ပြည်ပဈေးကွက်ဝင် ငါးရှဉ့် ယခုရက်ပိုင်း အရောင်းအဝယ်အေး

Thu, 08/18/2016 - 04:06 -- admin_ygn

     ဧရာဝတီတိုင်း  ဒေသကြီး၏ ထွက်ကုန်များတွင် ပြည်ပ ဈေးကွက်ဝင် ငါးရှဉ့်များကို နှစ်ပတ်လည် တင်ပို့ ရောင်းချလျက် ရှိသော်လည်း ပွင့်လင်း  ရာသီထက် ယခုလိုမိုးတွင်းတွင် ငါးရှဉ့် များ ပိုမိုဝင်ရောက်လျက် ရှိကြောင်း ဈေး ကွက်မှ သိရပါတယ်။ ဇွန်လမှ နိုဝင်ဘာလအထိ ဈေးကွက်မှာတင်ပို့မှုများ၍ ဒီဇင်ဘာလ နောက်ပိုင်း ငါးရှဉ့်အဝင် နည်းသွား ကြောင်း၊ ပုသိမ်ဈေးကွက်မှ တင်ပို့ သော ငါးရှဉ့်များမှာ ပါးနီ၊ပါးမွဲ နှစ်မျိုး သာ Export ဈေးကွက်တင်ပို့ လျ က်ရှိ ကြောင်း၊ ကျန်းမာရေးအတွက် သွေး အားကောင်းပြီး ဆေးဖက်ဝင် အစား အစာအဖြစ် ပြည်ပနိုင်ငံများတွင် လူ ကြိုက်များမှု ရှိကြောင်း၊ ပြည်တွင်းတွင် ပြည်တွင်းစားသုံးမှုနှင့် ဟိုတယ်စာ အဖြစ် စားသုံးလျက် ရှိကြောင်း သိရ ပါတယ်။
     ပုသိမ်ဈေးကွက်သို့ ပုသိမ်မြို့ နယ်၊ သာပေါင်းမြို့နယ်၊ ငပုတောမြို့ နယ်တို့ရှိ ကျေးရွာများမှ အဝယ်ဒိုင်သို့ အဓိကလာရောက် ရောင်းချလျက်ရှိပြီး အကောင်အကြီး၊ အသေးပေါ် မူတည် ၍ တစ်ပိဿာလျှင် ၃၀၀၀ကျပ် ၊ ၄၀၀၀ ကျပ်၊ ၅၀၀၀ ကျပ် ဈေးဖြင့် ဝယ်ယူပြီး ငါးရှဉ့်များကို ရေ နှစ်ထပ်၊ သုံးထပ် လဲလှယ်၍ ငါးရှဉ့် အသေများကို ဖယ်ပြီး ဖော့ပုံးများတွင် ၂၅ပိဿာခန့် ထည့် သွင်း၍ ရန်ကုန်မြို့ ရှိ စံပြဈေး၊ လှိုင် သာယာ၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း ငါးရှဉ့် အဝယ် ဒိုင်ကြီးများသို့ တင်ပို့ ရောင်းချလျက် ရန်ကုန်-မူဆယ်မှ တစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရောင်း ချလျက် ရှိကြောင်း၊ ပုသိမ် မြို့ရှိ ငါးရှဉ့် လုပ်ငန်းရှင် ဦးစိုးနိုင်က ပြောပါတယ်။
      ငါးရှဉ့်မျိုးများ ထိန်းသိမ်းရန် ငါးလုပ်ငန်း ဦးစီးဌာနမှ အရွယ်အစား သတ်မှတ်ထားပြီး ငါး စင်တီမီတာလုံးပတ် အထက်သာ ဖမ်းဆီးတင်ပို့ ရောင်းချလျက်ရှိကြောင်း၊ တရုတ် နှစ်သစ်ကူးချိန် မှာ အရောင်းအဝယ်သွက်လျက် ယခု လို ရှစ်လပိုင်း တရုတ်နိုင်ငံ ဘုရားရှိခိုး ဆုတောင်းပွဲမှာ အရောင်းအဝယ်သွက် နိုင်သော်လည်း ရန်ကုန်- မူဆယ် ကားလမ်းသွားလာနိုင်မှု အခက်အခဲပေါ်မူတည်၍ အရောင်းအဝယ်သွက်မှုနှင့် အရောင်းအဝယ်အေးမှုဖြစ်နိုင်ကြော င်း ၎င်းက ဆက်လက် ပြောကြားပါတယ်။

 

မင်းမင်းဦး

Local Trade News

Pages