မုံရွာပဲမျိုးစုံဈေးကွက်သို့ ပဲမျိုးစုံအသစ်များ ဝင်ရောက်မှုများ

Tue, 02/07/2017 - 06:50 -- admin_ygn

        ဖေဖော်ဝါရီလ ပထမပတ်အတွင်း မုံရွာကုန်စည်ဒိုင်သို့ ပဲမျိုးစုံအသစ်များ  ဝင်ရောက်လျက်ရှိရာ ပြည်ပဝယ် လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းသီးနှံများအဝင် ရှိသလောက် အရောင်းအဝယ်သွက်နေကြောင်း သိရပါ တယ်။ ယခုတစ်ပတ် မတ်ပဲသီးနှံတစ်တင်းပေါက်ဈေးမှာ  (အထွက်တိုး) ၂၈၃၀၀ ကျပ်၊ (ကုန်း) ကျပ် ၃၁၃၀၀ နှုန်းပေါက်ပြီး နေ့စဉ်အိတ် ၂၀၀၀ ခန့်၊ ပဲစင်းငုံသီးနှံတစ်တင်း (သစ်)ကျပ် ၂၄၇၀၀ နှုန်းပေါက်လျက် နေ့စဉ်အိတ် ၃၀၀၀ ခန့်၊ ပဲတီစိမ်းသီးနှံကတော့ အဝင်လျော့နည်းလာပြီး၊ တစ်တင်း ပေါက်ဈေးမှာ (ကြီး) ကျပ် ၃၀၀၀၀၊ (သေး) ကျပ် ၂၃၇၀၀ နဲ့ နေ့စဉ်(ကြီး/သေး)  အိတ် ၁၂၀၀ ခန့် ဝင် ရောက်လျက်ရှိပြီး အရောင်းအဝယ်အသွက်ဆုံး သီးနှံများ ဖြစ်ေ ကြာင်း သိရပါတယ်။
        ဒေသတွင်းသုံးပဲဖြစ်တဲ့ ပဲလွန်းဖြူပြာအသစ်များလည်း ဝင်ရောက်လျက်ရှိရာ နေ့စဉ်အိတ် ၅၀၀ ခန့် အဝင်ရှိပြီး ယခုတစ်ပတ်ပေါက်ဈေးမှာ ပဲလွန်းဖြူ ကျပ် ၂၇၀၀၀၊ ပဲလွန်းပြာ ကျပ် ၂၄၀၀၀ နှုန်း ပေါက်လျက်ရှိကာ ဒေသတွင်း သုံးအနေနဲ့ နေ့စဉ်အိတ် ၃၀၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ ဒေသတွင်းသုံးပဲဟောင်း လက်ကျန်  ပဲများဖြစ်တဲ့  ပဲကြီး၊ ကုလားပဲမျိုးစုံ၊ စွန်တာနီ၊ ပဲနီလုံးကြား၊ ပဲယင်းထောပတ်ပဲများမှာလည်း ဒေသတွင်း လုပ်ငန်းသုံးအနေနဲ့ ပုံမှန်ဝယ်ယူမှုရှိလို့ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် ပဲကြီး တစ် တင်းပေါက်ဈေးမှာ ကျပ် ၂၉၀၀၀ နှုန်းနှင့် အိတ် ၁၀၀ ခန့်၊ V2တစ်တင်း  ကျပ် ၄၀၀၀၀၊  ၉၂၉ ကျပ် ၃၈၀၀၀နဲ့နှစ်မျိုး ပေါင်း အိတ် ၅၀၀ ခန့်၊ စွန်တာနီတစ်တင်း ကျပ် ၁၈၀၀၀ နှုန်းဖြစ်ပြီး အိတ် ၂၀၀ ခန့်၊ ပဲလုံးကြားတစ်တင်း ၂၁၅၀၀ ကျပ်နှုန်းနှင့်အိတ် ၁၀၀ ခန့်၊ ပဲယင်းတစ်တင်း ကျပ် ၁၄၅၀၀ နှုန်းနှင့်အိတ် ၇၀၀ ခန့်၊ ထောပတ်ပဲတစ်တင်း ကျပ်၁၇၀၀၀  အိတ် ၂၀၀ ခန့်၊ မြေထောက်ပဲတစ်တင်း ကျပ် ၂၉၀၀၀ နှုန်း နှင့် အိတ် ၃၀၀ ခန့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။
         ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲလုံးဆန်ဈေးကွက်မှာ ဝယ်လက်အဆွဲရှိတဲ့အတွက် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။ နေ့စဉ်အိတ် ၇၀၀ ခန့် ဝင် ရောက်လျက်ရှိပြီး ယခုတစ်ပတ် မြေပဲလုံးဆန်တစ်ပိဿာ ေ ဈးနှုန်း မှာ လုံးဆန်ဖြူ ၂၃၇၅ကျပ်၊ ဆီဆန်ဖြူ ၁၉၀၀ ကျပ်၊ လုံးဆန်နီ ၂၃၂၅ ကျပ် အသီးသီးဈေးနှုန်းဖြစ်ပေါ်လျက်ရှိ ပါတယ်။ နှမ်း မျိုးစုံဈေးကွက်မှာ နှမ်းဖြူတစ်ပိဿာ ၂၁၆၇ ကျပ်ဖြစ်ပြီး တစ်ရက်အိတ် ၃၀၀ ခန့်၊ နှမ်းနက်တစ်ပိဿာ ၂၉၃၃ ကျပ်နဲ့ အိတ် ၁၀၀ ခန့်၊ နှမ်းညိုတစ်ပိဿာ ကျပ် ၁၅၀၀ အသီးသီး   အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှ သိရှိရပါတယ်။

 

ကြည်ကြည်နွယ်- မုံရွာ

Local Trade News

Pages