အွန်လိုင်းအပြည့်အဝ အသုံးပြုနိုင်သည့် ပို့ကုန် သွင်းကုန် လိုင်စင်စနစ်တွင် ကုန် ပစ္စည်း အမယ်များ တိုးချဲ့ထုတ်ပေးနိုင်ရေးဆောင်ရွက်

Tue, 02/14/2017 - 07:22 -- dotadmin

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် ပို့ကုန် သွင်းကုန် လိုင်စင် ထုတ်ပေးမှုအတွက် အွန်လိုင်း အပြည့်အဝ အသုံးပြုနိုင်သည့် ပို့ကုန်/သွင်းကုန် လိုင်စင်စနစ် (Fully Online Licensing System) ဖြင့် သတ်မှတ် ကုန်ပစ္စည်း အမယ် အချို့အား ၂၀၁၆ ခုနှစ် ဇွန်လမှ စတင်ခွင့်ပြု ထုတ်ပေးခဲ့ပြီး CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များအား မြန်မာနိုင်ငံ အထည်ချုပ်အသင်းနှင့် ချိတ်ဆက်၍ (Fully Online Licensing စနစ်ဖြင့် ၂၀၁၇ ဇန်နဝါရီလ (၂၃) ရက်နေ့မှ စတင်၍ စမ်းသပ်ထုတ်ပေးလျက်ရှိပါသည်။

သွင်းကုန်လိုင်စင်လျောက်ထားမှု အပိုင်းတွင် လည်း  နိုင်ငံတကာတွင် ကျင့်သုံးနေသည့် လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျော ညီထွေရှိစေရန် လိုင်စင်လျောက်ထား ရန် မလိုအပ်သည့် ကုန်ပစ္စည်း အမယ်များအဖြစ် အဆင့် လိုက် လျော့ချဖြေလျော့ပေး ခဲ့ရာ ဖြေလျှော့ပေးခဲ့ သည့် (Negative List) HS Line များမှ ထောက်ခံချက်များ ပူးတွဲတင်ပြ ရန် မလိုအပ်သည့် ပို့ကုန်သွင်းကုန်ကုန်ပစ္စည်း HS line (၃၅၂)အား Fully Online စနစ်တွင်တိုးချဲ့ ထုတ်ပေး နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက် ရှိပြီး ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ ဘက်မှ ဖြည့်စွက်အကြံပြုချက်များ၊ ထပ်မံထည့်သွင်း လိုသည့် ကုန်ပစ္စည်း HS line များအား  အကြံပြုသွားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညှိနှိုင်းထားကြောင်း သိရပါသည်။

ကုန်ပစ္စည်း HS လိုင်း (၃၅၂) လိုင်း 

နောက်ဆုံးရသတင်းများ

Pages