About MOC

Mon, 10/26/2015 - 08:28 -- ictuser

နောက်ခံသမိုင်းအကျဉ်း

၁။       ဒုတိယကမ္ဘာစစ်ကြီးအပြီး မြန်မာနိုင်ငံတွင် ပြည်သူ့ရိက္ခာထောက်ပံ့ရေးစီမံကိန်းအရ ကူးသန်း ရောင်းဝယ်ရေးနှင့်ထောက်ပံ့ရေးဌာနကို ၁၉၄၅ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိသည့်အခါ     ကူးသန်းရောင်းဝယ်ရေး၊ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနအဖြစ်ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၁ ခုနှစ်မှ ၁၉၅၄ ခုနှစ်အထိ ကူးသန်းရောင်းဝယ်ရေး အမည်ဖြင့်လည်းကောင်း၊ ၁၉၅၄ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ကုန်သွယ်ရေးတိုးတက်ရေးဝန်ကြီးဌာန အဖြစ်လည်းကောင်း ဖွဲ့စည်း၍ ကုန်သွယ်မှုလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။      

၂။       ၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီလက်ထက်၌ သမဝါယမနှင့်ကုန်စည်ဖြန့်ဖြူးရေးဝန်ကြီး ဌာနနှင့် ပစ္စည်းထောက်ပံ့ရေးဝန်ကြီးဌာနတို့အား ပူးပေါင်း၍ ၁၉၆၂ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမ ဝန်ကြီးဌာနအဖြစ်ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ထောက်ပံ့ရေးနှင့် သမဝါယမဝန်ကြီးဌာနမှ ထောက်ပံ့ရေးအပိုင်းကို ခွဲထုတ်၍ ကုန်သွယ်မှု တိုးတက်ရေးဝန်ကြီးဌာနသို့ ထည့်သွင်းပြီး ကုန်သွယ်ရေး ဝန်ကြီးဌာနအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပါသည်။

၃။       တော်လှန်ရေးကောင်စီလက်ထက်တွင် ဆိုရှယ်လစ်စီးပွားရေးစနစ်ကျင့်သုံးခဲ့ရာ ၁၉၆၄ ခုနှစ် တွင် တစ်နိုင်ငံလုံးရှိ ပုဂ္ဂလိကပိုင်လုပ်ငန်းများကို ပြည်သူပိုင်ပြုလုပ်ခဲ့သည်။ ၁၉၆၅ ခုနှစ်တွင် ကုန်သွယ်ရေးကောင်စီကို ဖွဲ့စည်း၍ ကုန်သွယ်ရေးကောင်စီ မှအပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး အစိုးရအဖွဲ့၏ အတည်ပြုချက်အရအောက်ဖော်ပြပါ ကုန်သွယ်ရေးအဖွဲ့အစည်းများ ကိုဖွဲ့စည်း၍ ပြည်တွင်းပြည်ပကုန်သွယ်ရေးများကို ဆောင်ရွက်ခဲ့ပါသည်-

(က)  ဗဟိုကုန်သွယ်ရေး။

(ခ)   ကုန်သွယ်ရေးကော်ပိုရေးရှင်း                           ၂၂     ခု။

(ဂ)   ပြည်နယ်/တိုင်း ကုန်သွယ်ရေး                          ၁၄     ခု။

(ဃ)  မြို့နယ်/မြို့မ/ဒေသစိတ်ကုန်သွယ်ရေး              ၂၈၃     ခု။

(င)   ပြည်သူပိုင်ဆိုင်                                        ၁၉၈၂  ဆိုင်။

၄။       ၁၉၆၇ ခုနှစ်တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ စီးပွားရေးမူဝါဒများအရ ကုန်သွယ်ရေး ကော်ပိုရေးရှင်းများကို ပြန်ကျုံ့ကာ အောက်ပါအတိုင်း စီးပွားရေးဆန်ဆန် ပြန်လည်ဖွဲ့စည်းဆောင် ရွက်ခဲ့ပါသည် -

(က)    ကုန်သွယ်ရေးဦးစီးဌာ

(ခ)   ကုန်သွယ်ရေးကော်ပိုရေးရှင်း ၁၁ ခုနှင့် ယင်းတို့၏ လုပ်ငန်းစု၊ လုပ်ငန်းခွဲများ၊ ဆိုင်များနှင့် စက်ရုံအလုပ်ရုံများ။

(ဂ)     ပြည်နယ်/တိုင်း ကုန်သွယ်ရေး ၁၄ ခု။         

၅။  ယခင်ကုန်သွယ်ရေးဝန်ကြီးဌာနအမည်ဖြင့် ဖွဲ့စည်းခဲ့သော ကုန်သွယ်ရေးဦးစီးဌာနနှင့် ကော်ပိုရေးရှင်း ၁၁ ခုအား ဝန်ကြီးရုံး၊ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရောင်းဝယ်ရေး ၆ ခုနှင့် လုပ်ငန်း ၄ ခုတို့ဖြင့် ပြန်လည် ဖွဲ့စည်းခဲ့ပါသည်။ တဖန် ၁၉၉၆ ခုနှစ်သြဂုတ်လ ၇ ရက်နေ့မှစ၍ ကုန်သွယ်ရေးဝန်ကြီးဌာနအမည်မှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟူ၍ ယနေ့အထိ အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါသည်။ ယင်းနောက် ၁၉၉၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှစ၍ ဝန်ကြီးရုံး၊ ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၊နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့် မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ကုန်ရောင်းဝယ်ရေးနှင့်လုပ်ငန်း ၈ ခုအား ဖျက်သိမ်းခဲ့ပါသည်။ ထို့ပြင် ၂၀၀၃ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ကျင့်သုံးခဲ့သော ဆန်စပါး မူဝါဒအသစ်အရမြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို နိုင်ငံတော် လိုအပ်ချက်နှင့်အညီ ပြုပြင်ဖွဲ့စည်းကာ နိုင်ငံတော်၏စီးပွားရေးကဏ္ဍတွင်ချမှတ်ပေးထားသည့် မူဝါဒများနှင့်အညီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ခဲ့ပါသည်။

၆။       ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ် ၄ ရပ်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးပြုပြင်ပြောင်းလဲမှု များနှင့်အညီပြုပြင်ပြောင်းလဲ ဆောင်ရွက်ရန်လိုအပ်သည့် ဝန်ကြီးဌာန၏လုပ်ငန်းတာဝန်များကို ပြုပြင်ပြောင်းလဲ၍လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ပိုမိုအောင်မြင်အောင် စီမံဆောင်ရွက် လျက်ရှိရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရှိ လုပ်ငန်းဌာနကြီးများကို ၁-၁-၂၀၁၃ မှ စတင်၍လုပ်ငန်းစွမ်း ဆောင်ရည် ပိုမိုမြင့်မားစေရန်အတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၃ ရက်စွဲပါ အမိန့်အမှတ် (၂၄/၂၀၁၃) အရ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနကို ကူးသန်းရောင်းဝယ်ရေးနှင့်စားသူရေးရာဦးစီးဌာနအဖြစ်လည်းကောင်း၊ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးကို ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန အဖြစ်လည်း ကောင်း ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။

၇။       နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲမှုများနှင့်လိုက်လျောညီထွေဖြစ်စေရန် ဝန်ကြီးဌာနများကို ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်။ ၂၀၁၅ ခုနှစ်ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၂/၂၀၁၅)၏ သဘောတူညီချက်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကို အောက်ပါအတိုင်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်-

  • Minister's Office
  • Department of Trade
  • Department of Consumer Affairs
  • Department of Intellectual Property
  • Myanmar Trade Promotion Organization

NATIONAL   ECONOMIC  POLICY

  1. To enhance development rooted in agriculture and livestock-inclusive of all ethnic people to ensure national prosperity and food security of the nation utilizing contemporary production methodologies and to promote all-round growth in other sectors of the economy.
  2. To invigorate Micro-, Small- and Medium-Sized Enterprises (MSMEs) for the fortification of the export sector, leveraging the momentum of the thriving economic landscape.
  3. To spur the cultivation of oil crops to meet targeted production levels, thereby achieving self-sufficiency in local oil supply and striving towards both local adequacy and overseas export of surplus oil crops.

VISSION AND MISSION OF MINISTRY OF COMMERCE

Vission

“Inclusive trade for national development"

Mission

  • To formulate and adopt effective trade policies for the advancement of national economy.
  • To help develop the private sector in accordance with market economic system.
  • To increase market share internationally and to have more market access for  potential products and services through strengthening bilateral, regional and international cooperation.
  • To strive comprehensively for the assurance of fair, right and facilitated trade.
  • To protect consumer’s rights and ensure safety of goods and services.
  • To develop a modernized Intellectual Property System for sustaining business eco-system.
  • To get benefits to the trading community through Digital Trade.

FIVE TRADE POLICY OBJECTIVES OF MINISTRY OF COMMERCE

  • To formulate and implement the trade policies systematically in accordance with market economic system.
  • To implement export promotion and enhance trade by means of advanced ICT.
  • To expand trade through regional and international cooperation.
  • To improve trade environment.
  • To produce/maintain enough amount of essential and important goods for domestic consumption and manufacturing industries and stability of prices.