ပြည်နှမ်းဈေးကွက်တွင် မျိုးသမားများအဝယ်လိုက်လာ၍ ဈေးပြန်မြင့်

Tue, 06/07/2016 - 07:51 -- admin_ygn

          ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မျိုးနှမ်းများအဝယ်ရှိ သဖြင့် နှမ်းဈေးပြန်တက်လာတာတွေ့ရပါတယ်။ အဝင်မရှိဘဲ လှောင်နှမ်းများကို မျိုးသမားများက အဝယ်ရှိနေသဖြင့်ဈေးမှာ ယခင်တစ်ပတ် ထက် မြင့်တက်လာတာေ တွ့ရပါတယ်။
           ဆီစက်သမားများကလည်း ဆီကြိတ်ရန်အဝယ်ရှိခြင်းနဲ့ နှမ်းနက်ကို မိုးနှမ်းစိုက်ပျိုးရန် မျိုးအဖြစ်အဝယ်ရှိခြင်းတို့ကြောင့်  ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ယခုတစ် ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ကျပ် ၃၀၀၀၀ ဖြင့် ယခင် တစ်ပတ်ထက်စာလျှင် ကျပ် ၇၀၀၀ ဈေးမြင့်လာတာတွေ့ရပြီး ဆီဈေးမှာလည်း  နှမ်းနီတစ်ပိဿာလျှင် ကျပ် ၄၆၀၀ ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါတယ်။ ရိုးရိုးနှမ်းနက် တစ်တင်းလျှင် ကျပ် ၅၃၀၀၀ ဖြင့် ယခင် တစ်ပတ်ထက်စာလျှင် ကျပ် ၂၀၀၀၀ ဈေးမြင့်လာပြီး၊ စမုံနက် နှမ်း တစ်တင်းလျှင် ကျပ် ၁၃၀၀၀ ဈေးဖြင့် မျိုးသမားများ အဝယ်လိုက်လာ၍ ယခင်တစ်ပတ်ထက်   ကျပ် ၆၆၀၀ခန့် ဈေးမြင့်လာတာ တွေ့ရပါတယ်။  

 

 ဝေေ၀မင်း

Local Trade News

Pages