နိုင်ငံ GDP သည် ၂၀၁၈ ခုနှစ်တွင် ကန်ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာ

Tue, 09/03/2019 - 04:54 -- admin_ygn

       မြန်မာနိုင်ငံ၏ GDP  သည် ၂၀ဝ၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ဘီလီယံမှ ၂၀၁၈ ခုနှစ်တွင်အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။ ဩဂုတ် ၂၀ ရက်က ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ပြုလုပ် သော “Myanmar- Japan- US Forum Fostering Responsible Investment Forum” တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
     မြန်မာနိုင်ငံ၏ GDP သည် ၂၀ဝ၀ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံရှိခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၇၁ ဘီလီယံအထိ တိုးတက်လာခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံသည် အာဆီယံနို င်ငံများအနက် စီးပွားရေးတိုးတက်မှု အမြင့်မားဆုံးတစ်နိုင်ငံအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ အစိုးရ၏ပြုပြင်ပြောင်းလဲမှုများကြောင့်  ကုမ္ပဏီသစ်များ၊ ပြည်တွင်းနှင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုတွင်ကျယ်လာသည်ကို တွေ့နိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။
     “Myanmar- Japan- US Forum Fostering Responsible Investment Forum” ကို မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန် ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan-MSDP) နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု မြှင့် တင်ရေးစီမံကိန်း Myanmar Investment Promotion Plan) တို့ အရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာကောင်းများအား သိရှိနိုင်ရန်နှင့် တာဝန်ယူမှုရှိသည့် နိုင်ငံခြားရင်းနှီးမြှု ပ်နှံမှုများ ဖိတ် ခေါ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဖိုရမ်ကို ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး၊ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၊ ဂျပန်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ အမေရိကန်ကုန်သည်ကြီးများ အသင်း၊ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် အမေရိကန်စီးပွားရေး ဝန်ဆောင်မှုအဖွဲ့တို့က ပူးပေါင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages