ကန့်ဘလူမြို့နယ်၏ ပဲတီစိမ်းဈေးကွက်အခြေအနေ

Thu, 06/27/2024 - 04:09 -- mocadmin

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား လုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သော ထန်းကုန်း ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားကျေးရွာများတွင် ပဲတီစိမ်းကို စိုက်ပျိုးကြ ကြောင်း၊ ယခုအခါ ပဲတီစိမ်းများ ဈေးကွက်အတွင်းဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး အလုံး လှ၍ အကွဲအနာကင်းလျှင် ဈေးပိုမိုရရှိကြောင်း၊ ဈေးကွက်အနေဖြင့် ကန့်ဘလူခရိုင်မှ ထွက်ရှိသော ပဲတီစိမ်းသီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။ ယခုနှစ် တွင် ပဲတီစိမ်းများ ဈေးကောင်းရရှိလျက်ရှိသောကြောင့် ပဲတီစိမ်းစိုက်ပျိုးတောင်သူများ အနေဖြင့် ထိုက်သင့်သည့် အကျိုးအမြတ်များရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

Local Trade News

Pages