စံချိန်တင်မြင့်တက်နေရာမှ ပြန်ကျလာခဲ့သည့် ပြည်တွင်းရွှေဈေး

Wed, 09/18/2019 - 04:31 -- admin_ygn

    စက်တင်ဘာပထမပတ်အတွင်း စံချိန်တင်မြင့်တက်ခဲ့သော ပြည်တွင်းရွှေ ဈေးနှုန်းသည်ယခုရက်တသတ္တပတ်တွင် ဈေးပြန်လည်ကျဆင်းခဲ့ကြောင်းသိရသည်။ "ပြည်တွင်းရွှေဈေးက ရက်ပိုင်းအတွင်းကို တော်တော် ပြန်ကျ သွားတယ်။ အတက်အကျကြမ်းတယ်။ ဈေးထပ်ကျမယ့်ပုံမျိုးပဲ။  ဈေးတက်တာကလည်း ဘဏ တွေနဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်လာရာကနေ ဖြစ်လာတာဆိုတော့ ကောလာဟလတွေ ပျောက်သွားချိန်မှာ ဈေးကွက် ကပြန်ကျသွား တာပါ။ နောက်ပြီး ကမ္ဘာ့ရွှေဈေးတက်ရင် ပြည်တွင်းရွှေလည်းတက်မယ်။ ခုက ကမ္ဘာ့ရွှေဈေးကလည်း အကျဘက်မှာပဲရှိတယ်လေ။ အရင်ကသတိပေးခဲ့သလိုပဲ ရွှေက ပြန်ကျသွားတာမျိုးပါ" ဟု  ပြည်တွင်းရွှေအေ ရာင်း အဝယ်လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
     ပြည်တွင်းရွှေဈေးကွက်တွင် စက်တင်ဘာ၉ရက်က  အခေါက်ရွှေတစ်ကျပ် သားလျှင် ကျပ် ၁၂၄၅၀၀၀ရှိခဲ့ရာမှ စက်တင်ဘာ ၁၂ရက်တွင် အခေါက်ရွှေတစ် ကျပ်သားလျှင် ကျပ် ၁၂၄၂၀၀၀ သို့ ကျဆင်းခဲ့သလို စက်တင်ဘာ ၁၃ ရက်တွင် ကျပ် ၁၂၃၉၀၀၀သို့ထပ်မံကျဆင်းခဲ့ကြောင်း သိရသည်။ကမ္ဘာ့ရွှေဈေးကွက်၌  တစ်အောင်စလျှင် စက်တင်ဘာ ၉ရက်က ရွှေတစ်အောင်စလျှင်  အမေရိကန်ဒေါ်လာ ၁၅၁၀ဒေါ်လာရှိခဲ့ရာမှ စက်တင်ဘာ၁၂ရက်တွင် တစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၅၀၄ဒေါ်လာသို့ဈေးကျဆင်းခဲ့သလို စက်တင်ဘာ ၁၃ရက်တွင် တစ် အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၅၀၃ဒေါ်လာဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ ကြောင်း သိရသည်။

 

သန်းထိုက်အောင်

Local Trade News

Pages