စက်သုံးဆီနှင့် နိုင်ငံတော်ဘဏ္ဍာ

Mon, 10/10/2016 - 07:02 -- admin_ygn

       မြန်မာနိုင်ငံတွင်  တပ်မတော်အစိုးရက သမ္မတဦးသိန်းစိန် အစိုးရထံသို့ အာဏာလွှဲပြောင်းပေးပြီးနောက် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ဖြေလျော့မှုပေါင်းများစွာကို ပြုလုပ်ပေးခဲ့သည်။ သမ္မတဦးသိန်းစိန် အစိုးရ သည် ကုန်သွယ်မှုနှင့်ပတ်သက်၍  လုပ်ငန်းများလျင်မြန်ချောမွေ့စေရေးအတွက် ဖြေလျော့မှုများကို ပြုလုပ်ပေးခဲ့သော်လည်း ကုန်သွယ်မှုပမာဏသည် ယခင်တပ်မတော် အစိုးရတာဝန်ယူသည့် ကာလထက် ပိုမိုတိုးတက်လာခြင်း မရှိသဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုအဖွဲ့ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်က ဖွဲ့စည်းခဲ့ပြီး သမ္မတဦးသိန်းစိန် ကိုယ်တိုင်တာဝန်ယူကာ ဆောင်ရွက်ခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန် ကြီးဌာန ယခင်ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က အတွင်းရေးမှူး အဖြစ် တာဝန်ယူကာ တရားမဝင်ကုန်သွယ်မှုများအား တားဆီးထိန်းချုပ်နိုင်ရန် ပြည်သူ့ရဲတပ်ဖွဲ့၊အကောက်ခွန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီဒီယာ၊ မြို့နယ်ြ ပန် ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန အဖွဲ့စုံပါဝင်သည့် Mobile Team အဖွဲ့များကို ဖွဲ့စည်းခဲ့သည်။ Mobile Team အဖွဲ့များသည် ကုန်သွယ်မှုလမ်းကြောင်းများြ ဖစ်သည့် မြန်မာနိုင်ငံနယ်စပ်ဒေသများရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများ၊ ကမ်းရိုးတန်း ဆိပ်ကမ်းများနှင့်လေဆိပ်များမှ ဝင်ရောက်လာသည့် ကုန်ပစ္စည်းများအား စစ်ဆေးကာ တရားမဝင်ကုန် ပ စ္စည်းများ၊ လိုင်စင်မဲ့ကုန် ပစ္စည်း များအား ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ပါသည်။
       သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် နိုင်ငံတော်၏ မူဝါဒအရ ယာဉ်အို၊ ယာဉ်ဟောင်းများကို အပ်နှံစေ၍ မော်တော်ယာဉ် အသစ်များအား အစားထိုးတင်သွင်းခွင့်ပြု ခဲ့ရာ မော်တော်ယာဉ်များ တင်သွင်းခဲ့သည့် ပမာဏနှ င့် စက်သုံးဆီလိုအပ်ချက် ပမာဏမှာ ပိုမိုတိုးတက်တင်သွင်းလာ ရမည်ဖြစ်သော်လည်း တင်သွင်းမှုပမာဏ များစွာလျော့နည်းနေသည်ကို တွေ့ရှိရသည့်အတွက် စက်သုံးဆီများ တရားမဝင်တင်သွင်းမှုများရှိနေသည်ကို အလွယ်တ ကူပင် သိမြင်နိုင်မည်ဖြစ်သည်။ အဆိုပါအခြေအနေများကြောင့် Mobile Team အဖွဲ့များအနေဖြင့် စက်သုံးဆီ တရားမဝင်တင်သွင်းနေမှုများအား စိစစ်ကြပ်မတ်အရေးယူဆောင်ရွက်ခဲ့ရာ စက်သုံးဆီ တရားဝင်တင်သွင်းမှု ပမာ ဏတိုးတက်လာသော်လည်း တရားမဝင် တင်သွင်းမှုများရှိနေ သေးသည့်အတွက် ပင်လယ်ရေကြောင်းဖြင့် ပြည်ပမှ စက်သုံးဆီ တင်သွင်းမှုအား ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၂၆ရက်နေ့မှစတင်၍ OEA/NEA(Old Explosive Area/ New Explosive Area) တွင် Mobile Team (OEA/NEA) စစ်ဆေးရေးအဖွဲ့၊ အကောက်ခွန်ဦးစီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် SGS(Third Duty) အဖွဲ့တို့ဖြင့် စက်သုံးဆီ များ တင်သွင်းမှုကို လိုင်စင်၊ ID အရနှင့် အမှန်ပါရှိ အရေအတွက်တို့ တိုက်ဆိုင်စစ်ဆေးခဲ့သည်။ ထိုကဲ့သို့စစ်ဆေးရာတွင် လိုင်စင်၊ID ခွင့်ပြုအရေအတွက်ထက် ပိုမိုတင်ဆောင်လာသည့် စက်သုံးဆီများကို စစ်ဆေးတွေ့ရှိခဲ့ရသည့်အတွက် ပိုမိုတင်သွင်းခဲ့သည့် သက်ဆိုင်ရာကုမ္ပဏီ များက ထပ်မံပေးဆောင်ရမည့် ကျသင့်အခွန်ငွေများအား ပြန်လည်ပေးသွင်းစေရန် ခံဝန်ချက်များရယူ၍ ဆောင်ရွက်ခဲ့ရာ Mobile Team  အဖွဲ့ တာဝန်ယူခဲ့သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာ လအထိ ကာလအတွင်း ကုမ္ပဏီ စုစုပေါင်း ၂၁၄ ခုမှ ပိုမို တင်သွင်းသည့် စက်သုံးဆီစည် အရေအတွက် ၁၀၃၅၂၈၄ ဒသမ ၇၃၆ (Bbl) နှင့် ကီလိုလီတာ ၈၀၇၁၁၆ တို့အတွက် အခွန်ငွေစုစုပေါင်း ၄၁၄၂ ဒသမ ၃၁၆ ကျပ်သန်းအား ထပ်မံရရှိခဲ့ပါသည် ။
တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ၏ ကြီးကြပ်မှုဖြင့် Mobile Team များဖြင့်တရားမဝင်ကုန်သွယ်မှုများအား တားဆီးအရေးယူဆောင်ရွက်ခဲ့သည့်အတွက် စက်သုံးဆီတင်သွင်းမှု ပမာဏ ပိုမိုတိုးတက် လာသည့်အပြင် အခွန်ရှောင်လိုသည့် ရည်ရွယ်ချက်ဖြင့် တရားမဝင် တင်သွင်းနေမှုများအားလည်း စိစစ်ဖော်ထုတ်နိုင်ခဲ့ရာ  နိုင်ငံတော်မှ ရရှိမည့်အခွန်အခများ အပြည့် အဝပြန်လည်ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။
       သို့သော် သမ္မတဦးသိန်းစိန်အစိုးရသည် ၂၀၁၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ၌ ရှုံးနိမ့်ခဲ့ရပြီးနောက် ၎င်းလက်ထက်က ဖွဲ့စည်းခဲ့သည့် တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေး ဗဟို ကော်မတီနှင့် Mobile Team အဖွဲ့များအား၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်တွင် ဖျက်သိမ်းခဲ့သည်။ ထို့နောက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ရက် အထိ)နှင့် ကာလတူ ဖြစ်သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် (၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်အထိ) ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ မှ စက်သုံးဆီတင်သွင်းမှုအပေါ်နှိုင်းယှဉ်ချက်အရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၅၁၅ ဒသမ ၈၀၃ သန်းတန် ဖိုး ရှိ ဒီဇယ်ကီလိုလီတာထောင်ပေါင်း ၉၂၂၉၂၅ တင်သွင်း ခဲ့ပြီး၊ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၄၄၆ ဒသမ ၆၀၀ သန်းတန်ဖိုးရှိ ဒီဇယ်ကီလိုလီတာထောင်ပေါင်း ၁၂၆၂၄၀၂  တင်သွင်းခဲ့သည့်အတွက် စုစုေ ပါင်း ကီလိုလီတာ ထောင် ပေါင်း ၃၃၉၄၇၇ ပိုမိုတင်သွင်းနိုင်ခဲ့သော်လည်း တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၉ ဒသမ ၁၁၅ သန်း လျော့နည်းခဲ့ကြောင်း တွေ့ရှိရပါသည်။ အလားတူ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိက န်ဒေါ်လာ ၂၈၂ ဒသမ ၅၃၆ သန်းတန်ဖိုးရှိ ဓာတ်ဆီကီလိုလီတာထောင်ပေါင်း ၄၆၇၉၀၁ တင်သွင်းခဲ့ပြီး၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၂၈၁ ဒသမ ၉၈၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ကီလိုလီတာထောင် ပေါင်း ၂၉၉၉၅၄ တင်သွင်းခဲ့သည့်အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၅၅၃ သန်းတန်ဖိုးရှိ ဓာတ်ဆီ ကီလိုလီတာထောင် ပေါင်း ၁၆၇၉၄၇ လျော့နည်း တင်သွင်းခဲ့ကြောင်း အမှန်တင်သွင်းခဲ့မှု စာရင်းအရ စိစစ်တွေ့ရှိခဲ့ ရသည်။
       ထို့ကြောင့်  Mobile Team များ ဖျက်သိမ်းပြီးနောက်ပိုင်း စက်သုံးဆီတင်သွင်းမှုမှာ သိသိသာသာ လျော့နည်းကျဆင်းလာခဲ့ သော်လည်း မြန်မာနိုင်ငံအနှံ့အပြားတွင် စက်သုံးဆီ အရောင်းဆိုင် များ အများအပြား ဖွင့်လှစ်ေ ရာင်းချလျက် ရှိကြောင်း တွေ့ရှိရနေ ပေသည်။ ထို့ပြင်  စက်သုံးဆီတင်သွင်းရာတွင် စွမ်းအင်ဝန်ကြီးဌာန၏ သတ်မှတ်ဈေးနှုန်းအရ ပျမ်းမျှရိုးရိုးဒီဇယ် တစ်စည်လျှင် ၅၈ အမေ ရိကန်ဒေါ်လာခန့်နှင့် ပရီမီယမ်ဒီဇယ်ဆီ တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၆၀ ခန့်ရှိပြီး၊ ဓာတ်ဆီဈေးနှုန်းမှာ (92Ron) တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅၇ ခန့်၊ (95Ron)  တစ်စည်လျှင် အမေရိကန် ဒေါ်လာ ၆၀ ခန့်နှင့် (97Ron) တစ်စည် လျှင် အမေရိကန်ဒေါ်လာ ၆၁ ခန့်ရှိေ ကြာင်း သိရသည်။ သို့သော် စက်သုံးဆီတင်သွင်းသူများသည် ဈေးနှုန်းနည်း၍ အခွန်သက်သာသည့် စက်သုံးဆီများကိုသာ အများ ဆုံးလိုင်စင်လျှောက်ထားပြီး တင်သွင်းရာတွင် ဈေးနှုန်းများသည့် စက်သုံးဆီများဖြင့် အမျိုးအစား ကွဲလွဲတင်သွင်းခြင်း၊ တရားဝင် လိုင်စင်ရယူခြင်း မရှိဘဲတရားမဝင်တင်သွင်းခြင်းများ ပြုလုပ်လျက် ရှိရာ ဓာတ်ဆီ (97Ron) မှာ တရားဝင် လိုင်စင် လျှောက်ထားခြင်း မရှိသော်လည်း စက်သုံးဆီအရောင်းဆိုင်များ တွင် ကြော်ငြာေ ရာင်းချ လျက်ရှိကြောင်း တွေ့ရှိနေရပေသည်။ စက်သုံးဆီ တင်သွင်းသူများအနေဖြင့် နိုင်ငံတော်သို့ ပေး ဆောင်ရမည့် အခွန်အခများကို ရှောင်လွှဲနိုင်ရန် ဒီဇယ်လိုင်စင်ရယူပြီး အမှန်တင်သွင်းရာတွင် ဓာတ်ဆီများ တင်သွင်းခြင်း၊ ဓာတ်ဆီ တင်သွင်းရာတွင်လည်း အရည်အသွေးနိမ့်သည့် ဓာတ်ဆီအား လိုင်စင်ရယူပြီး အရည်အသွေးမြင့်သည့် ဓာတ်ဆီများ ကွဲလွဲတင် သွင်းခြင်း (ဥပမာ-ဓာတ်ဆီ၊ အောက်တိန်း (92) အစား ဓာတ်ဆီ၊ အောက်တိန်း (95) တင် သွင်းခြင်း) အမှန်တကယ် တင်သွင်းသည့် အရေအတွက်ထက် လျော့နည်းဖော်ပြတင်သွင်းခြင်းနှင့် တရားမဝင် လမ်းကြောင်းများမှ တင်သွင်းမှုများကြောင့် တိုးတက်များပြားလာသည့် မော်တော်ယာဉ်စီးရေနှင့် စက်သုံးဆီ အရော င်းဆိုင်ကြီးများ ၏ အရေအတွက်အတိုင်း ပိုမိုတိုးတက်တင်သွင်းလာရမည်ဖြစ်သော်လည်း၊ ယခင်(၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ်တွင် တင်သွင်းခဲ့သည့် အရေအတွက်ထက်ပင် လျော့နည်းတင်သွင်းလျက်ရှိနေသည်ကို တွေ့ရှိနေရပေ သည်။ ထို့ကြောင့် တရားမဝင်နည်းလမ်းဖြင့် စက်သုံးဆီများ တင်သွင်းဝင်ရောက်နေပြီး နိုင်ငံတော်အနေဖြင့် ရရှိမည့် အခွန်အခများ ဆုံးရှုံးနစ်နာ လျက်ရှိသဖြင့် တာဝန်ရှိသူများ အဆင့်ဆင့်မှ စိစစ်သုံးသပ်ရန် လိုအပ်လျက်ရှိနေပါေ ကြာင်း တင်ပြလိုက်ရပါသည်။

 

ကျော်ဆန်းထွန်း

Local Trade News

Pages