မန္တလေး ကြက်သွန်နီဈေးနှုန်း ဈေးကွက်အခြေအနေ

Wed, 09/18/2019 - 04:19 -- admin_ygn

  မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် တစ်ပတ်အတွင်း   ကြက်သွန်နီ ဈေးကွက်အခြေအနေမှာ  ပုံမှန်အရောင်းအဝယ်ဖြစ်နေ ကြောင်းသိရသည်။  မန္တလေးဈေးကွက်တွင် ယခုတစ် ပတ် ကြက်သွန်နီ တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ ထိပ်စကျပ် ၉၀၀၊ အလတ်စ ကျပ် ၈၀၀ ၊ အနိမ့်စကျပ် ၇၀၀၊လက်လီဈေးနှုန်း များမှာ ထိပ်စ ကျပ် ၁၂၀၀၊ အလတ်စကျပ် ၁၀၀၀၊ အနိမ့်စ ကျပ် ၈၀၀ ဖြင့် နေ့စဉ်  ကုန် ချိန် ပိဿာ ၄၀၀၀၀ မှ ၅၀၀၀၀ ကြား ဝင်ရောက်မှုရှိနေကြောင်းသိရသည်။
   မန္တလေးတိုင်းအတွင်း အရည်သွေးကောင်းသော ကြက် သွန်နီထွက်ရှိသည့်ကျောက်ဆည်ဈေးကွက်တွင် လက်ကား ဈေးမှာ  တစ်ပိဿာလျှင် အမြင့်စကျပ် ၉၀၀၊ အလတ်စကျပ် ၇၀၀၊ အနိမ့်စကျပ် ၅၀၀၊ လက်လီဈေးနှုန်း တစ်ပိဿာလျှင် ထိပ်စ ကျပ် ၁၀၀၀၊ အလတ်စကျပ် ၈၀၀၊ အနိမ့်စကျပ် ၆၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မြင်းခြံကုန်စည်ဒိုင်ဈေးကွက်သို့ မြင်းခြံ၊ တောင်သာ နှင့်အနီးတစ်ဝိုက်မှ ကြက်သွန်နီ အများအပြား စိုက်ပျိုးသည့် ရွာများမှ နေ့စဉ်ကုန်ချိန်ပိဿာ ၅၅၀၀၀ မှ ၉၃၀၀၀ ပိဿာထိ ဝင်ရောက်မှုရှိပြီး ယခင်တစ်ပတ်နှင့်နှိုင်းယှဉ်လျှင်  ကုန်ချိန် အဝင်များလာကြောင်း၊ ယခုတစ်ပတ်က လက်ကားဈေး တစ် ပိဿာလျှင် ကျပ် ၅၀၀ မှ ၇၂၅ ကျပ် ရှိပြီး ယခင်တစ်ပတ် ပေါက်ဈေးထက် ကျပ် ၅၀ ခန့်ကျ၍ အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။

 

ချောစုဝင်း(ရတနာပုံကုန်သွယ်မှုဗဟိုဌာန)

Local Trade News

Pages