မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြား

Thu, 02/29/2024 - 09:26 -- mocadmin

   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်‌နေ့၊ (၁၃း၃၀)နာရီအချိန်တွင် ရုံးအမှတ် (၅၂)၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ နိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website မိတ်ဆက်ပွဲအခမ်းအနားသို့  မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဥက္ကဋ္ဌ၊ စီးပွား‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   Website မိတ်ဆက်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက အဖွင့်အမှာစကားပြောကြားရာတွင် စီးပွားရေးလုပ်ငန်းများအကြား မျှတသည့်ယှဉ်ပြိုင်မှုဖြစ်စေရေး၊ ဈေးကွက်ထိန်းချုပ်ခြင်းများမရှိစေရေး၊ အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်နိုင်ရေး၊ ဈေးကွက်အတွင်း ကောင်းမွန်သည့် ယှဉ်ပြိုင်မှုများကို အားပေးပြီး စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူအားလုံး တစ်ပြေးညီ တိုးတက်လာစေရေးနှင့် သာတူညီမျှ ခံစားခွင့်ရရှိစေရေးတို့အတွက် ယှဉ်ပြိုင်မှုဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယှဉ်ပြိုင်မှုဥပဒေ ပြဋ္ဌာန်းထားပြီး ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများအပေါ် ကဏ္ဍအလိုက် ဦးစားပေးအစီအစဉ်များဖြင့် အသိပညာပေးဆွေးနွေးမှုအစီအစဉ်များလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသိပညာပေးအစီအစဉ်များတွင် Website များမှတစ်ဆင့် အသိပညာပေးခြင်းလည်းပါဝင်သည့်အတွက် ယှဉ်ပြိုင်မှုဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ လွှင့်တင်ရယူနိုင်ရေး၊ ယှဉ်ပြိုင်မှုဆိုင်ရာ တိုင်ကြားမှုများကို လက်ခံရယူနိုင်သည့် ပလက်ဖောင်းတစ်ခုအဖြစ် ဖန်တီးနိုင်ရေး၊ အာဆီယံဒေသတွင်းနှင့် မိတ်ဖက်နိုင်ငံ၊ အဖွဲ့အစည်းများ၏ ယှဉ်ပြိုင်မှုဆိုင်ရာ  Website များနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် Website ကို ရေးဆွဲအကောင်အထည်ဖော်ရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

   အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ကော်မရှင်အဖွဲ့ဝင်များ၊ အစိုးရဌာန/ အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages