဆိုရင် ရေမြောင်းသာသာလောက်သာရှိတဲ့ မြစ်တစ်စင်းပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ တို့ဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးအစီအစဉ်အရ မြဝတီ တံတားကို တည်ဆောက်ခဲ့ပြီး ကုန်စည်ကူး သန်းရောင်းဝယ်မှု ပြုခဲ့ကြတာဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ထိုင်းနဲ့ မြန်မာတို့ရဲ့ နှစ်နိုင်ငံနယ်နိမိတ်မျဉ်း ဟာ သောင်ရင်းမြစ်ပေါ်မှာ တည်ဆောက်ထားတဲ့ ချစ်ကြည်ေ ရးတံတားရဲ့ မဲဆောက်ဘက်ကမ်းမှာ ရှိနေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒီတံတားဟာ နှစ်နိုင်ငံကုန်စည် ကူးသန်းရောင်းဝယ်ရာမှာအဓိကကျတဲ့ တံတားတစ်စင်းလည်း ဖြစ်နေခဲ့ပါတယ်။  မြန်မာနိုင်ငံရဲ့ ပို့ကုန်၊ ထိုင်းနိုင်ငံရဲ့ ပို့ကုန် မှန်သမျှဟာ ဒီတံတားကိုအား ထားပြီး ပို့ဆောင်ရောင်းဝယ်နေကြတာ ဖြစ်ပါ တယ်။ ဒါပေမယ့်လည်း သောင်ရင်းမြစ်တစ်လျှောက် မှာ တရားမဝင် ဝင်ထွက်ပေါက်တွေရှိနေတာဟာ တရားမဝင် ကုန်စည်ကူးသန်းရောင်းဝယ်မှုကို အားပေးနေသကဲ့သို့ ရှိနေတာကို တွေ့ရမှာဖြစ် ပါတယ်။
        ဒါပေမယ့်လည်း အာဆီယံဒေသတွင်းမှာ အေအီးစီလို့ လူသိများနေတဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်းကို စတင်တည်ထောင်ဖို့ စိုင်းပြင်း တဲ့အချိန်ကစပြီး အာဆီယံနိုင်ငံတစ်ဝန်းတစ်နိုင်ငံ နဲ့တစ်နိုင်ငံကြား ရေကြောင်း၊ လေကြောင်းလိုင်း သာမက ကုန်းလမ်းခရီးနဲ့ပါ ချိတ်ဆက်ဆောင်ရွက် နိုင်ဖို့ လုပ်ဆောင်လာကြပါတယ်။ အဲဒီလိုလုပ်ဆောင်ကြရာမှာ စီးပွားရေးစြင်္က ံ တွေကို တည်ဆောက်ပြီး  နိုင်ငံချင်းချိတ်ဆက်ကာ ကုန်စည်ကူးသန်းရောင်း ဝယ်နိုင်ဖို့ ကြိုးစားလုပ် ဆောင်လျက်ရှိပါတယ်။ အဲဒီလိုလုပ်ဆောင်လျက်ရှိရာမှာ ဗီယက်နမ်-ထိုင်း-မြန်မာနိုင်ငံတို့ကို ချိတ်ဆက်ထားတဲ့  အရှေ့အနောက်စီးပွားရေးစြင်္ကံဟာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့မှ လာအိုနိုင်ငံနဲ့ ထိုင်း နိုင်ငံကို ဖြတ်သန်းကာ မြန်မာနိုင်ငံမြဝတီမြို့အထိ လမ်းကြောင်းရေးဆွဲ ချမှတ်ထားတာဖြစ်ပါတယ်။ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ဟာ ဗီယက်နမ် နိုင်ငံရဲ့ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာကြောင့် တကယ့်ကို အရေးပါတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်ပါ တယ်။ ဗီယက်နမ်နိုင်ငံဒါနန်းမြို့မှာ ဆိုက်ကပ်ထားတဲ့ ကုန်သင်္ဘောများဟာ အရှေ့အနောက် စြင်္ကံလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းပြီး မြန်မာနိုင်ငံတွင်းကို မြဝတီမြို့မှတစ်ဆင့် ဖြတ်သန်းဝင်ရောက်မှာဖြစ်ပါတယ်။ အဲဒီလို ကုန်းလမ်း ခရီးကနေ ဝင်ရောက်ခဲ့တဲ့အတွက် လမ်းခရီးကြန့် ကြာချိန်တွေ  သက်သာသွားနိုင်မှာဖြစ်တဲ့အပြင် အရှေ့အနောက် စြင်္ကံလမ်းကြောင်းတစ်လျှောက် မှာရှိတဲ့ နိုင်ငံတွေရဲ့မြို့ပြတွေဟာလည်း စီးပွား ရေး၊ လူမှုရေးတွေ တိုးတက်ဖွံ့ဖြိုးလာမှာဖြစ်ပါ တယ်။ အဲဒီလို  ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဆင်းရဲနွမ်းပါးမှုကိုလည်း လျှော့ချလာနိုင်မှာဖြစ် ပါတယ်။
           ပင်လယ်ရေကြောင်းမှ အကွာအဝေးများကို လေ့လာကြည့်ရာမှာ ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက် မှ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ၁၉၄၄ မိုင်ကွာဝေး ပြီး ရန်ကုန်မှ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့သို့ ၂၁၄၄ မိုင် ကွာဝေးသလိုဗန်ေ ကာက်မှ ဒါနန်းသို့လည်း ၁၀၈၂ မိုင် ကွာဝေးတယ်လို့ သိရပါတယ်။ ကုန်းလမ်းခရီးမှ အကွာအဝေးကို ကြည့်မယ် ဆိုရင် ရန်ကုန်မှ ဗန်ကောက်  အကွာအဝေးဟာ မိုင် ၄၅၀ ခန့်သာရှိပြီး ရန်ကုန်မှ ဒါနန်းသို့ မိုင် ၉၀၀ ခန့်သာကွာေ ဝးပါတယ်။  ဗန်ကောက်မှ ဒါနန်း သို့ မိုင် ၇၀၀ ခန့်သာ ကွာဝေးတာကို တွေ့ ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ အချိန်ကုန်သက်သာတဲ့အပြင် ကုန်စည်သယ်ယူ ပို့ဆောင်မှုစရိတ်များပါ ပိုမိုသက်သာေ စမှာဖြစ်ပါတယ်။ ဒါဟာ ကုန်စည်ကူးသန်းရောင်းဝယ်မှုမှာ အားသာတဲ့ အချက်တစ်ချက်ပဲဖြစ်ပါတယ်။ အရှေ့အနောက် စီးပွားရေးစြင်္က ံဟာ အရှေ့ဘက်မှာ တောင်တရုတ်ပင်လယ်ရဲ့ ထွက်ပေါက် ဖြစ်သလို အနောက်ဘက်မှာ ဆို ရင် ကပ္ပလီပင်လယ်ပြင်ကိုထွက်နိုင်တဲ့ ထွက်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။အဲဒီလမ်းကြောင်းရဲ့စုစုပေါင်းအရှည်ဟာ ကီလိုမီတာပေါင်း ၁၄၅၀(မိုင်ပေါင်း ၉၀၀ ကျော်)သာ ရှည်လျားပါတယ်။ အဲဒီလမ်းကြောင်း ဖြစ်ပေါ်လာပုံ ကေ တာ့ ၁၉၉၈ ခုနှစ်မှာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမှာကျင်းပခဲ့တဲ့ မဟာမဲခေါင်ဒေသတွင်းနိုင်ငံများရဲ့ဝန်ကြီး များအဆင့်  ညီလာခံမှာ အာဆီယံဒေသတွင်းနိုင်ငံ များအနက် မြန်မာ၊ ထိုင်း၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတို့အကြား စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ အတွက်ရည်ရွယ်ပြီး ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအစီအစဉ်ကို ၁၉၉၈ ခုနှစ်က ချမှတ်ခဲ့ပေမယ့် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်မှသာ စတင်လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အရှေ့အနောက်  စီးပွားရေး စြင်္က ံလ မ်း ကြောင်းပြီးစီးသွားပါက ရန်ကုန်မြို့နဲ့ဗန်ကောက် မြို့အကြား သုံးရက်နဲ့ အရောက်သွားနိုင်မှာဖြစ်ပါ တယ်။ အဲဒီခရီးကို ရေကြောင်းလမ်းမှ သွားမယ်ဆိုရင် မလက်ကာရေလက်ကြားမှ ဖြတ်သန်းသွား မယ်ဆိုရင်တောင် အနည်း ဆုံး  နှစ်ပတ်မှ သုံးပတ်ခန့် ကြာမြင့်မှာဖြစ်ပါတယ်။ ဒါကြောင့် အရှေ့အနောက် စြင်္က ံဟာ အာဆီယံနိုင်ငံများသာမက အာဆီယံနိုင်ငံများနဲ့ ကုန်သွယ်ဖက်နိုင်ငံများပါ အကျိုးရှိစေမှာသေချာပါတယ်။
         အဲဒီအရှေ့အနောက် စြင်္က ံမှာ ပါဝင်နေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းက မြဝတီမြို့နဲ့မော်လမြိုင် မြို့တို့ဟာ အရှေ့အနောက်စြင်္က ံရဲ့ခရီးလမ်းဆုံးမြို့ တွေပဲ ဖြစ်ပါတယ်။ အခုလက်ရှိအခြေအနေအရ မြဝတီမြို့ဟာ နယ်စပ်ေ ဒသများအနက် ကုန်စည်ကူးသန်းရောင်းဝယ်ရာမှာ အဓိကကျတဲ့ မြို့ကြီးတစ်မြို့ဖြစ်လျက် ရှိပါတယ်။ မြန်မာနိုင်ငံကထွက်ရှိတဲ့ လယ်ယာ ထွက်ကုန်တွေ၊ ရေထွက်ကုန်တွေ၊ သစ်တောထွက် ပစ္စည်းတွေကို ထိုင်းနိုင်ငံသို့ တင်ပို့လျ က်ရှိသလို ထိုင်းနိုင်ငံအနေနဲ့လည်း ဆောက်လုပ်ရေးပစ္စည်း တွေ၊ လူသုံးအိမ်သုံးပစ္စည်းတွေ၊ စားသောက်ကုန် ပစ္စည်းတွေကို တင်ပို့လျက်ရှိပါတယ်။ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသမှ ကုန်သွယ်မှုကို ကြည့်မ ယ်ဆိုရင် ၂၀၁၆-၁၇ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၅ ရက်အထိ ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉၃၃ ဒသမ ၁၅၉ သန်းရှိခဲ့ပြီး သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉၀၁ ဒသမ ၃၀၂ သန်းရှိခဲ့တာ ကိုတွေ့ရမှာဖြစ်ပါတယ်။ ၂၀၁၇-၁၈ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၅ ရက်အထိ ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၁၀၅၁ ဒသမ ၁၇၃ သန်း၊ သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၉၄၁ ဒသမ ၈၇၅ သန်းရှိ ခဲ့တာကြောင့် ကာလတူအတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၅၈ ဒသမ ၄၉၇ သန်း ပိုမိုခဲ့တာကို တွေ့ရပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်တစ်ခုတည်း ကုန်သွယ်မှုကို ကြည့်မယ်ဆိုရင် ၂၀၁၆-၁၇ဘဏ္ဍာနှစ် မှာ ပို့ကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၁၉၉ သန်း၊ သွင်းကုန်ကဏ္ဍမှာ အမေရိကန် ဒေါ်လာ ၈၆၈ ဒသမ ၄၀၂ သန်းရှိခဲ့ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၅ ရက်အထိ သွင်းကုန်ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ၂၅ ဒသမ ၉၃၄ သန်း၊ သွင်းကုန်ကဏ္ဍမှာ အမေ ရိကန် ဒေါ်လာ ၃၅၉ ဒသမ ၇၀၈ သန်းရှိခဲ့တာကို တွေ့ ရပါတယ်။
မြဝတီကုန်သွယ်ရေးဇုန်အနေနဲ့ ကုန်သွယ်မှု ပိုမိုအဆင်ပြေ ချောမွေ့လာစေရေးအတွက် လုပ် ဆောင်လျက်ရှိသလို တရားမဝင်ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ  ပပျောက်ရေးကိုလည်း တစ် ဖက်တစ်လမ်းမှ ကူညီလုပ်ဆောင်ပေးလျက်ရှိပါ တယ်။
ဒါပေမယ့်လည်း တရားမဝင် ကုန်စည်တွေ ကို သယ်ယူပို့ဆောင်နေတဲ့ ရှောင်ကွင်းလမ်းတွေ ကြောင့်မြန်မာနိုင်ငံဘက်အခြမ်းမှာ ရရှိတဲ့ကုန် သွယ်မှု ပမာဏစာရင်းဟာ ထိုင်းနိုင်ငံဘက်က  ထုတ်ပြန်တဲ့ကုန်သွယ်မှုစာရင်းများနဲ့  နှိုင်းယှဉ် လိုက်ရင် များစွာကွာဟနေတာကို တွေ့ရှိရပါ တယ်။
ဒါပေမယ့်လည်း ရှေးယခင်ကတည်းက ရှိခဲ့ တဲ့ ရှောင်ကွင်းလမ်းများ အများအပြားရှိနေတဲ့ ဒေသတစ်ခုဖြစ်နေတာကြောင့် တရားမဝင် ကုန် သွယ်မှုကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဦးမှာဖြစ်ပါ တယ်။ ဒါပေမယ့်လည်း နိုင်ငံတော်အနေနဲ့ ကုန် သွယ်မှုနဲ့ပတ်သက်တဲ့ဖြေလျော့မှု အများအပြားကို  လုပ်ဆောင်ပေးလျက်ရှိတာကြောင့် ကုန်သည်တွေ  အနေနဲ့ တရားမဝင်လမ်းကြောင်းကနေ  ကုန်စည် များကို သယ်ယူပို့ဆောင်ရာမှ တရားဝင်လမ်း ကြောင်းနဲ့  သယ်ယူပို့ဆောင်ကြဖို့ ကုန်သည် အချင်းချင်း စည်းရုံးကြရမှာဖြစ်ပါတယ်။
          မြဝတီမြို့ဟာ နယ်စပ်မြို့ဖြစ်ပေမယ့်လည်း တစ်ဘက်က မဲဆောက်မြို့နဲ့ နှိုင်းယှဉ်ရင် ဖွံ့ဖြိုးမှု နောက်ကျနေတာကိုလည်း မြင်တွေ့ရမှာဖြစ်ပါ တယ်။ အခုလက်ရှိအချိန်မှာတော့ မြဝတီမြို့ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အာရှ လမ်းမကြီးကို ဖောက်လုပ်လျက်ရှိသလို မြဝတီအထူးစီးပွားရေးဇုန်ကိုလည်း တည်ဆောက်ဖို့ စီစဉ်လျက်ရှိပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်ကိုလည်း ခေတ်မီ ကုန်သွယ်ရေးဇုန်အဖြစ် တည်ဆောက်နိုင်ဖို့ လုပ် ဆောင်နေပြီဖြစ်ပါ တယ်။ အရှေ့အနောက်စြင်္က ံတည်ဆောက်ခြင်းဟာ မြန်မာနိုင်ငံရဲ့ ကုန်စည်တွေကို ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းမှတစ်ဆင့် တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်ပြီး ကမ္ဘာ့နိုင်ငံအနှံ့အပြားကို တင်ပို့နိုင်မှာဖြစ်ပါတယ်။ အရှေ့ အနောက်စြင်္က ံ တည်ဆောက်ခြင်းကြောင့် အဲဒီလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ နိုင်ငံတွေအနေနဲ့ စီးပွားရေး၊ လူမှုရေးတွေ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို ဆင်းရဲနွမ်းပါးမှုကိုလည်း ပပျောက်အောင်လုပ်ဆောင်ပေးမယ့် လမ်းေ ကြာင်းတစ်ခုအဖြစ် တည်ရှိနေတာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာ့ပို့ကုန်များကို ပြည်ပနိုင်ငံအနှံ့အပြားသို့ အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာနဲ့ တင်ပို့ နိုင်ရေးမှာ အရှေ့အနောက်စီးပွားရေးစြင်္က ံ (East-West Economic Corridor) ဟာ အရေးပါတဲ့လမ်းကြောင်း တစ်ခုဖြစ်နေတာကြောင့် မြန်မာ့နိုင်ငံရဲ့နယ်စပ်ကုန်သွယ်ရေးဇုန်တစ်ခုဖြစ်တဲ့ မြဝတီကုန်သွယ်ရေးဇုန်ဟာ အရေးပါတဲ့စီးပွားရေးဇုန်တစ်ခုအဖြစ် ရပ်တည်လျက်ရှိနေပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

 

မြဝတီ ကုန်သွယ်ရေးဇုန်

Local Trade News

Pages