ဆန်ချောဈေးကျပြီး အရောင်းအဝယ် ပုံမှန်ရှိ

Wed, 08/31/2016 - 02:50 -- admin_ygn

         ရန်ကုန်မြို့ ဆန်ဈေးကွက်မှာ ဝါးတန်းကုန်စည်ဒိုင်ရဲ့လက်ကား ဈေးနှုန်းအရ သြဂုတ် ၂၆ရက်အထိ တစ်ပတ်အတွင်း ဆန်ချော တစ်အိတ်လျှင် ကျပ် ၅၀၀ခန့် ဈေးကျကြောင်းသိရပါတယ်။ ဖျာပုံပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကို ကျပ် ၃၅၅၀၀၊ လတ်စ တစ်အိတ်ကို ကျပ် ၃၃၀၀၀၊ မြောင်းမြ ပုသိမ်ပေါ်ဆန်း ထိပ်စတစ်အိတ်ကို ကျပ် ၃၇၀၀၀၊ လတ်စ တစ်အိတ် ကျပ် ၃၄၀၀၀၊ နယ်စုံ ကျိုက်လတ် ထိပ်စ တစ်အိတ် ကျပ် ၃၃၅၀၀၊ လတ်စတစ်အိတ် ကျပ် ၃၁၅၀၀ ဖြစ်ပြီး၊ ယခင်တစ်ပတ်ထက် တစ်အိတ်ကို ကျပ် ၅၀၀စီ ဈေး ကျလာပါတယ်။ ဈေးကျပေမယ့် အဝင်ပုံမှန်ရှိပြီး အရောင်း အဝယ်လည်း ပုံမှန်ရှိကြောင်း သိရပါတယ်။
          ဧည့်မထ ထိပ်စတစ်အိတ် ကျပ် ၂၂၀၀၀၊ လတ်စ တစ် အိတ် ကျပ် ၂၀၂၀၀၊ နွေဆန် ရက်၉၀ တစ်အိတ် ကျပ် ၂၀၀၀၀ မှ ၂၂၀၀၀ ဖြစ်တဲ့အတွက် တစ်အိတ် ကျပ် ၅၀၀ခန့် ဈေးကျ ပါတယ်။ နွေသီးထပ်ရှယ် တစ်အိတ် ကျပ် ၁၉၅၀၀ မှ ၂၀၃၀၀၊ မနောသုခ တစ်အိတ် ကျပ် ၂၆၀၀၀မှ ၂၇၀၀၀၊ ပြည်ပအိတ်စ်ပို့ ဧည့်မထတစ်အိတ် ကျပ် ၁၇၂၀၀မှ ၁၇၅၀၀ ဖြစ်ပြီး ယခင်တစ် ပတ်အတိုင်း ဈေးငြိမ်နေပါတယ်။ မူဆယ်ဆန် ဈေးကွက်မှာ သြဂုတ် ၂၆ရက် ေ ဈးနှုန်းအရ ဆန်ဈေး အတက်အကျသိပ်မရှိဘဲ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဧည့်မထ ၅မှတ် မှော်ဘီတစ်အိတ် ၁၄၃မှ ၁၄၆ ယွမ်၊ စူပါတစ်အိတ် ၁၄၆ မှ ၁၄၉ ယွမ်၊ ဧည့်မထ ၁၀မှတ် မှော်ဘီတစ်အိတ် ၁၃၈ မှ ၁၄၁ ယွမ်၊ စူပါ တစ်အိတ် ၁၄၄မှ ၁၄၅ယွမ်၊ မနောသုခ ၂၅မှတ် တစ်အိတ် ၁၃၀မှ ၁၃၄ယွမ်၊ ငစိန် ၅မှတ် ၁၄၅မှ ၁၄၇ယွမ်၊ ငစိန် ၁၅မှတ် တစ်အိတ် ၁၄၀မှ ၁၄၃ ယွမ်၊ ငစိန် ၂၅မှတ် တစ်အိတ် ၁၃၆မှ ၁၃၈ ယွမ်နဲ့ ယခင်တစ်ပတ် အတိုင်း ဈေးငြိ မ်နေပါတယ်။
         မြို့တွင်းနယ်စုံမှ မူဆယ်ကုန်စည်ဒိုင်သို့ ဆန်အဝင်မှာ သြဂုတ် ၁၉ရက်မှ ၂၅ရက်အထိ တန်ချိန် ၃၁၉၃ တန် ရှိပါ တယ်။ ယခင်တစ်ပတ်ထက် ဆန်အဝင် နည်းပြီး အရောင်း အဝယ်လည်း နည်းနေကြောင်းနဲ့ သြဂုတ် ၂၆ ရ က် ငွေလဲနှုန်း အရ တစ်ယွမ်လျှင် ၁၈၀ကျပ် ဈေးပေါက်ကြောင်း မူဆယ် ဆန်ဈေးကွက်မှ သိရှိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages