ဒီတစ်ပတ် မူဆယ်သို့ ဆန်အဝင်တန်ချိန် နှစ်သောင်းကျော်ရှိ

Wed, 04/18/2018 - 06:08 -- admin_ygn

         ယခုတစ်ပတ်ရန်ကုန်ဆန်ဈေးကွက်မှာဆန်အဝင်ပုံမှန်ရှိတဲ့ ဆန်ချောများဈေးငြိမ်နေသော်လည်း ဆန်အဝင်နည်းတဲ့ ကျားပျံပေါ်ဆန်းဈေးတက်ကြောင်း၊ ဆန်အဝင်ပုံမှန်ရှိသော်လည်း အဝယ်အေးသွားတဲ့ ဆန်ကြမ်းအချို့ ဈေးတက် ကြောင်း ဝါးတန်းဆန်ကုန်စည်ဒိုင်မှသတင်းရရှိပါတယ်။ ကုန်စည်ဒိုင်ရဲ့ဆန်လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၆၀၀၀နဲ့ လတ်စတစ်အိတ် ကျပ်၃၅၀၀၀၊ ပုသိမ်။မြောင်းမြပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၆၀၀၀နဲ့လတ်စတစ်အိတ် ကျပ် ၄၄၀၀၀၊ နယ်စုံကျိုက်လတ်ထိပ်စတစ်အိတ်ကျပ် ၃၅၀၀၀နဲ့ လတ်စတစ်အိတ် ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၅၃၀၀၀မှ ကျပ် ၅၅၀၀၀၊ ပေါ်ဆန်းအသစ် ရှယ်တစ်အိတ် ကျပ် ၃၄၀၀၀မှ ကျပ် ၃၅၀၀၀ဖြစ်ပြီး ဈေးငြိမ်နေပါတယ်။ ကျားပျံပေါ်ဆန်း(ရှယ်)တစ်အိတ်ကျပ် ၄၀၀၀၀မှ ကျပ် ၄၃၀၀၀ရှိပြီး ကုန်စည်ဒိုင်ကို အဝင်နည်းတဲ့အတွက် တစ်အိတ်ကို ကျပ် ၂၀၀၀ခန့် ဈေးတက်ကြောင်း သိရပါတယ်။

        ဆန်ကြမ်းမိုးသုခနဲ့အကြမ်းသစ်က ဈေးငြိမ်နေပြီးမိုးသုခတစ်အိတ်ကို ကျပ် ၂၄၅၀၀မှ ကျပ် ၂၆၀၀၀၊ အကြမ်းသစ်က တစ်အိတ်ကို ကျပ် ၂၂၇၀၀မှကျပ် ၂၃၀၀၀ဖြစ်ပါတယ်။တရုတ်ဘက်ကအဆွဲများတဲ့ ဧည့်မထ၊ ရက် ၉၀နဲ့ သီးထပ် ရှယ်ဆန်များကတော့ သြင်္ကန်နားနီးတဲ့အတွက် အဝယ်လျော့သွားတာကြောင့် ဈေးကျသွားတယ်လို့သိရပါတယ်။ ဧည့်မထ ၂၅မှတ်ဆန်တစ်အိတ် ကျပ် ၂၀၀၀၀မှ ကျပ်၂၀၃၀၀၊ရက် ၉၀ဆန်တစ်အိတ် ကျပ် ၂၂၀၀၀မှ ကျပ် ၂၂၅၀၀၊ သီးထပ် ရှယ်တစ်အိတ်ကျပ် ၂၁၅၀၀မှ ကျပ် ၂၁၇၀၀ဖြစ်ပြီး တစ်အိတ်ကို ကျပ် ၅၀၀ခန့်ဈေးကျကြောင်း ဝါးတန်းဆန်ဈေးကွက်မှ သိရပါတယ်။ ယခုတစ်ပတ် မူဆယ်ဆန်ဈေးကွက်မှာ ဧည့်မထမှော်ဘီနဲ့ စူပါဈေးကျပြီး သုခ ဆန် အနည်းငယ်ဈေး တက်ကြောင်း သိရပါတယ်။ ဧည့်မထ ရက် ၉၀ တစ်အိတ် ၁၃၇ ယွမ်မှ ယွမ် ၁၄၀၊ ဧည့်မထ ၅မှတ် မှော်ဘီ တစ်အိတ် ၁၃၄ ယွမ်မှ ၁၃၅ ယွမ်၊ဧည့်မထ ၁၀မှတ် မှော်ဘီ တစ်အိတ် ၁၃၁ ယွမ်မှ ၁၃၂ ယွမ်၊ ဧည့်မထ ၁၀မှတ် စူပါ တစ်အိတ် ၁၃၃ ယွမ်မှ ၁၃၅ ယွမ်ရှိပြီးတစ်အိတ်ကို ၅ ယွမ်ခန့်အထိ ဈေးကျကြောင်းသိရပါတယ်။

       ဧည့်မထ မှော်ဘီနဲ့ စူပါဈေးကျသော်လည်း သုခဆန်အနည်းငယ် ဈေးတက်ပါတယ်။ သုခ ၁၅မှတ် တစ်အိတ် ၁၂၉ ယွမ်မှ၁၃၁ ယွမ်၊ သုခ ၂၅မှတ် တစ်အိတ် ၁၂၆ ယွမ်မှ ၁၂၈ ယွမ်ရှိပြီးတစ်အိတ်ကို ၃ ယွမ်ခန့်ဈေးတက်ေ ကြာင်း သိရပါတယ်။ငစိန်ဆန်ကတော့ ၅မှတ်ဆန် တစ်အိတ် ၁၂၇ ယွမ်မှ ၁၂၈ယွမ်၊ ၁၅မှတ် တစ်အိတ် ၁၂၄ ယွမ်မှ ၁၂၆ ယွမ်၊ ၂၅မှတ် တစ်အိတ် ၁၂၁ ယွမ်မှ ၁၂၃ ယွမ်ရှိပြီး ဈေးငြိမ်နေကြောင်း သိရပါတယ်။မြို့တွင်းနယ်စုံမှ မူဆယ်သို့ ဆန် အဝင်မှာ မတ်လ၂၇ရက်မှ ဧပြီ ၂ရက်အထိ ၂၆၃၂၉တန်ရှိကြောင်း၊ အရောင်းအဝယ်ပုံမှန်ရှိကြောင်းနဲ့ မြန်မာ့ရိုးရာနှစ်သစ်ကူးသြင်္ကန်ကာလများမှာတော့ ကုန်သည်အချို့နားကြမှာဖြစ်တဲ့အတွက် အရောင်းအဝယ်ေ လျာ့ကျသွားနို င်ကြောင်း မူဆယ်မှ သတင်းရရှိပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages