ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ဥက္ကဋ္ဌ (၁) နှင့် (၂) ဦးဆောင်၍ ကျင်းပခဲ့

Fri, 02/23/2024 - 08:27 -- dotadmin

ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ (Digital Economy Development Committee-DEDC)၊ ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ၏  ပထမအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/ ၂၀၂၄) ကို  ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊ နေ့လယ် (၁၃:၃၀) နာရီ အချိန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၃၊ ညီလာခံခန်းမ၌  ဥက္ကဋ္ဌ ၁ ဖြစ်သူ ဒုတိယဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ဥက္ကဋ္ဌ ၂ ဖြစ်သူ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ 

အစည်းအဝေးသို့ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ ပေါင်းစပ်ညှိနှိုင်းမှု လုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီအောက်ရှိ လုပ်ငန်းကော်မတီများ၏ အတွင်းရေးမှူးများ၊ DEDC Joint Task Force မှ တာဝန်ရှိသူများ၊ DEDC အတွင်းရေးမှူး ၁ ရုံးအဖွဲ့မှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ ပါဝင် တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ဒီဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ၊ လုပ်ငန်းကော်မတီ အသီးသီးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များကို ပေါင်းစပ်ညှိနှိုင်းမှုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ၁ နှင့် ဥက္ကဋ္ဌ ၂ တို့ထံ တင်ပြခဲ့ကြပါသည်။ အထူး သဖြင့် DEDC Joint Task Force က ပြန်လည်သုံးသပ်ပြင်ဆင်ရေးဆွဲထားသည့် မြန်မာ ဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံအသစ် (ပထမမူကြမ်း)ကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

Pages