ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်နေ

Thu, 06/20/2019 - 05:22 -- admin_ygn

     ပြည်တွင်းငွေလဲဈေးကွက်သည်  ယခုရက်သတ္တပတ်အတွင်း ဈေးငြိမ်နေခဲ့ ကြောင်း  ပြည်တွင်းငွေလဲဈေးကွက်မှ စုံစမ်းသိရှိရသည်။  မြန်မာနိုင်ငံတော်ဗဟို ဘဏ်က ရည်ညွှန်းငွေလဲနှုန်းကို မေလနောက်ဆုံးပတ်က အမေ ရိကန်တစ်ဒေါ်လာ လျှင် ၁၅၂၅ကျပ်မှ ယခုရက်သတ္တပတ်တွင် ၁၅၂၆ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ ကြောင်းသိရသည်။ ပြည်တွင်းဈေးကွက်၌ ယခုရက်သတ္တပတ်တွင်အမေရိကန်ဒေါ်လာကို ရောင်းလိုအားများခဲ့သော်လည်း ဝယ်လိုအားနည်းခဲ့လို့ အရောင်းအဝယ်ဖြစ်မှု  နည်းနေခဲ့ ကြောင်း၊ အခြားကုန်စည်များဖြစ်သည့် ရွှေနှင့်ရေနံတို့မှာ ဈေးအဆ မတန်မြင့်တက် နေခြင်းကြောင့် ဒေါ်လာကို လူကြိုက်နည်းနေခြင်းဖြစ်ကြောင်း၊  နိုင်ငံတကာ ဈေး ကွက်တွင်လည်း  အမေရိကန်-တရုတ်ကုန်သွယ်ရေးတင်းမာမှုအရှိန်ပြင်းထန် လာခြင်းကြောင့် ကမ္ဘာ့ကုန်သွယ်ရေးလောကကို ထိခိုက်မှုရှိလာကြောင်း ပြည်တွင်း ငွေကြေးအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
       ပြည်တွင်းငွေလဲနှုန်းဈေးကွက်တွင် ဇွန် ၁၀ရက်ကအမေရိကန်တစ်ဒေါ်လာ ရောင်းဈေး ၁၅၂၇ကျပ်၊ ဝယ်ဈေး ၁၅၂၄ ကျပ်မှ ဇွန် ၁၅ရက်တွင် အမေရိကန် တစ် ဒေါ်လာရောင်းဈေး  ၁၅၂၇ကျပ်၊ ဝယ်ဈေး ၁၅၂၃ကျပ်ဖြင့်  ဈေးဖြစ်ပေါ်ခဲ့ပြီး ဇွန်၁၄ရက်တွင် အမေရိကန်တစ်ဒေါ် လာ ရောင်းဈေး ၁၅၂၅ကျပ်၊ ဝယ်ဈေး ၁၅၂၁ ကျပ်ဖြင့် ဈေးပိတ်ခဲ့ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages