တရုတ်နိုင်ငံသို့ သရက်သီးများ စတင်တင်ပို့

Wed, 04/26/2017 - 08:46 -- admin_ygn

       သြင်္ကန်ကာလဖြစ်တဲ့ ဧပြီ ၈ ရက် မှ ၁၄ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုည  ဒသမ ၂၂၄ သန်း တန်ဖိုးရှိ သရက်သီး တန် ၆၆၀ ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ စိန်တစ်လုံး သရက်သီး အများဆုံးထွက်ရှိ တဲ့ စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း တန်ချိန် ၂၅၀၀ မှ ၃၀၀၀ ကြား ထွက်ရှိနေပြီး ယင်းတို့ကို မူဆယ်(၁၀၅) မိုင်မှ တစ်ဆင့် တရုတ်နိုင်ငံသို့  တင်ပို့ရောင်းချနေကြောင်း  သရက်စိုက် တောင်သူများက ပြောပါတယ်။ မြန်မာ နိုင်ငံတွင် သရက်စိုက် ဧကခုနစ်သောင်းကျော်ရှိပြီး  စိန်တစ်လုံး သရက် တစ် ဧက စိုက်တဲ့ခြံက တစ်နှစ်ကို ပျမ်းမျှ တစ်တန်ခွဲထွက်သလို ရင်ကွဲသရက် တစ်ဧကစိုက်ခင်းကတော့ တစ်နှစ်ကို ပျမ်းမျှ သုံးတန်လောက် ထွက်ရှိတယ်လို့ သိရ ပါတ ယ်။

 

မော်မော်အောင်