မန်ကျည်းမှည့်များ အဝင်လှိုင်ပြီး ဈေးထပ်မံကျလျက်ရှိ

Tue, 02/21/2017 - 05:02 -- admin_ygn

       ပြည် မန်ကျည်းမှည့်ပွဲရုံများတွင်  ရွှေတောင်၊ ကျီးသဲ၊ အောင်လံ၊ ဆင်တဲ၊ ကြံခင်း၊ မြန်အောင်အစရှိတဲ့ဒေသများမှ မန်ကျည်းမှည့်များ လှိုင်လှိုင်ဝင်ရောက် နေတာတွေ့ရပါတယ်။ တစ်ပတ်ထက်တစ်ပတ် အဝင်များလာပြီး အစေ့ ပါရော၊ အစေ့အနည်းငယ်ပါနှစ်မျိုးစလုံး ဝင်ရောက်လျက်ရှိနေတာတွေ့ရပါတယ်။ ပွဲရုံဈေး တစ်ပိဿာလျှင်(အစေ့ပါ)ကျပ် ၁၄၀၀နှင့် (အစေ့မပါ)ကျပ် ၂၂၀၀ တို့ဖြစ်ပါတယ်။ ဒေသတွင်း တစ်ပိဿာဈေးနှုန်းကတော့ မန်ကျည်းမှည့် (အစေ့မပါ) ကျပ် ၂၅၀၀ နှင့်(အစေ့ပါ)ကတော့ ကျပ် ၁၈၀၀တို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ရခိုင်ဘက် သို့ ရက်ခြားပိဿာ ၃၀ ဝင်အိတ် ၂၀ ကျော် တင်ပို့နေကြောင်းလည်း သိရပါတယ်။ ယခုတစ်ပတ်တွင် မန်ကျည်းမှည့်တစ်ပိဿာလျှင် ကျပ် ၃၀၀- ၄၀၀ နီးပါး ထပ်မံ ဈေးကျလျက် ရှိနေတာတွေ့ရပါတယ်။

 

နီနီဝင်း

Local Trade News

Pages