ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းအထိ ရောက်ရှိလာ

Thu, 02/16/2017 - 05:47 -- admin_ygn

       တရုတ်နှစ်သစ်ကူးကာလတွင် ရွှေအရောင်းအဝယ်များအေးခဲ့ပြီး ဈေးကျဆင်း ခဲ့သည့် ပြည်တွင်းရွှေဈေးများသည် ကမ္ဘာ့ရွှေဈေးမြင့်တက်မှုနှင့်အဝယ်လိုက်လာ မှုများကြောင့် ဈေးများမြင့်တက်ခဲ့ကာ အမြင့်ဆုံးဈေးအဖြစ် ကျပ် ကိုးသိန်းအထိ ရောက်ရှိခဲ့ကြောင်း ရွှေဈေးကွက်အတွင်းမှသိရှိရသည်။ ထို့ပြင် ယခုရက်ပိုင်းအတွင်း ထွက်ပေါ်လာခဲ့သည့် အခွန်သုံးရာခိုင်နှုန်းကိစ္စ ကြောင့် ပြည်တွင်း၌ ရွှေဝယ်သူများ ယခင်ကထက်ပိုမိုများပြားလာခဲ့ေ ကြာင်း၊ ေ ရွှ ဈေးဆက်လက်မြင့်တက်နိုင်သည်ဟူသည့် သုံးသပ်ချက်ကြောင့်လည်း ရွှေဝယ်သူများ ပိုမိုများပြားလာခဲ့ခြင်းဖြစ်ကြောင်း၊ အခွန် သုံးရာခိုင်နှုန်းစနစ်သည် လာမည့် ဧပြီ ၁ ရက်တွင်စတင်မည်ဖြစ်သဖြင့် ယင်းနေ့မတိုင်မီ ရွှေဝယ် ထားကြခြင်းဖြစ် ကြောင်း ရွှေကုန်သည် တစ်ဦးက သုံးသပ်ခဲ့သည်။
        "ကမ္ဘာ့ရွှေဈေးတက်လာတဲ့အချိန်မှာ အခွန်သုံးရာခိုင်နှုန်းကိစ္စကြောင့် အဝယ်တွေလိုက်လာပြီး ဈေးတွေ မြင့်တက်လာရတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။ ရွှေဝယ်သူတွေအတွက် ထပ်ဆင့်ရင်းရမယ့်ကိစ္စဖြစ်နေေ တာ့ နောက် ပိုင်းဆိုရင် ဈေးကွက်အေးသွားမယ့်အဖြစ်မျိုးနဲ့ ကြုံလာရနိုင်ပါတယ်"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။ ပြည်တွင်းရွှေဈေးကွက်တွင် ဖေဖော်ဝါရီ ၆ ရက်က အခေါက်ရွှေ  တစ်ကျပ်သားလျှင် ကျပ် ၈၈၂၀၀၀ ရှိခဲ့ရာ မှ ဖေဖော်ဝါရီ ၉ ရက် တွင် ကျပ်ကိုးသိန်းသို့မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျပ် ၈၉၀၀၀၀ သို့ အနည်းငယ်ပြန်လည်ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ ၆ ရက် က တစ်အောင်စလျှင် ၁၂၂၄ ဒေါ်လာရှိခဲ့ ရာမှ ဖေဖော်ဝါရီ ၉ ရက်တွင် ၁၂၄၁ ဒေါ်လာသို့ မြင့်တက်သွားခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages