ပြည်တွင်း ဆန်စပါးဈေးကွက်တည်ငြိမ်စေရေး အစည်းအဝေးကျင်းပ

Sat, 03/14/2020 - 05:51 -- ictuser

ရန်ကုန်၊ မတ် ၁၄

              ကမ္ဘာတဝှမ်းတွင် COVID-19 ကူးစက်ရောဂါဖြစ်ပွားလျက်ရှိပြီး ယင်းအခြေအနေများ ကြောင့် ပြည်တွင်း၌ ဆန်စပါးဈေးကွက်တည်ငြိမ်စေရေးအတွက်

တိုင်းဒေသကြီး/ပြည်နယ်အလိုက်  ဆန်စပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ၊ဆန်စပါးလက်ကျန် အခြေအနေ၊ ပြည်ပသို့တင်ပို့မှု အခြေ အနေများနှင့် စပ်လျဉ်း၍

အစည်းအဝေးကို ယနေ့ နေ့လယ်ပိုင်း၌ ရန်ကုန်မြို့ ကုန်သည်လမ်းပေါ်ရှိ Myanmar Trade Centre ၌ ကျင်းပပြုလုပ်သည်။

              အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးအောင်စိုး၊ စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်

ဒေါက်တာရဲတင့်ထွန်း၊ စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးမြင့်လွင်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊မြန်မာနိုင်ငံ

ဆန်စပါးကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးတိုးအောင်မြင့်နှင့်

ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

              အစည်းအဝေးတွင်ပြည်တွင်းဆန်လက်ကျန် အခြေအနေ၊ နွေစပါးစိုက်ပျိုးထွက်ရှိမှု အခြေအနေ၊ ဈေးကွက် ဝယ်လိုအားကို အလျဉ်မီအောင် ဖြည့်တင်း

ပေးနိုင်ရေး၊ဈေးကစားမှုများ မရှိစေရေး၊ တိုင်းဒေသကြီး/ပြည်နယ်အလိုက်ကုန်စည်စီးဆင်းမှု လျင်မြန်သွက်လက်စေရေး၊ ဒေသ တစ်ခုတွင် ဆန်လိုအပ်ပါက

အရေးပေါ်ပို့ဆောင်နိုင်ရေးအစီအမံများရေးဆွဲ ဆောင်ရွက်ရေး စသည် များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ဆန်ပြည်ပတင်ပို့မှုအား ဈေးကွက်အခြေအနေအပေါ်မူတည်

၍ နိုင်ငံတော်က ထိန်းညှိဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆန်စပါးအသင်းအဖွဲ့များအနေဖြင့် လိုအပ် ပါက ရပ်ကွက်များ၊ စက်မှုဇုန်များ၊ စက်ရုံများသို့ လက်ကား

ဈေးဖြင့် တိုက်ရိုက် ရောင်းချပေးနိုင် ကြောင်း၊ ပြည်တွင်းဈေးကွက်တွင်ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု များရှိပါက နိုင်ငံတော် အနေဖြင့် ထိရောက်စွာ

အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိအခြေအနေအရပြည်တွင်းရှိ ဆန်လက်ကျန်ပမာဏမှာ ပြည်သူများလုံလောက်စွာ စားသုံးနိုင်သည့်အပြင်

ပိုလျှံလျက်ရှိကြောင်း သတင်းရရှိသည်။

                                                                                                                                                                                                                                                                                                           DOCA (ရန်ကုန်)

နောက်ဆုံးရသတင်းများ

Pages