ပြည်ကြက်သွန်နီဈေးကွက် အတက်အကျမြန်

Wed, 10/05/2016 - 06:19 -- admin_ygn

        ပြည်ဈေးကွက်တွင် ကြက်သွန်နီ အရည်အသွေးပေါ် မူတည်၍ ယခုတစ်ပတ် အတွင်းမှာပင် ဈေးတက်လိုက်ကျလိုက်နှင့်ပြောင်းလဲမှုများ ဖြစ်ပေါ်နေပါတယ်။ဆိပ်ဖြူ၊ ရေနံချောင်း၊ပခုက္ကူ စသည်ဖြင့် နယ်စုံမှ ကြက်သွန်နီများ ဝင်ေ ရာက်မှု များပြားနေပြီး ယခုတစ်ပတ် ဈေး ဖွင့်ချိန်တွင် ပြည်ပွဲရုံများ၌ တစ်ပိဿာလျှင် (ကြီး) ၆၅၀ကျပ်၊(လတ်) ၆၀၀ကျပ်၊ (သေး) ၅၅၀-၅၃၀ ကျပ် တို့နှင့်ဈေးမြင့်သွားပြီး ပိဿာ (၃၀) ဝင် တစ်အိတ်လျှင် ၂၈၀၀ ကျပ်ခန့် ဈေးမြင့် သွားခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့နယ်စုံမှ ဆက်တိုက်အဝင်များနေတဲ့အတွက် ပွဲရုံ များ၌ ယခင်ဈေးနှုန်း အတိုင်း ပြန်လည်ကျဆင်းသွားပါတယ်။ပွဲရုံဈေးအပြောင်းအလဲရှိပေမယ့် ဒေသ တွင်းလက်လီဈေးမှာ ပုံမှန်အတိုင်း တစ်ပိဿာကို(ရှယ်သန့်) ၇၀၀ ကျပ်၊ (ကြီး) ၆၅၀ကျပ်၊ (လတ်) ၅၅၀-၆၀၀ ကျပ်၊(သေး)၄၅၀-၅၀၀ကျပ်တို့နှင့် ရောင်းချနေ ကြောင်း သိရပါတယ်။ အရောင်းအဝယ်မှာလည်း ဒေသတွင်းဝယ်လက်မျာနှင့် ဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်တို့သို့ စားသုံးရန် တင်ပို့မှုအ ပါအဝင် တစ်ရက်ကို အိတ် ၄၅၀ခန့်နှင့် ပုံမှန်ထက်အရောင်း သွက်နေကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ(ပြည်)

 

Local Trade News

Pages