တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ပို့ကုန်သွင်းကုန် ကုန်သွယ်မှုအခြေအနေ

Thu, 07/04/2024 - 04:48 -- bordertrade

          တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၂၂-၆-၂၀၂၄ မှ ၂၈-၆-၂၀၂၄) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ပြောင်း (၁၇,၀၅၉.၉၉၂) တန်၊ တန်ဖိုး (၄.၁၉၃) ဒေါ်လာသန်း၊ ကော်ဖီစေ့ (၈၆.၀၀၀) တန်၊ တန်ဖိုး (၀.၂၁၇) ဒေါ်လာသန်း၊  ကြက်သွန်နီ (၁,၀၇၉.၇၀၀) တန်၊ တန်ဖိုး (၀.၅၃၉) ဒေါ်လာသန်း၊ ကြက်သွန်ဖြူ (၂၇၆.၉၅၂) တန်၊ တန်ဖိုး (၀.၆၁၇) ဒေါ်လာသန်း၊ လက်ဖက်ခြောက် (၅၀.၄၀၀) တန်၊ တန်ဖိုး (၀.၀၂၈) ဒေါ်လာသန်း၊ ငရုတ်သီးခြောက် (၁၈၁.၇၀၀)တန်၊ တန်ဖိုး (၀.၃၀၉) ဒေါ်လာသန်း၊ ပုစွန်ဖွဲ (၁၀၀.၈၀၀)တန်၊ တန်ဖိုး (၀.၀၄၈) ဒေါ်လာသန်း၊ COPPER-6.45% (၉၂.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၂) ဒေါ်လာသန်း၊ LEAD SULPHIDE (၆၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ MANGANESE DIOXIDE (၄၃၀.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်းနှင့် စက္ကူဖြတ်စ (၂၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၆.၀၆၁) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ တစ်ပတ်အတွင်း ပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ် (၁) သိန်းလျှင် (၇၉၉.၂၆၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

            တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်(၂၂-၆-၂၀၂၄ မှ ၂၈-၆-၂၀၂၄) တွင် ဓာတ်ဆီ (၂,၉၉၀) BBL၊ တန်ဖိုး (၀.၃၀၆) ဒေါ်လာသန်း၊ ဒီဇယ်ဆီ (၇၈၆) BBL ၊ တန်ဖိုး (၀.၀၈၅) ဒေါ်လာသန်း၊ ဘိလပ်မြေ (၀.၂၀၀) ဒေါ်လာသန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်ပစ္စည်းများ (၁.၀၃၅) ဒေါ်လာသန်း၊ လယ်ထွန်စက် (၀.၀၀၄) ဒေါ်လာသန်း၊  လယ်ယာသုံးနောက်တွဲယာဉ်နှင့် အခြားယာဉ်များ (၀.၀၅၀) ဒေါ်လာသန်း၊ တယ်လီဖုန်းနှင့်ဆက်သွယ်ရေးပစ္စည်းကိရိယာများ (၀.၂၅၂) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးပစ္စည်းများ (၀.၂၄၃) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၀၄၆) ဒေါ်လာသန်း၊ စက်ဆီချောဆီ (၀.၀၃၃) ဒေါ်လာသန်း၊ ဓာတုဗေဒပစ္စည်းများ (၀.၀၀၇) ဒေါ်လာသန်း၊ သုတ်ဆေး နှင့် ပေါလစ်များ (၀.၀၀၉) ဒေါ်လာသန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ (၀.၀၈၀) ဒေါ်လာသန်း၊ တာယာနှင့် ကျွတ်များ (၀.၀၁၀) ဒေါ်လာသန်း၊ ပရိဘောဂများ (၀.၀၂၈) ဒေါ်လာသန်း၊ မီးဖိုချောင်သုံးပစ္စည်းများ (၀.၀၀၅) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၀၃၆) ဒေါ်လာသန်း အပါအဝင် သွင်းကုန် တန်ဖိုး (၂.၄၃၂) ဒေါ်လာသန်း တင်သွင်းခဲ့ပါသည်။

Border Trade News

Pages