အေးအေးဆေးဆေး ပုံမှန်အဝယ်ရှိတဲ့ အောင်ပန်းနနွင်း

Thu, 12/11/2014 - 14:45 -- admin_ygn

   ရှမ်းနနွင်းကိုတော့   မူဆယ်ဝယ်လက်တွေအဝယ်ရှိနေပါတယ်။ တစ်ခါတည်းအများကြီးဝယ်တာမျိုးမဟုတ်ဘဲ ခပ်အေးအေးသာအဝယ်ရှိနေတာပါ။ ဝယ်လက်တွေကလည်း သူ့ အကြိုက်၊ ကိုယ့်အကြိုက်သာဝယ်ယူနေလို့ တစ်ခါဝယ်ပြီး ပုံထားလိုက်၊ ကားတစ်စီးစာရှိမှ တင်လိုက်နဲ့  အေးအေးဆေးဆေးသာ ဝယ်ယူနေပါတယ်။  အဲဒီလို နည်းနည်း ချင်းစီဝယ်ယူနေတာကြောင့် အရောင်း အဝယ်ကလည်း ပုံမှန်ဖြစ်နေတယ်လို့ အောင်ပန်းနနွင်းပွဲရုံတွေကသိရပါ တယ်။
   လောလောဆယ်မှာလည်းဝင်တာနဲ့ ရောင်းတာ မျှနေတယ်လို့ဆိုပါတယ်။ မူဆယ်ဝယ်လက်တွေအဝယ်ရှိနေသလို မုံရွာနဲ့ ပြည်ပဝယ်လက်တွေကလည်း ချင်းစိုတွေဝယ်ရင်းနဲ့ အတူ ဝယ်ယူနေပါတယ်။ မူဆယ်ဝယ်လက်တွေက အောင်ပန်းဈေးကွက်မှာရှိတဲ့ ဟိုပုံးနနွင်းကို ၁၁၅၀ ကျပ်-၁၂၀၀ ကျပ်ဈေးနဲ့ ပေးပြီးဝယ်နေတယ်လို့သိရပါတယ်။ ဟိုပုံးဈေး ကွက်မှာတော့ အရောင်းအဝယ်မဖြစ်ဘူးလို့သိရပါတယ်။ နနွင်းကဝယ်လက်ရှိလာတာကြောင့် ဈေးကလည်းနည်းနည်းတက်လာပါတယ်။ အောင်ပန်းစတွေက ၉၀၀ ကျပ်-၁၀၀၀ ကျပ်၊ ဟိုပုံးစက ၁၁၅၀ ကျပ်-၁၂၀၀ ကျပ်နဲ့ဆင်တောင်နနွင်းက ၁၆၀၀ ကျပ် ဈေးရှိပါတယ်။ တစ်ပတ်အတွင်း ပိဿ     ာချိန်ပေါင်း သုံးသောင်းအရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။

ဧဧခိုင်-တောင်ကြီး

Local Trade News

Pages