ကမ္ဘာ့ရွှေဈေး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေး အမြင့်ဆုံးသို့ရောက်ရှိ

Tue, 08/15/2017 - 04:28 -- admin_ygn

      ယခုရက်သတ္တပတ်အတွင်း ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်း ရွှေဈေးများ စံချိန်တင် မြင့်တက်လာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် တစ်ပတ်အတွင်းက ကမ္ဘာ့ရွှေဈေးများ ငြိမ်သက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးများလည်း ငြိမ်သက်ခဲ့သည်။ သို့သော်ယခုတစ်ပတ်တွင်မူ ကမ္ဘာ့ရွှေဈေးသည် အမြင့်ဆုံးဈေးအဖြစ် တစ်အောင်စလျှင် ၁၂၈၅ အမေရိကန် ဒေါ်လာအထိ ရောက်ရှိခဲ့သည်။ "ဒီတစ်ပတ်ရွှေဈေး ကတော့ စံချိန်တင်လောက်တယ်။ သြင်္ကန်မတိုင်ခင်နဲ့ သြင်္ကန်အပြီးတုန်းက ဖြစ်ပေါ်ခဲ့တဲ့ဈေးလောက်ကို ရောက်လာတယ်။ ဒီထက်ထပ်တက်မယ်ဆိုရင်ဈေးက စံချိန်တင်အမြင့်ဆုံးဈေးကို ရောက်သွားနိုင်တယ်။ အခုဈေးက နှစ် ဆန်းတစ်ရက်နေ့မှာ ဖြစ်ခဲ့တဲ့ ကျပ် ၉၁၅၀၀၀ ကိုမှီတော့မယ့် အနေအထားပါ။ ကမ္ဘာ့ရွှေဈေးက ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ဆက်စပ်နေသလို ကမ္ဘာ့ရေနံစိမ်းဈေးနဲ့လည်း ပတ်သက်နေပါတယ်"ဟု  ရွှေကုန်သည်  ဦးစံမြင့်က ဆိုသည်။ပြည်တွင်းရွှေဈေးများသည် သြဂုတ် ၇ ရက်က အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၉၀၆၀၀၀ရှိခဲ့ရာမှ သြဂုတ် ၁၀ ရက်တွင် ကျပ် ၉၁၀၀၀၀ သို့ မြင့်တက်ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၀၀၀ သို့ ဆက်လက်ြ မင့်တက်ခဲ့သည်။ သြဂုတ် ၁၂ ရက်တွင် ၉၁၅၀၀၀ ကျပ်သို့ ထပ်မံမြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် သြဂုတ် ၇ ရက်က တစ်အောင်စလျှင် ၁၂၅၉ အမေရိကန် ဒေါ်လာရှိခဲ့ပြီး သြဂုတ် ၁၀ ရက်တွင် ၁၂၇၅ အမေရိကန်ဒေါ်လာသို့ မြင့်တက် ခဲ့သည်။ သြဂုတ် ၁၁ ရက်တွင် ၁၂၈၅ ဒေါ်လာသို့ဆက်လက်မြင့်တက်ခဲ့ပြီး သြဂုတ် ၁၂ ရက်တွင် ၁၂၉၅ ဒေါ်လာသို့ ထပ်မံမြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages