ပြည်တွင်းရွှေဈေးနှုန်းများ ဈေးအတက်အကျ အနည်းငယ်သာရှိ

Wed, 12/14/2016 - 05:44 -- admin_ygn

         ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးနှုန်းများသည် အတက်အကျအနည်းငယ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှသိရသည်။ ကမ္ဘာ့ရွှေဈေးနှုန်းများ ကျဆင်းနေသော်လည်း ပြည်တွင်း ေ ငွလဲနှုန်းများ မြင့်တက်နေ သဖြင့် ပြည်တွင်းရွှေဈေးနှုန်းများ အတက်အကျ အနည်းငယ်သာရှိနေခြင်းဖြစ်သည် ဟု ရွှေကုန်သည်တစ်ဦးက ဆိုသည်။
       "ကမ္ဘာ့ရွှေဈေးကတော်တော်လေးကို ကျနေပေမယ့် ပြည်တွင်းငွေလဲနှုန်းက မြင့်တက်နေတဲ့အတွက် ပြည်တွင်းရွှေဈေးက သိပ်မကျဘဲ အတက်အကျ အနည်းငယ်နဲ့ ဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေပါတယ်။ တကယ် ဆိုပြည် တွင်းရွှေဈေးက ကမ္ဘာ့ရွှေဈေးကျတာနဲ့ဆို ကျပ်ရှစ်သိန်းအောက်မှာရှိနေရမှာ"ဟု ရွှေကုန်သည် ဦးစံမြင့်က ဆိုသည်။ ပြည်တွင်းရွှေဈေးနှုန်းများသည် ဒီဇင်ဘာလ၅ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၅၈၀၀၀ ရှိခဲ့ပြီး ဒီဇင်ဘာလ ၇ရက်တွင်ကျပ် ၈၅၆၀၀၀သို့ အနည်းငယ်သာကျဆင်းခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်တွင် ၈၅၅၀၀၀ သို့ အနည်းငယ်ဆက်လက် ကျဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဒီဇင်ဘာလ၅ရက်က တစ်အောင်စလျှင် အမေရိကန်ေ ဒါ်လာ ၁၁၇၇ ရှိခဲ့ပြီး ဒီဇင်ဘာလ ၁၀ ရက်တွင် အမေရိကန်ဒေါ်လာ ၁၁၆၀ ရှိခဲ့သည်။

Local Trade News

Pages