မြန်မာ့နာနတ်သီးများ တရုတ်သို့ အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေး ညှိနှိုင်းနေ

Fri, 07/26/2019 - 03:54 -- admin_ygn

       ၂၀၁၉ ခုနှစ်၊ ဇွန် ၁၅ ရက်မှ စတင်ကာ တရုတ်နိုင်ငံအတွင်းသို့ တင်ပို့ခွင့်မရတော့သည့် မြန်မာ့နာနတ်သီးများအား အမြန်ဆုံး ပြန်လည်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက  ညှိနှိုင်းမှု များ ပြုလုပ် လျက်ရှိကြောင်းသိရသည်။ သရက်သီးရာသီကုန်ဆုံးချိန်တွင် ရာသီပေါ်သီးနှံတစ်ခုဖြစ်လာသော နာနတ်သီးများ ပြည်တွင်းမှတရားဝင်တင်ပို့ခွင့်ရရှိစေရန် နှစ်ဖက်အစိုးရချင်း ညှိနှိုင်းနေခြင်းဖြစ် ကြောင်း ယင်းဝန်ကြီး ဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဇူလိုင် ပထမပတ်တွင် ပြောသည်။ "သီးနှံတွေကို အမျိုးအစားအလိုက် တရားဝင်  တင်ပို့ နိုင်ဖို့လုပ်နေရာမှ  အခုတစ်သျှူးငှက်ပျောတွေကို သူတို့ဘက် က တရားဝင် တင်သွင်း ခွင့်ပေးဖို့ စစ်နေတယ်။ ဒီဟာနဲ့အတူ နာနတ်သီးကိုပါ တစ်ခါတည်း  ခွင့်ပြုနိုင်ဖို့ ညှိနေပါတယ်"ဟု ၎င်းက ပြောသည်။

    အဆိုပါ တရုတ်နိုင်ငံအနေဖြင့် ပြည်တွင်းသို့ တင်သွင်းလာမည့် လယ်ယာထွက်ကုန်နှင့် သီးနှံအမျိုးမျိုးတို့ကို ဓာတု ဒြပ်ြွကင်းမပါစေရန် AQSIQ စစ်ဆေးမှုများ ပြုလုပ်နေပြီး သတ်မှတ်ချက်များနှင့် ပြည့်မီပါက တရားဝင်တင် သွင်းခွင့် ပေးနေခြင်းဖြစ်ကာ လက်ရှိတွင် တစ်သျှူးငှက်ပျောကို တရားဝင်တင်သွင်းခွင့်ပေးရန် စစ်ဆေးလျက်ရှိပြီး တင်ပို့ခွင့်ရရှိပါက နာနတ်သီးကိုပါ တစ်ပါတည်း တင်ပို့နိုင်ရန် ညှိနှိုင်း လျက်ရှိကြောင်း ၎င်းက ပြောသည်။ AQSIQ စစ်ဆေးမှုများ ပြုလုပ်ရန် လက်ရှိ၌ တစ်သျှူး ငှက်ပျော၊ သံပရာသီး၊ နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကော သီးများနှင့်ပတ်သက်သည့်အချက်အလက်များကို စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက စာရင်းပြုစု ကာ တရုတ်နိုင်ငံ အစိုးရဘက်သို့ ပေးပို့ထားခြင်း ဖြစ်ကြောင်း သိရသည်။

       မူဆယ်နယ်စပ်မှ တင်ပို့နေသည့် စိုက်ပျိုးရေးထွက်ကုန် များသည် လက်ရှိတွင် တရုတ်အစိုးရ၏ အဂတိတိုက်ဖျက်ရေး အပါအဝင် ကုန်သွယ်ရေးမူဝါဒ အပြောင်းအလဲများကြောင့် ဖမ်းဆီးအရေးယူမှုများရှိနေသည့်အပြင် အခြားအရေးပါသည့် ကုန်စည်များကိုလည်း တရုတ်က ကန့်သတ်မှုများ   ရှိနေ ကြောင်း သိရသည်။ လက်ရှိတွင် နှစ်နိုင်ငံအစိုးရချင်းနားလည်မှု စာချွန်လွှာ (MoU) လက်မှတ်ရေးထိုး၍ ခွဲတမ်းဖြင့် တင်ပို့ခြင်း မဟုတ်သည့် ကုန်စည်မှန်သမျှကို တရုတ်အစိုးရက အခွန် ၅၀ ရာခိုင်နှုန်း ကောက်ယူလျက်ရှိရာ  ယင်းအခွန်သည် တရုတ်၊ မြန်မာကုန်သည်များအားလုံးပေးဆောင်ရန် မတတ်နိုင်သည့် အခွန်နှုန်းထားဖြစ်ကြောင်း သိရသည်။  တရုတ်နိုင်ငံ သည် မြန်မာနိုင်ငံအတွင်းရှိ သစ်သီးဈေးကွက်မှ အများဆုံး ဝယ်ယူ ပေးနေသည့် ကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး   တရားမဝင် လမ်းကြောင်းများအစား ၂၀၁၇ ခုနှစ်မှ  စတင်ကာ တရားဝင် ကုန်သွယ်နိုင်စေရန် ဆောင်ရွက်နေခြင်းဖြစ်သည်။

 

ပန်းဆု

Local Trade News

Pages