ဆန်တင်ပို့မှု နယ်စပ်မှပိုမိုပြီး ရေကြောင်းမှလျော့ကျ

Wed, 04/18/2018 - 04:37 -- admin_ygn

        မတ်လ ၁၇ရက်မှ ၂၃ရက်အထိ ကာလအတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ  ကုန်သွယ်ရေးစခန်းများမှ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၄၆၉ သန်းတန်ဖိုးရှိ  ဆန်နဲ့ကောက်ညှင်း ဆန်တန်ချိန် ၃၈၅၅၀ တင်ပို့ခဲ့ပါ တယ်။ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧည့်မထဆန် တန်ချိန် ၂၉၄၆၀၊ ကောက် ညှင်းဆန် ၆၄ တန်၊ လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ဧည့်မထ ဆန် ၈၇၉၃တန်နဲ့  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၂၃၃ တန် တင်ပို့ခဲ့ပါတယ်။မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ  မောင်တောကုန်သွယ် ရေးစခန်း မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၇၆ သန်းတန် ဖိုးရှိ ဧည့်မထဆန် ၁၂၆၁တန်တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က မြန်မာ-တရုတ်နဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နှစ်ခုမှ ဆန်တင်ပို့မှုမှာ ၃၄၈၂၂ တန်ဖြစ်ပြီး ယခုတစ်ပတ်မှာ ၃၉၈၁၁ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်ဆန်တင်ပို့မှု ၄၉၈၉ တန်ပိုမိုကြောင်းသိရပါတယ်။ ယခုတစ် ပတ် ဆန်ကွဲတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ  သုည ဒသမ ၂၀၅ သန်းဖိုးနဲ့ တန်ချိန် ၆၅၀ဖြစ်ပြီး  မူဆယ်မှ ၃၄၂တန်နဲ့လွယ်ဂျယ်မှ   ၃၀၈တန်တင်ပို့ခဲ့တာဖြစ်ပါတယ်။ ယခင်တစ်ပတ်က ဆန်ကွဲ ၉၀၅တန်တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ်မှာ ဆန်ကွဲတင်ပို့မှု ၂၅၅တန်လျော့ကျခဲ့တာ တွေ့ရ ပါတယ်။  မတ်လ ၁၈ ရက်မှ ၂၄ ရက်အထိ   သီတင်းတစ်ပတ် အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၃၄၇ သန်းတန်ဖိုးရှိ ဆန်ဖြူနဲ့  ပေါင်းဆန် ၁၉၇၂၄တန် ကို အာရှ၊ ဥရောပနဲ့အာဖရိကနိုင်ငံများသို့  တင်ပို့ခဲ့ပါတယ်။

       ယခုတစ်ပတ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့  ဆန်တန်ချိန် ၇၇၅၀၊ အင်ဒိုရာနိုင်ငံသို့  ဧည့်မထဆန်တန်ချိန် ၆၀၀၀ အများ ဆုံးတင်ပို့ခဲ့ပြီး မလေးရှား၊ ဗီယက်နမ်၊ တရုတ်၊ ရုရှား၊ကင်မရွမ် နဲ့အီးယူနိုင်ငံများသို့ တင်ပို့ ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်တင်ပို့မှု နဲ့နှိုင်းယှဉ်ပါက ယခုတစ်ပတ်မှာ တန်ချိန်နှစ်သောင်းကျော်လျော့နည်းခဲ့ကြောင်း သိရပါတယ်။အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၈၇ သန်း  တန်ဖိုးရှိ ဆန်ကွဲ ၈၈၄၆ တန် ကို စင်ကာပူ၊  ဆီနီဂေါနဲ့အီးယူနိုင်ငံ များသို့ တင်ပို့ခဲ့ပြီး ဆီနီဂေါနိုင်ငံသို့  ဆန်ကွဲတန်ချိန် ၃၀၀၀ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်တင်ပို့မှုနဲ့ နှိုင်းယှဉ်ပါက ယခုတစ်ပတ် မှာ တန်ချိန်တစ်သောင်းကျော် လျော့ကျခဲ့တာေ တွ့ရပါတယ်။ ယခုတစ်ပတ်ဆန်တင်ပို့မှုမှာ ကုန်သွယ်ရေးစခန်းများမှ ပိုမိုပြီး ပင်လယ်ရေကြောင်းမှ လျော့ကျခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာတော့ နယ်စပ်ရောရေကြောင်းမှပါ လျော့ကျခဲ့တာ တွေ့ရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages