တောင်ကြီးတန်ဆောင်တိုင်ပွဲတော် ကာလအတွင်း ထောပတ်သီးများ အရောင်းသွက်

Mon, 11/25/2019 - 04:02 -- admin_ygn

      ရှမ်းပြည်နယ် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက်အထိ ကိုးရက်တိုင်တိုင် ကျင်းပ ခဲ့သည်။   တန်ဆောင်တိုင်ပွဲတော်သို့ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်များလာရောက် လည်ပတ်ကြည့်ရှုခဲ့ ကြပြီး အိမ်အပြန်ဒေသလက်ဆောင်အဖြစ် ထောပတ်သီးများ ဝယ်ယူသွားကြရာ ထောပတ်သီးများ ဈေး ကွက်မှာ အရောင်းသွက်ခဲ့ကြောင်း သိရသည်။ ထောပတ်သီးကို အောက်တိုဘာလမှ စတင်ပေါ်ခဲ့ရာ ယခုအချိန်တွင် လှိုင်လှိုင်ပေါ်ထွက်နေပြီးဖြစ်သည်။ ထောပတ် သီးဈေးကွက်ဈေးနှုန်း များမှာ အသီးအမျိုးအစားနှင့် အရွယ်အစားလိုက်၍ ကျပ် ၂၀ဝ မှ ၁၅၀ဝ အထိ ရောင်းချခဲ့ရသည်။

 

စောမောင်(တောင်ကြီး)

Local Trade News

Pages