ပြည်သစ်သီးဝလံဈေးကွက်သို့ သြဇာသီးများ အဝင်လှိုင်လာ

Thu, 10/06/2016 - 06:15 -- admin_ygn

       ဧရာဝတီမြစ်အနောက်ဘက် ကမ်းတစ်လျှောက်ရှိကျေးရွာများဖြစ်တဲ့  ဖိုးဦးတောင်၊ သစ်စိမ့်ပင်၊ ပြည်၊ မှော်ဘီ၊ ဇီးအုပ်၊ ဝက်ထီးကန်စတဲ့ကျေးရွာများမှ ထွက်ရှိတဲ့ သြဇာသီးများ ပြည်သစ်သီး ဝလံဈေးကွက်သို့ လှိုင်လှိုင်ဝင်ရောက် လာတာကြောင့် ဈေးလည်းချိုလာတာ တွေ့ရပါတယ်။ သြဇာသီးပေါ်ချိန်ဖြစ် လို့ အရောင်း အဝယ်လည်းသွက်လျက် ရှိကာ ရန်ကုန်သို့တင်ပို့နေတာကို တွေ့ ရပါတယ်။ ပြည်သြဇာသီးရာခြင်းဈေး တစ်လုံးလျှင် (ချော) ကျပ် ၁၅၀၊ (လ တ်) ကျပ် ၁၀၀ နဲ့ ရောင်းချလျက်ရှိပါတယ်။ ဒေသတွင်းလက်လီဈေးကတော့ တစ် လုံးလျှင်(ချော) ကျပ် ၂၀၀ (အသေး သန့်) ကျပ် ၁၀၀ နဲ့ရောင်းချနေတာ တွေ့ရပါတယ်။ ရာသီပေါ် ချိန်သီးနှံဖြစ် လို့ ဒေသတွင်းရော၊ နယ်တင်ပို့မှုပါ များ ပြီး ရောင်းအားကောင်းနေကြောင်း သိရပါတယ်။ ဈေးကွက်သို့ တစ်ရက် လျှင် အလုံးရေ ၅၀၀၀ ကျော်ဝင် ရောက်လျက်ရှိပြီး၊ လုံးရေ ၄၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါ တယ်။

 

နီနီဝင်း

Local Trade News

Pages