ပို့ကုန်တိုးမြှင့်ဖို့ ပဲတီစိမ်း များများတင်ပို့ကြစို့

Tue, 08/30/2016 - 07:33 -- admin_ygn

        မြန်မာနိုင်ငံရှိ ပြည်နယ်တိုင်း အားလုံးတွင် ပဲတီစိမ်း စိုက်ပျိုးကြပြီး ပဲတီစိမ်းစိုက်ဧကအနေနဲ့  ၂၈၉၇၄၉၇  ဧကရှိရာ ထွက်ရှိမှု တန်ချိန် ၁၅ သိန်းရှိတဲ့အနက် မျိုးစေ့၊ အလေအလွင့်၊ စားသုံးမှု အတွက် တန်ချိန် ၁၈၈၅၁၁  လျာ ထားပြီး ပိုလျံတန်  ၁၃ သိန်းခန့်ကို ပြည်ပသို့ တင်ပို့ရောင်းချကြောင်း သိရှိရ ပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပဲတီ စိမ်းများကို ပြည်ပသို့ တင်ပို့လျက်ရှိရာ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်မှတစ် ဆင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် ဧပြီလမှ ဇူလိုင်လအထိ အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၄၄ သန်းတန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၄၂၇၀ ဒသမ ၈၈၀ တန်တင်ပို့ခဲ့ပါတယ်။ ပဲတီစိမ်းကို မြန်မာနိုင်ငံအထက်ပိုင်းတွင် စစ်ကိုင်း တိုင်းဒေသ ကြီး၊ မြန်မာနိုင်ငံ အလယ်ပိုင်းတွင် မကွေးနဲ့ မန္တလေးတိုင်း ဒေသကြီး၊ မြန်မာ နိုင်ငံအောက်ပိုင်းတွင် ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ မွန်နဲ့ ကရင်ပြည်နယ်ဒေသများတွင် လည်းကောင်း စိုက်ပျိုးကြပါတယ်။ ပဲတီစိမ်းမျိုးများတွင် အလင်း ေ ရာင်တုံ့ပြန်မှုရှိတဲ့ မျိုးနဲ့ အလင်းရောင်တုံ့ပြန်မှု မရှိတဲ့မျိုးဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ သက် တမ်းတို၍ အလင်းရောင်တုံ့ပြန်မှု မရှိသောမျိုးများ သည် အချိန်ကာလမရွေး စိုက်ပျိုးနိုင်ကြောင်း သိရှိရပါတယ်။
         ပဲတီစိမ်းသည် ဒေသအလိုက် စိုက်ပျိုးတဲ့ အချိန်နဲ့ စိုက်ပျိုးတဲ့စနစ်များ ကွဲပြားလျက်ရှိပြီး မိုးကြို၊ မိုးဦး၊ မိုးလယ်၊ မိုးနှောင်း ရာသီမရွေး စိုက်ပျိုးနိုင်ရန်မှာ ပဲရွေးချယ်မှုက အဓိကကျပါတယ်။ ပဲတီစိမ်း စိုက်ပျိုးရာတွင် ရာသီမရွေး စိုက်ပျိုးနိုင် တယ်ဆိုပေမယ့်လည်း အအေးဒဏ်လွတ်ကင်းရန် နဲ့ သီးတောင့်ရင့်မှည့်ချိန်တွင် မိုးမမိစေရန် စိုက်ပျိုး ချိန်ကို အထူးသတိပြုရန် လိုအပ်ပါတယ်။ မြန်မာ ပြည် အထက်ပိုင်းတွင် အအေးဓာတ်မှ လွတ် မြောက်စေရန် စက် တင်ဘာလထက် နောက်ကျ၍ လည်းကောင်း၊ ဖေဖော်ဝါရီလ ဒုတိယပတ်ထက် စော၍လည်းကောင်း မစိုက်ပျိုးမိစေရန် အထူး သတိပြုသင့်ပါတယ်။ပဲတီစိမ်းကို မည်သည့်စနစ်နဲ့ စိုက်သည် ဖြစ်စေ အပင်ပေါက်ကောင်းစေရန်  ၁၈ နာရီမှ ၂၄ နာရီ ရေစိမ်ပြီး ချက်ချင်းကြဲသင့်ပါတယ်။ မကြဲဘဲ ညသိပ်ထားပါက ပုပ်၍ မှိုစွဲနိုင်ခြင်း၊ မျိုးစေ့ ခြောက်သွားပြီး သန္ဓေသာ ပျက်စီးသွားစေနိုင်ပါတယ်။ ပဲတီစိမ်းအထွက်တိုးစေရန်အတွက် စိုက်ပျိုး ချိန်အလိုက် ဂရုပြုဆောင် ရွက်မှသာ ပဲအထွက်နှုန်း ကောင်းမှာ ဖြစ်ပါတယ်။ ပဲတီစိမ်းကို တစ်ဖက်နိုင်ငံသို့ တင်ပို့မည်ဆိုပါက လိုင်စင်လျှောက်ထားရန် မလိုဘဲ အကောက်ခွန်ဦးစီး ဌာနမှ ပို့ကုန်ကြေညာလွှာ ED နဲ့ ပြည်တွင်း အခွန်များဦးစီးဌာနတွင် ၂ ရာခို င်နှုန်း  အခွန် ဆောင်ပြီး တင်ပို့လို့ရပါတယ်။ တရုတ်ဘက်တွင် ရွှေလီမြို့ရှိ အကောက်ခွန်ဦးစီးဌာနမှာ ပဲတီစိမ်း တစ်တန်လျှင် ၁၆၀ ယွမ် အခွန်ဆောင်ရကြောင်း သိရှိရပါတယ်။ ပဲတီစိမ်းကို မြန်မာနိုင်ငံဘက်မှ တရားဝင် တင်ပို့ခွင့်ပြုထားသလို တရုတ်နိုင်ငံ ဘက်မှလည်း တရားဝင် တင်သွင်းခွင့် ပြုထားတဲ့ ပစ္စည်း ဖြစ်ပါတယ်။
           မြန်မာနိုင်ငံမှ ပဲတီစိမ်း (အညာ)၊ ပဲတီစိမ်း (ရွှေဝါ)၊ ပဲတီစိမ်း (ခရမ်း)များကိုဝယ်ယူပြီး တရုတ် ဘက်မှ ပဲတီစိမ်း (ရွှေဝါ)ကို ပိုကြိုက်ကြောင်းနဲ့ ပဲတီစိမ်း(အလုံး) သာမက ခွဲခြမ်းနဲ့ အခွံချွတ်ကိုလည်း ဝယ်ယူကြကြောင်း ပဲတီ စိမ်းအတွက် ကိုတာ စနစ်မရှိကြောင်း၊ ပဲတီစိမ်း(ရွှေဝါ)တစ်တန်လျှင်  ၆၈၈၀ ယွမ်မှ  ၇၀၀၀ ယွမ်အထိဈေးရရှိ ကြောင်း၊ ငွေလဲနှုန်းပျမ်းမျှ တစ်ယွမ်လျှင် ၁၇၈ ကျပ်နှုန်းအရ တစ်တန်လျှင် ၁၂၂၄၆၄၀ ကျပ်မှ  ၁၂၄၆၀၀၀ ကျပ်ဈေး ရရှိပါတယ်။ တရုတ်နိုင်ငံတွင် စက်တင်ဘာလနဲ့ အောက်တိုဘာလတွင် ပဲတီစိမ်းများထွက်ရှိသော်လည်း မြန်မာနိုင်ငံမှာမူ ပဲတီစိမ်းများကို တစ်နှစ်ပတ်လုံးဝယ်ယူကြပါတယ်။ ဝယ်ယူပြီးသည့် ပဲတီစိမ်းများကို တစ်ဖက် နိုင်ငံ သို့ ပေး ပို့ရာတွင် မြန်မာနိုင်ငံမှ ကားများနဲ့ ကြူကုတ်- ပန်ဆိုင်း လမ်းများမှသွားပြီး ဝမ်တိမ် ဘက်ခြမ်းရှိ တရုတ်ဂိုထောင်များတွင် ကုန်ပစ္စည်း များကိုချပြီး တရုတ်ကားများဖြင့် အဆိုပါ ဂိုထောင် များတွင် လာရောက်သယ်ယူကြသလို၊ အချို့ ကား များသည် ရွှေလီရှိဂိုထောင်များတွင် ပဲများကို ချပေးကြကြောင်း၊ အလုပ်သမားခအနေနဲ့ ပဲတီ စိမ်း တစ်တန်လျှင် မူဆယ်ဘက်၌ အတင်၊ အချ  ၂၄၀၀ ကျပ် ဖြစ်ပြီး တစ်ဖက်နိုင်ငံ၌ယွမ် ၂၀  ဖြစ် ကြောင်း သိရှိရပါတယ်။ မြန်မာ့ ပဲတီစိမ်းများကို တရုတ်ကုန်သည် များက ပြန်လည်သန့်စင်ပြီး ယင်းတို့ကုမ္ပဏီ တံဆိပ်ရိုက်နှိပ်ကာ ပြန်လည်ရောင်းချကြပါတယ်။ ပြန်လည်သန့်စင်ပြီး ပဲတီစိမ်းများကို တရုတ်ကုန်သည် က ပြည်မထဲသို့ ပြန်လည်ရောင်းချပါက မေ လနဲ့ ဇွန်လတွင် တစ်တန်လျှင်  ၇၉၀၀ ယွမ်ခန့် ဈေး ရရှိကြောင်းနဲ့ ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ကွမ်တုံ ပြည်နယ်နဲ့ ဟူနန်ပြည်နယ်တို့မှ အများ အပြား ဝယ်ယူကြောင်း သိရှိရပါတယ်။
         တစ်ဖက်နိုင်ငံတွင် ပဲတီစိမ်းကို အမှုန့်ကြိတ် ပြီး မုန့်မျိုးစုံ၊ အချိုမှုန့်၊ ပဲကြာဆန်လုပ်ခြင်း၊ ပဲဆန် ပြုတ် ပြုလုပ်၍ စားသုံးခြင်း၊ ပဲတီစိမ်းအားဖြည့် အဖျော်ရည်ပြုလုပ်ခြင်း၊ အပူဒဏ်ပြင်းချိန်တွင် ဝမ်းအေးအောင် စားခြင်း၊ ရေ ခဲေ ချာင်းထဲတွင် ထည့်သွင်းစားသုံးခြင်းနဲ့ တန်ဖိုးမြှင့်ထုတ်ကုန် ပြုလုပ်၍ ဂျပန်နိုင်ငံနဲ့ တရုတ် (တိုင်ပေ) သို့ တင်ပို့ ပါတယ်။ ဘေးထွက်ပစ္စည်းများကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြု ကြပါတယ်။ ငွေပေး ချေမှုကတော့ မြန်မာနိုင်ငံ မှ ကုန်သည်က တရုတ် နိုင်ငံမှာ ဘဏ်အကောင့်ဖွင့်ထားပြီး ရောင်းရပစ္စည်း တန်ဖိုးငွေကို တရုတ်ကုန်သည်က မြန်မာကုန်သည် ဘဏ်စာရင်းထဲ ထည့်ပေးထားခြင်း၊ အချို့ကုန်သည်များကတော့ မိမိအတွက် စီးပွား ရေး တွက်ခြေ ကိုက်တဲ့ ဥပမာ-မြေဆီများ ပြန်ဝယ် ယူကြောင်း သိရှိရပါတယ်။ မူဆယ်မြို့ရှိ မြန်မာ့ စီးပွားရေးဘဏ်နဲ့ တရုတ်နိုင်ငံရှိ ှုICBC, CCB, ABC တို့နဲ့ စာချုပ်ချုပ်ဆိုထားသဖြင့် ပဲတီ စိမ်း ပို့ကုန်လုပ်ငန်းရှင်များ ငွေပေး၊ ငွေယူ လုပ်ငန်း များ ကို ဆောင်ရွက်ရာတွင် ဘဏ်များကို အသုံးပြု ၍ ဆောင်ရွက်ပါက ပိုမိုစိတ်ချရမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ တင်ပို့သည့် ပဲတီစိမ်းများ သည် မူဆယ်မြို့မှ တင်ပို့ကြသလို ချင်းရွှေဟော် ဘက်မှလည်း တင်ပို့ကြပါတယ်။ တရု တ်နိုင်ငံသို့ ပဲတီစိမ်းတင်ပို့မှုတွင် ASEAN-CHINA သဘောတူညီချက် (Form E) နဲ့ တရုတ်နိုင်ငံမှ ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများအတွက် တစ်ဖက်သတ် အကောက်ခွန်ကင်းလွတ်ခွင့် (Form China) ရပြီး ဈေးပိုမို ရရှိရန် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်မှ အခွန်ကင်းလွတ်ခွင့် Form E  နဲ့ Form China တို့ကို ပဲတီစိမ်း တင်ပို့မယ့် ကုန်သည်များ လျှောက် ထားပါက ထုတ်ပေးလျက်ရှိပါ တယ်။ ပဲတီစိမ်း (ကုန်ကြမ်း)များသာမက စံချိန် စံညွှန်း ပြည့်မီတဲ့ အရည်အသွေးကောင်းမွန်တဲ့ တန်ဖိုးမြှင့် ထုတ်ကုန်(Value Added)များပါ တင်ပို့ နိုင်ရေးအတွက် စိုက်ပျိုးသူ တောင်သူများနဲ့ ကုန်သည်လုပ်ငန်းရှင်များ နည်းပညာ ဖွံ့ဖြိုး တိုး တက်မှသာ ထုတ်လုပ်တင်ပို့နိုင်မှာ ဖြစ်သည့် အ တွ က် အသေးစားအလတ်စား စက်မှု လုပ်ငန်း ရှင်များနဲ့ အလုပ်ရုံ ဆွေးနွေးပွဲများ၊ လေ့လာရေး ခရီးစဉ်များကို သက်ဆိုင်ရာ ကုန်သည်ကြီးများ အသင်းနဲ့ ချိတ်ဆက် ဆောင်ရွက်သွားသင့်ပါ ကြောင်း၊ ပဲတီစိမ်းဈေးပိုမိုရရှိရေးအတွက် end user နဲ့ ချိတ်ဆက်နိုင်ရန် ပဲတီစိမ်း အဓိက အသုံး ပြုမယ့် ပြည်နယ်များသို့ ကုန်သည်အသင်းအဖွဲ့ များအနေနဲ့ သွားရောက်ချိတ်ဆက်ဆောင်ရွက် သင့်ကြောင်း၊ ပဲတီစိမ်းပို့ကုန် တိုးမြှင့်ဖို့ တင်ပို့နိုင် ရေး တင်ပြလိုက်ရပါတယ်။

 

ခင်စန်းဝင်း-မူဆယ်

Local Trade News

Pages