မတ်ပဲနဲ့ ပြောင်းဈေးအေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ဟင်္သာတကုန်စည်ဒိုင်

Tue, 05/07/2013 - 04:58 -- admin

ဟင်္သာတကုန်စည်ဒိုင်မှာ မတ်လနောက်ဆုံးပတ်မှာ ပဲ၊ ပြောင်းဈေးအနည်းငယ် အေးနေပေမယ့် ဒေသခံလှောင်လက်များနဲ့ ရန်ကုန်ဝယ်လက်ကုန်သည်ကြီများ ဝယ် ယူမှုကြောင့် အရောင်းအဝယ်ပုံမှန်ရှိနေပါတယ်။ မတ်ပဲ တစ်တင်းဈေးမှာ ယခင် အပတ်က ၁၇၂၅၀ ကျပ်၊ ယခုအပတ်မှာ ၁၆၁၀၀ ကျပ်၊ ပြောင်းပိဿာ ၂၀ တစ်တင်းကို ယခင်အပတ်က ၇၆၀၀ ကျပ်၊ ယခုအပတ်မှာ ၇၆၀၀ ကျပ်နဲ့ ရန်ကုန် ဈေးကွက်ကို မတ်ပဲ အိတ် ၂၅၀၀၊ ပြောင်းစေ့ အိတ် ၁၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။
အေးအေးခိုင် - ဟင်္သာတ