တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဝယ်လိုအားများပြားမှုကြောင့် မြန်မာ့ငရုတ်အစိုများ ဈေးနှုန်းမြင့်တက်

Thu, 06/20/2019 - 04:08 -- admin_ygn

       တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဝယ်လိုအား များပြားမှု ကြောင့် မြန်မာ့ငရုတ်အစိုများ ဈေးနှုန်းမြင့်တက်နေကြောင်း စားဖိုဆောင်သီးနှံ  စိုက်ပျိုးထုတ်လုပ်တင်ပို့ေ ရာင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးခင်ဟန်က ဇွန် ၁၃ ရက်တွင် ပြောသည်။ " မြစ်ဝကျွန်းပေါ်မှာရှိတဲ့ အစို မိုးထောင်ငရုတ်သီး သာမို နဲ့ ဒီမိုဆိုပြီး နှစ်မျိုးရှိတယ်။ အဲဒါေ တွ ကို အစိမ်းအတိုင်း ဝယ် တာ။ ကျွန်တော်တို့ အအေးခန်းကားတွေနဲ့ ပို့နေတယ်။ တကယ် လို့ အစိုတစ်ပိဿာကို လှန်း မယ်ဆိုရင် ကျပ် ၂၄၀၀၀၊ ၂၅၀၀၀ လောက် ကျမယ်။ ဘာလို့လဲဆိုရင် သူက ၄ ချိုး ၁ ချိုးပဲထွက်တယ်။ အခုက အစိုအတိုင်းပဲသွားနေတဲ့အတွက် အခြောက်ကိုမရှိဘူး။ မရှိတော့ အိန္ဒိယကဝင်တာရှိတယ်၊ တချို့လည်း ဗီယက် နမ်က ဝင်တာရှိတယ်။ ပြီးခဲ့တဲ့နှစ်က လက်ကျန်တွေရှိ တယ်။ အဲဒါတွေ ရောင်းနေကြတယ်။  ဒီရက်ပိုင်းမှာ ဈေးက အတော်တက်သွားတယ်"ဟု ၎င်းက ပြောသည်။
       ယခင်က ငရုတ်အစိုဈေး ကျပ် ၁၅၀၀ မှ ၂၀၀၀ အတွင်း ရှိခဲ့သော်လည်း လက်ရှိတွင် ငရုတ်အစို တစ်ပိဿာလျှင် ၈၅၀၀ ကျပ်အထိ ဈေးနှုန်းမြင့်တက်နေသည် ဟုဆိုသည်။ လက်ရှိတွင် ပြည်တွင်း၌ ငရုတ်အစို ရှားပါးေ နသောကြောင့် စားသုံးသူများ နစ်နာမှု မရှိစေရန်အတွက် နယ်စပ်မှ တရား ဝင် တင်သွင်းခွင့် ပြုရန် စီးပွားေ ရးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ အကြံပြု တင်ပြထားကြောင်း ၎င်းကပြောသည်။ "သူတို့ဘက်ကလည်း FDA ထောက်ခံချက်ပေးဖို့၊ အသင်း ကို ဒါကို သွင်းခွင့်ပြုဖို့ ထောက်ခံချက်တောင်းတယ်။ ကျွန် တော်တို့ကလည်း ကျွန်တော်တို့ ဆုံးဖြတ်ပြီးပေးလို့ မရဘူး။ နိုင်ငံတော်အနေနဲ့ပဲ လုပ်လို့ရမယ်။ အဲဒါလေးကိုတော့ အကြံပေးထား တယ်။ သူတို့ ဒီရက်ပိုင်းမှာပဲ ကျောက်ဆည်မှာအစည်းအဝေး လုပ်မယ်ဆိုတော့ အစည်းအဝေးလုပ်ပြီး သူတို့ တင်ပြပြီးရင်တော့ သွင်းခွင့်ပြုသင့်တယ် ဆိုရင် သူတို့ခွင့်ပြုမှာပေါ့။ တကယ်လို့ ခွင့်ပြုလိုက်ပြီ ဆိုရင်တော့ ထိုက်သေ လာက်တော့ ဈေးနည်းနည်း လျော့သွားမယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် တော့ မကြာခင် မှာ ငရုတ်သီးဈေးက တစ်သောင်း အထက်နား မှာ ရောက်သွားလိမ့်မယ်"ဟု ၎င်းက ပြောသည်။ မိုးထောင်ငရုတ်သီးဈေးနှုန်းသည် ယခင်က တစ်ပိဿာ လျှင် ကျပ် ၄၀၀၀ ဝန်းကျင်ရှိရာမှ ယခုအခါ ကျပ် ၆၀၀၀ ခန့်အထိ မြင့်တက်လာခဲ့သည်ဟုဆိုသည်။ ငရုတ်အစိုများကို ပြည်ပသို့  တင်ပို့ရာတွင် အစိမ်းအတိုင်းဖြင့်သာ တိုက်ရိုက် အအေးခန်းအတွင်း ထည့် သွင်းသိုလှောင်  ဝယ်ယူခြင်းဖြစ် ကြောင်း သိရသည်။
        "အရင်က ဝယ်ပေမယ့် အခုလို အများကြီး မဝယ်ဘူး။ အဓိက သူတို့ဝယ်နေတာက ဗီယက်နမ်နဲ့ အိန္ဒိယကပါ။ အဲဒီ နိုင်ငံတွေက ဝယ်လို့မရလို့ မြန်မာနိုင်ငံက ဝယ်တယ်လို့ကြား တယ်။ ဒီရက်ပိုင်း တော်တော်ဝယ်အားေ ကာင်းတယ်။ တစ် ယောက်ကို ကားအစီး ၁၅၊ ၂၀ လောက်ဝယ်နေတာ။ စိုက်တဲ့ သူက  ခြောက်အောင်ေ တာင် စောင့်စရာမလိုဘူး။ အစိုတွေ စွတ်ရောင်းပစ်တာ"ဟု ၎င်းက ပြောသည်။ အဆိုပါငရုတ်အစိုများကို တရုတ်နိုင်ငံ အနေဖြင့် ယခင်က ဝယ်ယူမှု နည်းပါးခဲ့သော် လည်း ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစတင်၍  ပိုမိုဝယ်ယူလာခြင်းဖြစ်ကြောင်း သိရသည်။ ဘုရင့်နောင်ကုန်စည်ဒိုင်သို့ လက်ရှိတွင် မြစ်၀ ကျွန်းပေါ်ဒေသ များဖြစ်သည့် မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မ၊ ရွှေလောင်း စသည့် ဒေသများမှထွက်ရှိသည့် ငရုတ်များ ဝင် ရောက်နေပြီး မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ထွက်ရှိ သော ငရုတ်များသည်လည်း ဈေးကွက်အတွင်း မကြာမီဝင် ရောက်လာေ တာ့မည်ဖြစ်ကြောင်း သိရသည်။

 

ပန်းဆု

Local Trade News

Pages