ပြည်ပဲစင်းငုံဈေးမြင့်တက်ပြီး ဝယ်လိုအားလည်း ကောင်းခဲ့

Mon, 06/20/2016 - 08:22 -- admin_ygn

       ပြည်ပဲဈေးကွက်မှာ  မေလလယ်တွင်  ပြည်ပဝယ်လက်ပဲများဖြစ်တဲ့မတ်ပဲနှင့်ပဲစင်းငုံသီးနံှနှစ်မျိုးစလုံး  ဈေးမြင့်တက်လာခဲ့ပါတယ်။ ပဲအဝင်မရှိပေမယ့် လက်ကျန်ပဲများ တစ်ခါတစ်ရံ အိတ် ၅၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ ပါတယ်။ ပြည်ပဝယ်လိုအားပေါ်မူတည်၍ ရန်ကုန်ဝယ်လက်က ရောင်းဝယ်ခဲ့ ကြလို့ပဲဈေးမှာ ယခင်တစ်ပတ်ထက် တစ်တင်းကျပ် နှစ်ထောင်ကျော် ရရှိခဲ့တာကြောင့် ယခုဇွန်လလယ်ဈေးမှာ တစ်တင်း ကျပ် ၄၉၃၀၀ ရရှိခဲ့ပါတယ်။ ယခင်နှစ် ဇွန်လလယ်က ပဲစင်းငုံဈေးမှာတစ်တင်း ကျပ် ၄၁၅၀၀ သာရရှိလို့ ယခုနှစ်မှာဈေးပိုရလာပြီး  ဝယ်လိုအားလည်း ကောင်းနေခဲ့တယ်လို့ သိရပါတယ်။

 

(ခင်ဆွေဝင်း-ပြည်)

Local Trade News

Pages