ပြည်ဈေးကွက်တွင် လုံးဆန်အဝယ်ရပ်လို့ ဈေးကျပြီး ဆီဆန်ဈေးငြိမ်

Mon, 10/10/2016 - 07:45 -- admin_ygn

      ပြည်ဈေးကွက်တွင် ယခုတစ်ပတ်၌ လုံးဆန်အဝယ်ရပ်သဖြင့် ဈေး ကျလာပါတယ်။ ဆီဆန်ဈေးမှာ အဝယ်ရှိသော်လည်း ဈေးငြိမ်နေတာ တွေ့ရပါတယ်။   မြန်အောင်၊ ကြံခင်း၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ ဝက်ထီးကန်ဘက် မှ တစ်နေ့လျှင် အိတ် ၁၅၀၀ ခန့်အဝင်ရှိပြီး မကွေး၊ မြင်းခြံ၊ ပခုက္ကူနှင့်ရန်ကုန်ဘက်မှ ဆီဆန်ကို အဝယ်ရှိနေတာတွေ့ရပါ တယ်။ လုံးဆန်ကိုဝယ်လက်အဝယ်ရပ်သဖြင့် ဈေးကျနေတာတွေ့ရပါ တယ်။ မြေပဲဆန်ဈေးအနေဖြင့် စက် တင်ဘာလဆန်းတွင် ဆီဆန်တစ် ပိဿာလျှင် ကျပ် ၁၆၀၀ နဲ့ လုံးဆန်တစ်ပိဿာလျှင် ၂၁၅၀ကျပ်ဈေးရှိခဲ့ပြီး စက်တင်ဘာလကုန်တွင် မြေပဲဆီဆန်တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နှင့် လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၉၀၀ဖြင့်ဈေးကျလာတာတွေ့ရပါတယ်။
      ယခုတစ်ပတ် အောက်တိုဘာလဆန်းပိုင်းတွင်  မြေပဲဆီဆန် တစ်ပိဿာလျှင် ၁၄၅၀ ကျပ်နဲ့ လုံးဆန် တစ်ပိဿာလျှင် ကျပ် ၁၇၀၀ ဈေးရှိတာတွေ့ရပါတယ်။ မြေပဲဆီဈေးမှာလည်း တစ်ပိဿာလျှင် ကျပ် ၄၄၀၀ ဈေးဖြင့် တစ်ပိဿာလျှင် ကျပ်  ၁၀၀ ဈေးကျလာတာ တွေ့ရ ပါတယ်။

 

 ဝေေ၀မင်း

Local Trade News

Pages