အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Mon, 09/09/2019 - 10:36 -- dotadmin

အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်ခြင်း

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်၊ သာမန်ခွင့်ပြုရန်ပုံငွေဖြင့် ဆာဗာ၊ကွန်ပျူတာနှင့်ကွန်ယက်ထိန်းသိမ်းခြင်းလုပ်ငန်းများအား သတ်မှတ်စံချိန်စံညွှန်းများအတိုင်း ဈေးနှုန်းစိစစ်ရွေးချယ် တင်ဒါခေါ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသူ ကုမ္ပဏီများအနေဖြင့် သတ်မှတ်ချက်များနှင့်အညီ အောက်ဖော်ပြပါ ဝန်ဆောင်မှုများကို တင်ဒါ ပေးသွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်-

No

DESCRIPTION OF SERVICES

QTY

1

Server (27) Nos Maintenance (Nay Pyi Taw, Yangon)

1 No

2

Networking Maintenance  (Office-Nay Pyi Taw, Office-Yangon, Co-Location, Muse, Myawaddy)

1 No

3

Desktop (85) Nos (Service  and  Maintenance At Yangon)

1 No

4

Servers (6) Nos and Desktop PC (27) Nos (At Muse)

Servers (4) Nos and Desktop PC (13) Nos (At  Myawaddy)

1 No

 

၂။       တင်ဒါတင်သွင်းမည့်သူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက် ရမည်ဖြစ်ပါသည်-

          (က)    တင်ဒါအဆိုပြုလွှာများကို ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များ ရှေ့မှောက်ရှိ တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။

          ( ခ )   တင်ဒါယှဉ်ပြိုင်သူများသည်ဝင်ရောက်ယှဉ်ပြိုင်မည့် တင်ဒါစပေါ်ငွေအား မြန်မာ့ စီးပွားရေးဘဏ်(နေပြည်တော်)တွင် (P.O Cheque) ဖြင့် ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါအောင်မြင်ခြင်းမရှိသော ကုမ္ပဏီများ၏ တင်ဒါစပေါ်ငွေအား (၇) ရက်အတွင်း ပြန်လည်ထုတ်ပေးမည် ဖြစ်ပါသည်။

          ( ဂ )   ဝန်ကြီးဌာန၊ တင်ဒါကော်မတီမှ ရွေးချယ်ခံရသူထံမှသာ သတ်မှတ်ချက်များနှင့် အညီစာချုပ်ချုပ်ဆို၍ ဝန်ဆောင်မှုရယူမည် ဖြစ်ပါသည်။

          (ဃ)    ဝန်ကြီးဌာန၊ တင်ဒါကော်မတီဝင်များရှေ့မှောက်တွင် တင်ဒါပွဲလာရောက် ယှဉ်ပြိုင် သူသည် လုပ်ငန်းရှင်ကိုယ်တိုင်(သို့မဟုတ်) ကုမ္ပဏီမှ တာဝန်ခံနိုင်သည့် အထွေထွေ

                   ကိုယ်စားလှယ်လွှဲအပ်ခြင်း တရားဝင်စာပူးတွဲတင်ပြနိုင်မည့် ကိုယ်စားလှယ်ဖြစ်ရ မည်။

          ( င )   အဆိုပြုလွှာတွင် ဖော်ပြထားသော ဈေးနှုန်းတန်ဘိုးမှာ မြန်မာကျပ်ငွေဖြစ်ရမည်။

          ( စ )   ရွေးချယ်ခံရပါက လုပ်ငန်းရွေးချယ်ခြင်းအတွက် ပြည်တွင်းအခွန်များဦးစီးဌာနသို့ ပေးသွင်းရမည့် ပင်ရင်းမှဖြတ်တောက်ခွန် (၂%) ဖြတ်တောက်ပေးချေခြင်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%) အား ပြည်တွင်းအခွန်များဦးစီးဌာနသို့  ပေးသွင်းရန်ကို သဘောတူရမည်။

          ( ဆ )  တင်ဒါတင်သွင်းလိုသူများသည် တင်ဒါပုံစံများကို တစ်စောင်လျှင် ကျပ် ၅၀ဝဝိ/- နှုန်းဖြင့် ကုန်သွယ်ရေးဦးစီးဌာန၊ သတင်းအချက်အလက်နည်းပညာဌာနခွဲတွင် ဝယ်ယူရမည်ဖြစ်ပါသည်။

၃။       တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီများအနေဖြင့် နည်းပညာပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ အောက်ပါအချက်အလက်များဖြင့် ကိုက်ညီရမည်-

          ( က )  တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီသည် ဆာဗာ/ကွန်ပျူတာနှင့်ကွန်ယက်နည်းပညာဆိုင် ရာလုပ်ငန်းများအား အဓိကထားဆောင်ရွက်နေသော ကုမ္ပဏီဖြစ်ရမည်။

          ( ခ )   တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ လက်ရှိဝန်ထမ်းအင်အား၊ တာဝန်ယူဆောင်ရွက်မည့် ဝန်ထမ်း၏ နည်းပညာဆိုင်ရာကျွမ်းကျင်မှုလက်မှတ်၊ နည်းပညာလုပ်ငန်း အတွေ့ အကြုံ၊ လက်ရှိဝန်ဆောင်မှုပေးနေသော ဌာန/လုပ်ငန်းများအား ပြည့်စုံစွာ ဖော်ပြ ထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီမှ နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့်အစီအမံတို့အား ကြိုတင် တင်ပြလျှောက်ထားရမည်။

          (ဂ)     နည်းပညာကုမ္ပဏီအား စိစစ်ရွေးချယ်ရာတွင် အဆိုပြုဈေးနှုန်း၊ ကုမ္မဏီ၏ သက်တမ်း၊ တာဝန်ထမ်းဆောင်မည့်ဝန်ထမ်းနှင့် ကုမ္ပဏီ၏နည်းပညာလုပ်ငန်း အတွေ့အကြုံ၊ နည်းပညာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အစီ အမံတို့ပေါ်တွင်မူတည်၍ တင်ဒါကော်မတီမှ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၄။       သို့ဖြစ်ပါ၍ ကုန်သွယ်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍဍာနှစ်၊ ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံ ငွေဖြင့် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ယက်ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဝန်ကြီးဌာန၊ တင်ဒါ ကော်မတီဖြင့် စိစစ်ဝယ်ယူသွားမည်ဖြစ်ပါ၍ တင်ဒါလာရောက်ယှဉ်ပြိုင်ပေးသွင်းပါရန် ဖိတ်ခေါ်အပ် ပါသည်။

          တင်ဒါပုံစံရောင်းချသည့်နေ့       -        (   ၁၀ - ၉- ၂၀၁၉ ရက်နေ့ မှ    ၂၃  - ၉- ၂၀၁၉ ရက်နေ့ထိ )

          တင်ဒါကော်မတီဖြင့်                 -        (       - ၉ -၂၀၁၉ ) ရက်နေ့

          ဈေးနှုန်းစိစစ်မည့်ရက်                         ဆက်သွယ်အကြောင်းကြားပါမည်)

          ကျင်းပမည့်နေရာ                     -         ရုံးအမှတ် (၃) ၊ အစည်းအဝေးခန်းမ ၊ စီးပွား/ကူးသန်း     

          ဆက်သွယ်ရန်ဖုန်း                   -         ဝ၆၇-၄၀၈၀၁၀

 

                                                                                                                               

 

 

အိတ်ဖွင့်တင်ဒါတင်သွင်းသူများ လိုက်နာရမည့်စည်းကမ်းချက်များ

အိတ်ဖွင့်တင်ဒါတင်သွင်းသူများသည် အောက်ပါစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရမည်ဖြစ် သည်-

၁။       အမျိုးသားမှတ်ပုံတင် (သို့) နိုင်ငံသားစိစစ်ရေးကဒ်ပြားကိုင်ဆောင်သည့် နိုင်ငံသားတိုင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရှိသည်။

၂။       အိတ်ဖွင့်တင်ဒါတင်သွင်းသူသည် တင်ဒါကော်မတီမှ သတ်မှတ်ထားသည့် (ရောင်းချပေးသည့်) ပုံစံဖြင့်သာ တင်ဒါတင်သွင်းရမည်။

၃။       အိတ်ဖွင့်တင်ဒါတင်သွင်းသူသည် မှတ်ပုံတင်မိတ္တူ (၁) စောင်၊ Pass Post အရွယ်ဓါတ်ပုံ(၁)ပုံ တို့ကို တင်ဒါ တင်သွင်းလွှာနှင့်အတူ ပူးတွဲတင်သွင်းရမည်။

၄။       တင်ဒါယှဉ်ပြိုင်မည့်ကုမ္ပဏီမှ ကုမ္ပဏီ profile၊ ဝန်ထမ်းအင်အား၊ ဆာဗာ၊ ကွန်ယက် နည်းပညာဆိုင်ရာကျွမ်းကျင်မှုလက်မှတ်၊ နည်းပညာလုပ်ငန်းအတွေ့အကြုံ၊ သက်တမ်းစသည် တို့ကို ကြိုတင်တင်ပြလျှောက်ထားရမည်ဖြစ်ပါသည်။

၅။       အိတ်ဖွင့်တင်ဒါဈေးနှုန်းတင်သွင်းရာတွင် ဈေးနှုန်းလွှာနှင့်အတူ မိမိတို့တင်သွင်းမည့် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ယက်ထိန်းသိမ်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်မည့် One Year Time Plan အသေးစိတ်ကိုပါ ထည့်သွင်းပူးတွဲ တင်သွင်းရမည်။

၆။       အိတ်ဖွင့်တင်ဒါတင်သွင်းရာတွင် တင်ဒါအောင်မြင်သူသည် ဆာဗာ၊ ကွန်ပျူတာနှင့်ကွန်ယက် ထိန်းသိမ်းခြင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါတွင် သတ်မှတ်စံချိန် စံညွှန်းများအတိုင်း ဆောင်ရွက်ရမည်။

၇။                အိတ်ဖွင့်တင်ဒါတင်သွင်းသူသည် Lot အလိုက် အာမခံစပေါ်(Deposit)ငွေအား မြန်မာ့စီးပွားရေး ဘဏ်၊ နေပြည်တော်သို့ (P.O Cheque)ဖြင့်ပေးသွင်းရမည်။  တင်ဒါမအောင်မြင်သူများ၏ တင်ဒါစပေါ် ငွေအား (၇)ရက် အတွင်း ပြန်လည်ထုတ်ပေးမည်ဖြစ်သည်။

၈။       တင်ဒါတင်သွင်းသည့်ဈေးနှုန်းသည် သတ်မှတ်သည့်နေရာအရောက် ဝန်ဆောင်မှုပေးရမည့် ဈေးနှုန်း ဖြစ်ရမည်။

၉။       တင်ဒါအောင်မြင်သူသည် With Holding Tax (၂%) ပေးဆောင်ရမည့်အပြင် လုပ်ငန်းစာချုပ် ချုပ်ဆိုရာတွင် တံဆိပ်ခေါင်းခွန် (၁%)နှင့် ကုန်သွယ်လုပ်ငန်းခွန် (၅%)ကိုလည်း တင်ဒါ အောင်မြင်သူမှ ကျခံရမည်။

၁၀။     တင်ဒါအောင်မြင်သည့် တင်ဒါရှင်များသည် တင်ဒါအောင်မြင်ကြောင်း အကြောင်းကြားပြီး ရက် (၃၀)အတွင်း ကုန်သွယ်ရေးဦးစီးဌာနနှင့်စာချုပ်ချုပ်ဆို၍ သတ်မှတ်ရက်အတွင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုခြင်းမရှိပါက တင်ဒါအား ရုပ်သိမ်းမည်ဖြစ်ပြီး ဌာနတွင် ပေးသွင်းထားသော လက်ခံစပေါ်ငွေသိမ်းဆည်းခြင်းခံရမည့်အပြင် အမည်ပျက်စာရင်း ကြော်ငြာခြင်းခံရမည်ဖြစ်ပါ သည်။

၁၁။     တင်ဒါကော်မတီ၏ ဆုံးဖြတ်ချက်ရရှိမှသာ တင်ဒါအောင်မြင်မှု /မအောင်မြင်မှုကို ကြော်ငြာ မည်ဖြစ်ပြီး၊ ဌာနတွင်ပေးသွင်းထားသော တင်ဒါအောင်မြင်သူ၏ စပေါ်ငွေများကို Performance Guarantee ပေးသွင်းပြီး မှ သာ ပြန်လည်ထုတ်ပေးမည်ဖြစ်ပါသည်။

၁၂။     ဝန်ကြီးဌာနစီမံခန့်ခွဲရေးကော်မတီ၏ ခွင့်ပြုချက်ရရှိမှသာ တင်ဒါအောင်မြင်သူအား အတည်ပြု ရွေးချယ်သတ်မှတ်သွားမည်ဖြစ်ပါသည်။

၁၃။     တင်ဒါအောင်မြင်သူများသည် လုပ်ငန်းစာချုပ် ချုပ်ဆိုပြီးသည့်နေ့မှစ၍ (၂) ပတ်အတွင်း Performance Guarantee ပေးသွင်းရမည်။

၁၄။     တင်ဒါပွဲသို့ လာရောက်ယှဉ်ပြိုင် တင်သွင်းသည့် ကုန်ပစ္စည်းဈေးနှုန်းအပေါ် ကုမ္ပဏီများမှ အဆုံးအဖြတ်ပေးနိုင်မည့်ပုဂ္ဂိုလ်သာလျှင် လာရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။ အဆိုပါ ပုဂ္ဂိုလ်မှ အကြောင်းအမျိုးမျိုးကြောင့် တင်ဒါပွဲသို့ တက်ရောက်နိုင်ခြင်းမရှိပါက ကုမ္ပဏီ/ အရောင်းဆိုင်၏ Letter Head ဖြင့် တရားဝင်ကိုယ်စားလှယ်လွှဲအပ်ထားသော ကိုယ်စားလှယ် လွှဲစာ(SP)ပူးတွဲတင်ပြရမည် ဖြစ်ပါသည်။ အဆိုပါ ကိုယ်စားလှယ် လွှဲစာ(SP) တင်ပြနိုင်ခြင်း မရှိပါက တင်ဒါပွဲသို့ တက်ရောက်ခွင့်ပြု မည်မဟုတ်ပါ။

၁၅။     အိတ်ဖွင့်တင်ဒါအောင်မြင်သူမရှိပါက  တင်ဒါပြန်လည်ခေါ်ယူမည်ဖြစ်သည်။

၁၆။     အိတ်ဖွင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိဘဲ သီးခြားလျှောက်ထားလာသည့် လျှောက်လွှာ များကို လက်ခံစဉ်းစားမည်မဟုတ်ပါ။

၁၇။     တင်ဒါတင်သွင်းသူမှအပ အခြားမည်သူတစ်ဦးတစ်ယောက်မျှ ကိုယ်စားပြု၍ တင်ဒါပုံးအတွင်း သို့ အဆိုပြုလွှာထည့်ခြင်း ၊ တင်ဒါပွဲတက်ရောက်ခြင်းကို (လုံးဝ)လုံးဝ ခွင့်မပြုပါ။

၁၈။     အိတ်ဖွင့်တင်ဒါတင်သွင်းသူများမှ တင်ဒါတင်သွင်းပုံစံအား တင်ဒါစည်းကမ်းချက်များတွင်ပါရှိ သော အချက်အလက်များ ပြည့်စုံစွာဖော်ပြခြင်းမရှိဘဲ မပြည့်စုံခဲ့ပါလျှင် တင်ဒါစိစစ်ရွေးချယ် မှုတွင် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း သိရှိနားလည်ရမည်။

၁၉။     တင်ဒါကော်မတီသည် ရရှိသောတင်ဒါတစ်ခုကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ၊ အကြောင်းတစ်စုံ တစ်ရာ ဖော်ပြခြင်းမပြုပဲ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၂၀။     အိတ်ဖွင့်တင်ဒါတင်သွင်းရာတွင် ဌာနမှသတ်မှတ်ထားသောပုံစံဖြင့် ရေးသွင်းရမည်ဖြစ်ပြီး အိတ်ဖွင့် တင်ဒါပုံစံတစ်စောင်လျှင် ငွေကျပ် ၅၀ဝဝ/-(ကျပ်ငါးထောင်တိတိ) ဖြစ်ပါသည်။

၂၁။     အိတ်ဖွင့်တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ပုဂ္ဂိုလ်အဖွဲ့အစည်းများသည် တင်ဒါကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို သိရှိနားလည်ပြီးဖြစ်သည်ဟု ယူဆမည်ဖြစ်သည်။

၂၂။     တင်ဒါကော်မတီမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိလျှင်သော် လည်းကောင်း၊ ဌာနအား မထီမဲ့မြင်ပြုလုပ်ပါကလည်းကောင်း၊ အိတ်ဖွင့်တင်ဒါတင်သွင်း ခြင်းမှ ပယ်ဖျက်ပြီး အာမခံစပေါ်ငွေကို သိမ်းဆည်းခြင်းခံရမည်ဖြစ်ပါသည်။

 

 

                   တင်ဒါကော်မတီ                   

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန

 

Server, ကွန်ပျူတာနှင့်ကွန်ယက်ထိန်းသိမ်းခြင်းလုပ်ငန်းများအတွက် ဆောင်ရွက်ရမည့်အချက်များ

၁။       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနတွင် အသုံးပြုဆောင်ရွက် နေသော Client Server, Network Infrastructure ကဲ့သို့လုပ်ငန်းများအား  လုပ်ကိုင်ဖူးသည့် လုပ်ငန်းအတွေ့အကြုံ (၅)နှစ်နှင့်အထက်ရှိရမည်။

၂။       တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ ကုန်သွယ်ရေးဉီးစီးဌာနတွင် တာဝန်ထမ်းဆောင်မည့် System Engineer များသည်  Microsoft Windows Server အထူးသဖြင့် Active Directory, Domain Name System ကို အခြေခံသော Infrastructure များအား လုပ်ကိုင်ဖူးသည့်အတွေ့အကြုံ (၅)နှစ်နှင့် အထက် ရှိရမည်။

၃။       Site to Site VPN, Remote Access VPN, Firewall Policy နှင့် Cisco Switching တို့နှင့်ပတ်သက်သည့် Project Experience ကောင်းမွန်စွာရှိရမည်။

၄။       Enterprise Switching Infra အတွက် Nexus 9K Data Center Switch, Cisco Catalyst/Small Business Series Switch များနှင့်ပတ်သက်၍ Project Experience ကောင်မွန်စွာရှိရမည်။

၅။       အရေးကြီး Data များပျက်စီးဆုံးရုံးခြင်းမှကာကွယ်ရန်အတွက် NAS Server များကိုအသုံးပြု၍ Backup Plan ကောင်းမွန်စွာ ရေးဆွဲကိုင်တွယ်နိုင်ရမည်။

၆။       ဝန်ကြီးဌာန၏ လုပ်ငန်းလိုအပ်ချက်အရ Public/Private Cloud Infrastructure များတည်ဆောက်ရန် လိုအပ်ပါက သင့်တော်သည့် Virtualization Solution များ, Web Server Security, Firewall Security များနှင့် DC Facility တို့အတွက် လိုအပ်သည့်အကြံဉာဏ်များ ပံ့ပိုးပေးနိုင်ရမည်။

နောက်ဆုံးရသတင်းများ

Pages