ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိ

Fri, 04/19/2024 - 10:29 -- mocadmin

နေပြည်တော်၊ ဧပြီ ၁၉

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်း များကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်​သော အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (AIPT-3) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၆,၆၀၀ တန် တင်ပို့ခဲ့ပါသည်။

   အလားတူ ၁၉.၄.၂၀၂၄ ရက်နေ့တွင် ​​အေးရှား​ဝေါဆိပ်ကမ်း (AWPT-3) မှ သင်္ဘောပေါ်သို့ ရေထွက်ကုန်ပစ္စည်း၊ ဆန်၊ ပဲများ သင်္ဘောတင်​ဆောင်လျက်ရှိပါသည်။

   ထို့အပြင် ၂၀၂၄ ခုနှစ်၊   ဧပြီလ ၂၀ ရက်နေ့တွင် ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal-TMT) မှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀ဝ တန်နှင့် ဧပြီလ ၂၂ ရက်​​​နေ့တွင် မင်းထက်မင်းဆိပ်ကမ်း (MHM) မှ ​ပြောင်းဖူး​စေ့တန်ချိန် ၂၇၀၀ တန် ဆက်လက်တင်ပို့သွားမည် ဖြစ်ပါကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages