ပြည်ပဲစင်းငုံဈေးအေးလို့ တစ်ခါတစ်ရံမှသာ အရောင်းအဝယ်ဖြစ်

Tue, 12/05/2017 - 06:58 -- admin_ygn

         ပြည်ပဲဈေးကွက်အတွင်း အခြားပဲများပုံမှန်အရောင်းအဝယ်ဖြစ်နေသော်လည်း ပဲစင်းငုံသီးနှံကတော့ အရောင်း အဝယ်အေးနေခဲ့ကာ ပဲလက်ကျန်များရှိပေမယ့် ဈေးနှုန်းများကျဆင်းလျက်ရှိပါတယ်။ ဒါ့အပြင်  ထုတ်ရောင်းချမှု မရှိတဲ့အတွက် တစ်ခါတစ်ရံမှသာ အိတ် ၁၀၀ မှ ၂၀၀ အထိ ရောင်းချခဲ့ကြရတာကို တွေ့ရပါတယ်။ တချို့လှောင်လက်များကလည်း ပဲလှောင်ချိန်ကဝယ်ဈေးမှာ တစ်တင်းကျပ်နှစ်သောင်းကျော်ပေးခဲ့ရသော်လည်း ယခုအချိန်မှာ ပဲေ ဈးမှာကျပ်တစ်သောင်း နှင့်နှစ်သောင်းအောက်လျော့နည်းကျဆင်းနေတဲ့အတွက် လှောင်လက်သမားများအနေဖြင့် အရှုံးပေါ်နေသလို ပဲထွက် ပေါ်လာချိန်မှာ ပဲဈေးနှုန်းကျပ်တစ်သောင်းအထက်ရရှိလျှင်တော့  ပဲစိုက်တောင်သူများ အတွက် အရှုံးမပေါ်နိုင်ဘူးလို့ ခန့်မှန်းသိရှိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages