ဖေဖော်ဝါရီ ဒုတိယပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဆောင်းပဲသစ်မျိုးစုံ ဝင်ရောက်လာပြီး ပြည်ပဝယ်လက် ပဲများ အရောင်းအဝယ်သွက်လျက်ရှိ

Wed, 02/15/2017 - 05:35 -- admin_ygn

       ပဲခူးတိုင်းဒေသကြီးး၊ ပြည်ပဲမျိုးစုံဈေးကွက်တွင် ဆောင်း ပဲသစ်မျိုးစုံ  အဝင်များလာခဲ့တာကြောင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ သီးနှံများအပြင် ကုလားပဲ၊ ဘိုကိတ်၊ ပဲလွန်းဖြူ၊ ပဲပုပ်၊ ပဲကြီးသီးနှံများပါ ဝင်ရောက်လာခဲ့ကြပြီဖြစ်ပါ တယ်။ ပဲတီစိမ်း သီးနှံမှာ မတ်ပဲ၊ ပဲစင်းငုံ သီးနှံများနှင့်ယှဉ်လျှင်  ဝင်ရောက်မှု နည်းသွားပြီဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်အိတ် ၂၀၀ ဝန်းကျင်သာ ဝင်ရောက်ခဲ့ပြီး ပြည်အနီးတစ်ဝိုက် ဒေသများ မှဝင်ရောက်ခြင်းဖြစ်ကာ မန္တလေး ဝယ်လက်က အဝင်ရှိသမျှ ဝယ်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလလောက်မှစ၍ ပဲတီစိမ်းသီးနှံအသစ်များ ဈေးကွက်သို့ဝင်ရောက်ခဲ့ကြကာ ဒီဇင်ဘာ၊ ဇန်နဝါရီလများအတွင်း ပဲအထွက်လှိုင်ခဲ့လို့ ဈေးကွက်မှာ အရောင်းအဝယ်သွက် ခဲ့ပေမယ့် ယခုကာလမှာ ပဲအထွက်ပါးသွားပြီဖြစ်ပါတယ်။ အခြားပဲများ အထွက်လှိုင်လို့ ဝင်ရောက်မှုများချိန်တွင် ပဲတီစိမ်းက တဖြည်းဖြည်း အဝင် လျော့ပေမယ့် ပဲဈေးမှာ တစ်တင်းကျပ် ၂၉၅၀၀ ဖြင့် ဈေး အတက်အကျ သိပ်မဖြစ် ဘဲ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။
        မတ်ပဲသီးနှံမှာ ပေါင်းတလည်၊ ပေါက်ခေါင်း၊ပန်းတောင်း နှင့်ကံမမြို့နယ်များမှ အဝင်ရှိခဲ့လို့ တစ်ရက်အိတ် ၆၀၀ကျော် အထိ ဝင်ရောက်လာပြီဖြစ်ပါတယ်။  ရန်ကုန်ဝယ်လက်က နေ့စဉ် ဝယ်ယူနေပြီး ပဲဈေးမှာ တစ်တင်းကျပ် ၂၉၀၀၀ခန့် အထိ ဈေးကျလာခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တစ်တင်းကျပ်  ၃၂၀၀၀ ရရှိခဲ့ပြီး ပဲအဝင်များလာချိန်မှာ ရန်ကုန်ဝယ်လက်က  ဈေးလျှော့ဝယ်ယူခဲ့တာကြောင့် တဖြည်းဖြည်း ဈေးအေးသွားတာကိုလည်း ေ တွ့ရပါတယ်။ ပဲသစ် ပေါ်စအချိန် ဇန်နဝါရီလဆန်းပိုင်းက တစ်တင်းကျပ် ၃၇၅၀၀ ရရှိခဲ့ပြီး  ပဲဈေးမှာ တဖြည်းဖြည်း ဈေးလျော့နေလို့ ယခင်နှစ် ဖေဖော်ဝါရီလအတွင်းက တစ်တင်းကျပ် ၅၀၀၀၀  ကျပ်ခန့် ရရှိခဲ့တဲ့အတွက် ယခုနှစ်ေ ဈးမှာ ပဲသစ်အဖွင့် ဈေးထက်ရော၊ ယခင်နှစ်ဈေးထက်ပါ လျော့နည်းခဲ့ကြောင်း သိရပါတယ်။ ယခုတစ်ပတ်အတွင်း ပဲဈေးနှုန်း အေးသွားတဲ့အတွက် ပဲတီစိမ်းနဲ့ မတ်ပဲသီးနှံမှာ ဈေးပြိုင်ရခဲ့ပါတယ်။ ပဲစင်းငုံ သီးနှံကတော့ ပဲအထွက် လှိုင်ပြီး အဝင်များလာလို့ ဈေးလျော့ လာခဲ့ကာ အဆိုပါ ပဲများထက်လည်း ဈေးလျော့နည်းနေခဲ့ ကြောင်း ဈေးကွက်မှသိရပါတယ်။
       ယခုတစ်ပတ် ပဲကြီးသီးနှံ အသစ်ဝင်လာပေမယ့် အရောင်းအဝယ်ဖြစ်လောက်အောင် မများခဲ့တာကြောင့် ပဲဟောင်း လက်ကျန်တွေကို ပဲကြော်ဖိုသမားများက ပုံမှန်အဝယ်ရှိကာ တစ်ရက်အိတ် ၂၀၀/၂၅၀ ကျော် အရောင်းအ၀ ယ် ဖြစ်ခဲ့ပါတယ်။ ပဲဈေးမှာ(ရွှေကျွန်း) တစ်တင်းကျပ် ၂၉၀၀၀ မှ ကျပ် ၃၀၀၀၀ ရရှိခဲ့ကြပြီး (ကမ်းနား)ပဲမှာတစ်တင်း ကျပ် ၂၆၅၀၀ ဖြင့် ရွှေကျွန်းပဲထက် ကမ်းနားပဲက အရောင်းအဝယ် ပိုဖြစ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဘိုကိ တ် ပဲသီးနှံမှာ ပဲအဝင် ရှိသော်လည်း စိုက်ပျိုးမှုအနေဖြင့် မတ်ပဲ၊ ပဲစင်းငုံ၊ ပဲတီ စိမ်းသီးနှံ များကဲ့သို့ အမြောက်အများ စိုက်ပျိုးမှုမရှိဘဲ ဧကအနည်းငယ်သာ စိုက်ပျိုးခဲ့လို့  အိတ်အနည်းငယ်စီသာ ဝင်ရောက်ခဲ့ပါတယ်။ ရန်ကုန်-ပြည် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ ဝယ်ယူသလို လက်လီသမားများလည်း ဝယ်ယူလျက်ရှိပါတယ်။ ပဲဈေးမှာ တစ်တင်းကျပ် ၂၄၅၀၀ ဖြင့် ယခင်တစ်ပတ်ထက် ဈေးပိုခဲ့ပေမယ့် ထောပတ်ပဲ၊ ပဲနီပြား၊ စားတော်ပဲသီးနှံများရဲ့ဈေး ကတော့ ယခင်တစ်ပတ်အတိုင်း ဈေးငြိမ်လျက်ရှိပါတယ်။ ထောပတ်ပဲတစ်တင်းကျပ် ၁၆၀၀၀၊ ပဲနီပြားတစ်တင်း ကျပ် ၂၀၀၀၀၊ စားတော်ပဲတစ်တင်းကျပ် ၂၄၀၀၀ နဲ့ ပဲဟောင်း လက်ကျန်များအား ဒေသတွင်းဝယ်လက် လက်လီသ မားများ နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ဒါကြောင့် ပြည်ပဲမျိုးစုံဈေးကွက်မှာ ဖေဖော်ဝါရီလ ဒုတိယ ပတ်အတွင်း မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံများ  အရောင်း အဝယ်သွက်ခဲ့ကြပြီး ကျန်ပဲများကတော့ လက်လီသာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages