ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်သာကျဆင်း

Wed, 12/07/2016 - 09:15 -- admin_ygn

           ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အနည်းငယ်သာ ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။ "ဒီတစ်ပတ်က တကယ်ဆိုရင် ပြည်တွင်းရွှေဈေးက ကျလာရမှာ။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၁၇၈ ဒေါ်လာအထိ ကျဆင်းသွားပေမယ့် ဒီကငွေလဲနှုန်းကြောင့် ပြည်တွင်းရွှေဈေးက ကျသင့်သလောက် မကျဘူး ဖြစ်သွားတယ်။ ရွှေဈေး နည်းနည်းကျလာတဲ့အတွက် ဈေးကွက်ထဲမှာတော့  အရောင်းအဝယ်အနည်း ငယ်ပြန်ဖြစ်လာပါတယ်။ ဈေးကျတော့ အရောင်းထက် အဝယ်က ပိုများလာတာပါ"ဟု ရွှေကုန်သည်ဦးစံမြင့်က ဆို သည်။
        ပြည်တွင်းရွှေဈေးကွက်တွင် နိုဝင်ဘာ ၂၈ ရက်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၈၆၀ဝဝဝ ရှိခဲ့ရာမှ ဒီဇင်ဘာ ၁ ရက်တွင် ကျပ် ၈၅၈၀ဝ၀ သို့ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် ကျပ် ၈၅၆၅၀ဝ သို့ ဆက်လက်ကျ ဆင်းခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၈ ရက်က တစ်အောင်စလျှင် အမေရိ ကန် ဒေါ်လာ ၁၁၉၅ ဒေါ်လာရှိခဲ့ရာမှ  နိုဝင်ဘာ ၃၀ ရက်တွင် ၁၁၉၂ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၁၇၂ ဒေါ်လာသို့ ဆက် လက်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် ၁၁၇၈ ဒေါ်လာရှိခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages