စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ စားသုံးသူရေးရာဦးစီးဌာန၏ အင်္ဂါနေ့ဆွေးနွေးပွဲသို့ တက်ရောက်အမှာစကားပြောကြား

Tue, 11/07/2023 - 03:44 -- mocadmin

နေပြည်တော်၊ နိုဝင်ဘာ ၇     

   ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့၊ (၁၃:၃၀) နာရီအချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညီလာခံ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အင်္ဂါနေ့ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ဆွေးနွေးပွဲ၌ စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နွယ်ဇင်ဝင်း က မြန်မာ့ကော်ဖီထုတ်လုပ်မှုနှင့် ကုန်သွယ်မှုအခြေအနေခေါင်းစဉ်ဖြင့် ကော်ဖီသီးနှံ၏ အရေးပါမှု၊ ကော်ဖီသီးနှံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကော်မတီနှင့်လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက် နေမှု၊ ကမ္ဘာ့ကော်ဖီထုတ်လုပ်မှုနှင့် တင်ပို့မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ကော်ဖီစိုက်ပျိုးထုတ်လုပ် နိုင်မှု၊ တင်ပို့မှု၊ ပြည်တွင်းပြည်ပ ကော်ဖီဈေးကွက်နှင့် ဈေးနှုန်းအခြေအနေ၊ မြန်မာ့ကော်ဖီကဏ္ဍ၏ အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းများ၊ စိန်ခေါ်မှုများနှင့်  ကော်ဖီပို့ကုန်ဖွံ့ဖြိုးတိုးတက် ရေးနှင့်စပ်လျဉ်း၍ အကြံပြုတင်ပြချက်များဖြင့် ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေး ရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမျိုးမျိုးထိုက်က ကမ္ဘာ့ကော်ဖီဈေးကွက်နှင့် အာဆီယံဒေသ ကော်ဖီဈေးကွက် အခြေအနေများကို ဖြည့်စွက်ရှင်းလင်း ဆွေးနွေးပါသည်။

    ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားရာတွင် ဝန်ထမ်းများ အသိပညာ ဗဟုသုတ တိုးပွားစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ဆွေးနွေးပွဲများအား အပတ်စဉ်ကျင်းပသွား‌ရန်၊ ဆွေးနွေးပွဲများသို့ ရုံးချုပ်မှဝန်ထမ်းများသာမက တိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ထမ်းများပါ Online ဖြင့် ပါဝင်တက်ရောက်နိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ပြည်တွင်း/ ပြည်ပတွင် မြန်မာ့ကော်ဖီများ ဈေးကွက်ရရှိရေး ကြိုးပမ်းဆောင်ရွက်သွားရန်၊ ပို့ကုန် တိုးမြှင့်နိုင်ရေးအတွက် ပို့ကုန်လိုင်စင်များအား လျင်မြန်စွာထုတ်ပေးသွားရန်နှင့် ကုန်အမှတ် တံဆိပ်မှတ်ပုံတင် လျှောက်ထားမှုများအတွက်လည်း ဝန်ကြီးဌာနမှ ချမှတ်ထားသော ဥပဒေ၊ မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွက်လက်မြန်ဆန်စွာ ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာ ကြားခဲ့သည်။

   အဆိုပါ အင်္ဂါနေ့ဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများမှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၁၉၅) ဦး တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို (၁၄:၅၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

   ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော်၊ ရုံးအမှတ် (၅၂)၊ စားသုံးသူရေးရာ ဦးစီးဌာန၌ ဖွင့်လှစ်ထားရှိသည့် Consumer Call Center ၌ စားသုံးသူတိုင်ကြားမှုများအား တယ်လီဖုန်းအမှတ် 1535 ဖြင့် လက်ခံဆောင်ရွက်နေမှုကို စစ်ဆေးကြည့်ရှုပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages