ကုန်သွယ်မှုဆိုင်ရာငွေကြေးပေးသွင်းမှုများအတွက် MPU စနစ်အသုံးပြုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး

Wed, 04/05/2017 - 07:56 -- dotadmin

၂၀၁၇ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့ ၁၃:၀၀ နာရီအချိန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) နေပြည်တော်တွင် ကုန်သွယ်မှု ဆိုင်ရာငွေကြေးပေးသွင်းမှုများ အတွက်  MPU စနစ်အသုံးပြုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ ညှိနှိုင်းအစည်းအဝေး သို့ ကုန်သွယ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချူပ်  ဦးရန်နိုင်ထွန်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနအောက်ရှိ ဆက်စပ်ဌာနများမှ တာဝန်ရှိသူများ  ဘဏ်လုပ်ငန်းအဖွဲ့အစည်းများ  တက်ရောက်ခဲ့ ပါသည်။ အဆိုပါ MPU စနစ်ဖြင့်ပေးသွင်းမှု အား ၂၀၁၇ မေလဆန်းတွင် စတင်အသုံးပြုနိုင်ရန် ပြင်ဆင်ဆောင်ရွက် လျက်ရှိပြီး နေပြည်တော်ရုံးချုပ်  ရန်ကုန်ပို့သွင်းရုံး မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်  မြဝတီကုန်သွယ်ရေးဇုန် တို့တွင် စတင် အသုံးပြု နိုင်မည်ဖြစ်ပါသည်။ လက်ရှိတွင် MPU စနစ်တွင် ပါဝင်သည့် ဘဏ်(၂၃) ခု၏ မည်သည့် ATM card များမှမဆို  (POS)စနစ် မှသော်လည်းကောင်း Myanmar Tradenet Wesite မှ eCommerce စနစ်ဖြင့်လည်းကောင်းပေးသွင်းနိုင်တော့မည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

Pages