ကျွဲ ၊ နွား (အရှင်)များ ပြည်ပတင်ပို့ခြင်းဆိုင်ရာ သိကောင်းစရာ

Tue, 02/06/2018 - 07:33 -- admin_ygn

     စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနသည် ဝန်ကြီးရုံး၏ ၂၀၁၇ ခုနှစ်၊ အောက်တို ဘာလ ၇ ရက်တွင်ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာ စာအမှတ် (၄၉/၂၀၁၇) အရ ကျွဲ၊ နွားအရှင်များ အား ပြည်ပသို့ တရားဝင်တင်ပို့ခွင့်ပြုခဲ့ပြီးဖြစ်ပါ တယ်။ နိုင်ငံတော်မှ အကောင်အထည်ဖော် ဆောင် ရွက်နေသည့် ဈေးကွက်စီးပွားရေးနှင့်အညီ ရောင်း လိုအားနှင့် ဝယ်လိုအားအရ ဖြစ်ပေါ်လာသော လွတ်လပ်သည့် ဈေးကွက်ကို ဖော်ဆောင်နိုင်ရန်၊ တရားမဝင်တင်ပို့မှုများအား တရားဝင်လမ်း ကြောင်းပေါ်သို့ ရောက်ရှိလာစေရန်၊ မွေးမြူသူ တောင်သူများကို ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းများပိုမို ရရှိစေရန်နှင့် တောင်သူလယ် သမားတို့၏ အကျိုးစီးပွားကို ပိုမိုကာကွယ်ဆောင် ရွက်နိုင်ရန်အတွက် ကျွဲ၊ နွားများကို ပြည်ပသို့ စည်း မျဉ်းစည်းကမ်းနှင့်အညီ တရားဝင်တင်ပို့ခွင့်ပြု လိုက်ခြင်းလည်း ဖြစ်ပါတယ်။

 လိုအပ်သောအချက်များနှင့် လျှောက်ထားရန် အဆင့်များ
          ကျွဲ၊ နွားများပြည်ပသို့တင်ပို့ရန်အတွက် ဝယ်ယူစုဆောင်းခြင်း၊  တိရစ္ဆာန်ကျန်းမာရေး စစ် ဆေးခြင်း၊ ပြည်တွင်းနယ်ကျော်သယ်ဆောင်ခြင်း များဆောင်ရွက်တဲ့အခါမှာ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနတို့၏ လုပ်ထုံးလုပ်နည်း စည်း မျဉ်းစည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်ရ မယ်လို့ သိရှိရပါတယ်။ ထိုသို့ဆောင်ရွက်တဲ့အခါမှာ ကျွဲ၊ နွားအရှင်များ ပြည်ပသို့တင်ပို့ရန်အတွက်  တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် လက်မှတ် ပေါင်းချုပ်ကို မွေးမြူေ ရးနှင့် ကုသရေးဦးစီးဌာန တွင် သတ်မှတ်ချက်နှင့်အညီ လျှောက်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် ယာယီစုဆောင်းရပ်သို့ သယ်ဆောင်ခြင်း၊ စစ်ဆေးခံခြင်း နှင့်အတည်ပြု အမှတ်အသား (Micro Chip/ Ear-Tag) ထည့် သွင်းမှု ခံယူလုပ်ဆောင်ရမှာဖြစ်ပြီး သယ်ဆောင် ရာလမ်းကြောင်းရှိ မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာနမှ သတ်မှတ်ထားသည့် ကြားစခန်းများတွင် စစ်ဆေးခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် Animal Quarantine Station (AQS) တွင် စစ်ဆေးခံခြင်းနှင့် Animal Quarantine Certifcate ရယူခြင်း အဆင့်များကို ဆောင်ရွက်ပြီး တဲ့အခါ နယ်စပ်စခန်းရှိမွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ေ ပးထားသော စာရွက်စာတမ်း အထောက် အထားများကို ပြန်လည်အပ်နှံရမှာဖြစ်ကြောင်း သိရှိရပါတယ်။

ပြည်ပသို့တင်ပို့ရာတွင် ရယူရမည့် ထောက်ခံချက်များနှင့် ခွင့်ပြု ဆောင်ရွက်မှုများ
          ကျွဲ၊ နွားအရှင်များ ပြည်ပသို့တင်ပို့ရာတွင် ရယူရမည့်ထောက် ခံချက်တွေကတော့  ကာကွယ် ဆေးထိုးပြီးကြောင်း ထောက်ခံချက် လက်မှတ် Animal  Health and Development^Prevention & Control Form-၁ (AHD/PC-1)  ၊ တိရစ္ဆာန် ကျန်း မာရေး ထောက်ခံချက်လက်မှတ် Animal Health and Development/ Prevention & Control Form-၃ (AHD/PC-3)၊ မွေးမြူရေးခြံ လုပ်ငန်း မှတ်ပုံတင်လက်မှတ် Animal Health and Development/  Prevention & Control Form-7 (AHD/PC-7) ယာယီစုဆောင်းရပ် အတည်ပြု လက်မှတ်၊ တိရစ္ဆာန်ကျန်းမာရေးထောက်ခံချက် လက်မှတ်ပေါင်းချုပ်၊ သယ်ဆောင်သည့်ယာဉ်တွင် ပါရှိသည့် အကောင်အရေအတွက်ပါ မှတ်တမ်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ကိုယ်ပိုင်နွားဖြစ်ကြောင်း ထောက် ခံချက်၊ နွားပွဲ ဈေး အရောင်းအဝယ်စာချုပ်တို့ဖြစ်ကြောင်း တွေ့ရပါတယ်။  ပြည်ပသို့ ကျွဲ၊ နွားများ တင်ပို့ရန်အတွက် တစ်ကြိမ်တင်ပို့လျှင် ကောင်ရေ ၁၀၀ တင်ပို့ခွင့်ပြု ပေးထားပြီး ယာယီစုဆောင်းရပ်မှ တိရစ္ဆာန်ရောဂါ ထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးစခန်း၊ တိရစ္ဆာန် ထိန်းသိမ်းစောင့်ကြည့်ရေးစခန်းသို့ ခွင့်ပြုကောင် ရေကို တစ်ကြိမ်တည်းသာ သယ်ဆောင်ခွင့်ပြုမှာ ဖြစ်ပါတယ်။
           မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပြည်ပ သို့သယ်ဆောင်ခွင့် အထောက်အထားများရရှိပါက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင် ပို့ကုန်လိုင်စင် လာ ရောက်လျှောက်ထားရမှာဖြစ်ပါတယ်။ ကုန်သွယ် ရေး ဦးစီးဌာနမှ ကျွဲ၊ နွားများ ပြည်ပသို့ တင်ပို့နိုင်ရန် အတွက် ပို့ကုန်လိုင်စင်များအားလျင် မြန်စွာထုတ် ပေးလျက်ရှိပါတယ်။ ကျွဲနွားအရှင်များ စတင် တင်ပို့ ခွင့်ပြု ချိန်မှစ၍ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ထိ နွား ၇၅၅၃ ကောင်နဲ့ ကျွဲ ၇၂၇ ကောင်အား မူဆယ်နယ် စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ ရန်အတွက် လိုင်စင်များခွင့်ပြုထုတ်ပေးပြီးလည်း ဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာနိုင်ငံအတွင်းတွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတက်စေရန်အလို့ငှာ ကျွဲ၊ နွားတိရစ္ဆာန် မွေးမြူသူများ၊ ကုန်သည်လုပ်ငန်းရှင်များ အကျိုးအမြတ် ရရှိစေရန်နှင့် နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများရရှိစေရန်အတွက် ကျွဲ၊ နွားအရှင်များအား ပြည်ပသို့ တင်ပို့ခွင့်ပြုနေ ကြောင်း တင်ပြလိုက်ရပါတယ်။

 

ဘုတ်ဘုတ်(ပို့ကုန်)

Local Trade News

Pages